Main menu

Background

Monday, 18 May 2026

ကယားပြည်နယ်သည် ဆီထွက်သီးနှံဖြစ်သော နေကြာစိုက်ပျိုးရန် ရာသီဥတုနှင့်ကိုက်ညီသော မြေဆီလွှာအခြေအနေကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည်။ နေကြာသည် စိုက်ပျိုးရလွယ်ကူပြီး အထူးသဖြင့် စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဒေသခံတောင်သူများက အလေးထားစိုက်ပျိုးကြသည်။ စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်ခုလည်းဖြစ်ပြီး  ဆီထွက်သီးနှံ အခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါရုံသာမက စားသုံးသူများနှင့် ပြည်ပသို့ တင်ပို့ကုန်အဖြစ် အဓိကကျသော သီးနှံတစ်ခုလည်းဖြစ်သည်။ 

Wednesday, 10 May 2023

စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီ ညွတ်ပြီး   ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာ သော နှုန်းထားများဖြင့် စားအုန်းဆီများ  ဝယ်ယူ ရရှိစေရေး ရည်ရွယ်လျက် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော် မတီအား    ၁၆.၁၂.၂၀၂၁ ရက်တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

Tuesday, 25 Apr 2023

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆီစားသုံးမှုအများဆုံးဖြစ်ပြီး ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ကာ စားသုံးဆီ  ဒုတိယအများဆုံး တင်သွင်းသူလည်းဖြစ်သည်။ ပဲပုပ်ဆီ၊ ပန်းမုန်ညင်းဆီ၊ ဆီအုန်းနှင့် မြေပဲဆီများသည် အသုံးအများဆုံး စားသုံးဆီများဖြစ်ပြီး အနောက်တိုင်းဆီနှင့် အဆီဟုခေါ်သော  သံလွင်ဆီ၊ မာဂျရင်းနှင့် ထောပတ်တို့မှာ တရုတ်လူမျိုးများအကြား လူကြိုက်များလာလျက် ရှိသည်။

Tuesday, 28 Mar 2023

မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ နေ့စဉ်စားသောက်ရာတွင် ဆန်သည် အဓိကဖြစ်သလို ထမင်းဖြင့်တွဲဖက်စားသောက်ရာတွင် ဟင်းချက်ရာ၌လည်း အိမ်တိုင်းတွင် စားသုံးဆီမှာ မရှိမဖြစ် ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ဆီအမျိုးမျိုးရှိသည့်အနက် မြေပဲဆီကို လူအတော်များများ အသုံးပြုကြပြီး နှမ်းဆီကို အသုံးပြုမှုနည်းကြသည်။ မြေပဲဆီနှင့် နှမ်းဆီကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း ဟင်းချက်ရာတွင် ခါးသက်သက်အရသာရှိ၍ လူတို့စားသုံးမှု နည်းကြသည်။ နှမ်းဆီတွင် မပြည့်ဝဆီများစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောဆီ (Healthy Oil) တစ်မျိုးဖြစ်သည်။

Pages