Main menu

Background

ရန်ကုန်ဝယ်လက်အေးလို့ မုံရွာငုံနီဈေးကျနေ

Fri, 03/23/2012 - 09:16 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် မတ်လ လဝက် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အဝင်အေးလို့ ဈေးကျကာ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အများစုက ပေါက်ဈေးချင်း တူရင် သယ်ယူစရိတ် သက်သာမဲ့ ပခုက္ကူနဲ့ မန္တလေးကုန်သည်တွေဆီကသာ ဝယ်ယူနေကြလို့ မုံရွာ ဈေးကွက်မှာ အခုလို အဝယ်အေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ မုံရွာ ကုန်စည် ဒိုင် မတ်လ လဝက်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံနီပေါက်ဈေးအနေနဲ့ လဆန်း ပိုင်း ကအသစ်တစ်တင်း ၁၄၆၀၀ ကျပ်ရှိရာမှ ၁၃၆၀၀ ကျပ်ထိ အနိမ့်ဆုံး ကျဆင်း သွားပြီး၊ ယနေ့ ၁၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အဟောင်းဈေး အနေနဲ့ လဆန်းပိုင်းက တစ်တင်း ၁၃၃၀၀ ကျပ်ရှိရာမှ ၁၂၃၀၀ ကျပ်ထိ အနိမ့်ဆုံး ကျဆင်းသွားခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ် အားဖြင့် ယခုရက်ပတ်အတွင်း ပဲစင်းငုံနီအသစ်တစ်ရက် ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားနဲ့ အဟောင်းအိတ်  ၂၀၀ မှ ၃၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ ကုန်သည်နဲ့ ပွဲရုံရပ်ကွက်က သိရပါတယ်။ထွန်းလှိုင်