Main menu

Background

ပဲစင်းငုံ ပြည်ပတင်ပို့မှု ကျဆင်းလာနေ

Fri, 03/23/2012 - 09:13 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ဆက်လက်ကျဆင်းနေရာ ယခု တစ်ပတ် (မတ်လ ၅-၉ ၇က်) အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ပဲစင်းငုံတင်ပို့မှုမှာ ၃ ပတ်ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်အထိ ပဲစင်းငုံတင်ပို့မှု စုစုပေါင်း တန်ချိန် ၂၉၇၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇၇သန်းကျော်ရရှိထားကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရသိရပါတယ်။ ယခင်နှစ်ကာလတူအတွင်းမှာ တန်ချိန် ၁၃၃၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၁၁ သန်းကျော်ရရှိလို့ ယခုနှစ် ကာလတူတင်ပို့မှု မှာ တန်ချိန် ၁၆၀၀၀၀ ကျော်ထိ တစ်ဆကျော် ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ လက်ရှိတင်ပို့မှုအနေအထားအရ ယခုနှစ်အတွင်း တန်ချိန် သုံးသိန်းအထက် တင်ပို့နိုင်မှာဖြစ်ပါတယ်။MIRT - MAPT