Main menu

Background

Sunday, 13 Mar 2011

၂ဝ၁၁- ၂ဝ၁၂ တရုတ် ပဲပုပ်တင်သွင်းမှု မြင့်တက်နေဦးမယ်လို့ ခန့်မှန်း                           တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု လာမယ့် နှစ်မှာ သိပ်များများ မတိုးလာပေမဲ့ ပြည်တွင်းထုတ်လုပ်မှု ကျ ဆင်းခြင်းနဲ့ တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကြီးနေဦးမှာဖြစ်ခြင်းက တင်သွင်းမှုကို မြှင့်တင်လိမ့်မယ်လို့ အမေ ရိကန်စိုက်ပျိုးရေးဌာန အရာရှိများက ပြောကြားပါတယ်။ ကမ္ဘာ့အများဆုံး ပဲပုပ် တင်သွင်းနိုင်ငံအနေနဲ့ လက်ရှိ ရာသီတင်သွင်းမှုထက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး ၂ဝ၁၁-၁၂ ရာသီအတွင်း ပဲပုပ်တန် ၅၈ သန်းခန့် ဝယ်ယူလိမ့်မယ် လို့ ဘေဂျင်းမှာရှိတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန ရုံးခွဲက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂ဝ၁၁-၁၂ အတွင်း ပဲပုပ်စိုက်ပိုျးထုတ်လုပ်မှုကို ခန့်မှန်း ရာမှာ စိုက်ဟက်တာ ၈ ဒသမ ၇ သန်း ကနေ တန်ချိန် ၁၄ ဒသမ ၈ သန်းခန့် ထုတ်လုပ်မှုရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ၇၂ ဒသမ ၅၅ သန်းခန့်နဲ့ ပြည်ပက တန်ချိန် ၅၈ သန်းခန့် တင်သွင်း နိုင်ပြီး နှစ်ကုန်လက်ကျန် တန်ချိန် ၁၄ ဒသမ ၅၃ သန်းရှိမယ်လို့ USDA  က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ပဲပုပ်ဆီစားသုံးမှု တိုးတက်သလို အသားစားသုံးမှု ပိုများလာတာနဲ့အမျှ ပဲပုပ်ဖတ် ဝယ်လိုအား တက်လာတာ ကြောင့် ပဲပုပ်တင်သွင်းမှုက ပုံမှန်ကြီး ထွားနေခြင်းဖြစ်ပါတယ်။                            ဒါပေမဲ့ လယ်သမားတွေအနေနဲ့ အစိုး ရ ထောက်ပံ့မှုပိုရပြီး ဈေးပိုရတဲ့ သီးနံှတွေကို ပိုစိုက်လာကြလို့ ယခု ရာသီ ပဲပုပ်စိုက်ပျိုးမှု နည်းမယ်လို့ ဆိုပါတယ်။ ပဲပုပ်စိုက်ပျိုးမှု အကျိုးအမြတ် အနေနဲ့ တစ်ဟက်တာကို ကန်ဒေါ်လာ ၆ဝဝ ခန့်ရှိပေမဲ့ ပြောင်းတစ်ဟက်တာ ကို ကန်ဒေါ်လာ ၆ဝဝ-၁ဝဝဝ ဝန်းကျင်ရှိတာကြောင့် တရုတ်အရှေ့ပိုင်း ပြည် နယ်များမှာ ပဲပုပ်စိုက်ဧရိယာ ၁ဝ ရာခိုင်နှုန်းခန့်ဟာ ဝါဂွမ်းနဲ့ ပြောင်းကို ပြောင်း လဲစိုက်ပိုျး လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးနံှအလှည့်ကျစိုက်ပျိုးမှု မရှိ တာကြောင့် အထွက်နှုန်းလည်း လျော့ ကျ လာခဲ့ရာ အမေရိကန် အထွက်နှုန်း တစ်ဟက်တာ ၃ တန်ရဲ့ ထက်ဝက် ကျော်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: ogrimony.com  

Sunday, 13 Mar 2011

ပြည်ဈေးကွက်တွင် နှမ်းနီဈေးငြိမ်ပြီး နှမ်းနက်ဈေးအနည်းငယ်ကျ              ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ ဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေးမှာ ဈေး အနည်းငယ်ကျသွားတာတွေ့ရပါတယ်။ နှမ်းနီမှာ အဝင်အနည်းငယ်ရှိပေမဲ့ လှောင်လက် နှမ်းများကြောင့် ဆီကြိတ်ရန်ဖူလုံနေသဖြင့် နှမ်းနီဈေးမှာ ဆက်တက်မသွားဘဲ ငြိမ်နေခဲ့ပါတယ်။ နှမ်းနက်မှာ အိတ်စပို့သမားများ အဝယ်မရှိသဖြင့် ယခင်အပတ်ထက် ဈေးကျသွားပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၈၂ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၈ဝဝဝ ကျပ်ဈေးဖြင့် နှမ်းနီမှာဆီကြိတ်ရန်အတွက် တစ်နေ့လျှင် အိတ် ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ ယခင်အပတ်အတိုင်း တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝေဝေမင်း 

Sunday, 13 Mar 2011

ဈေးငြိမ်နေတဲ့ ပြည်ပဲပုပ်           ပြည်ပဲပုပ်မှာ ပိဿာ ၂ဝ တစ် တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ဆက်လက် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ လယ်မှစ၍ ယခုမတ်လ ဒုတိယပတ်ထိ အဝင်ပါးနေတဲ့အတွက် ဆက်လက်ဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပါးနေပါတယ်။ အဝင်ပါးနေတဲ့အတွက် ယခုလမှာ အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းမှာတော့ လုပ်ငန်း သုံးသမားများဖြင့်သာ အရောင်းအဝယ် အနည်းငယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 13 Mar 2011

နှမ်းဈေးမပြောင်းသော်လည်း တင်ပို့မှု မရှိ                  ယခုအပတ်နယ်စပ်မှ နှမ်းမျိုးစုံတင်ပို့နိုင်မှုမရှိခဲ့ပါဘူး။တရုတ်နိုင်ငံမှ နှမ်းဝယ်လိုအားရှိသော်လည်း လက်ရှိ ပြည်တွင်း သယ်ယူစရိတ်ကြောင့် အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ နယ်စပ်မှ ဧပြီလမှ ဖေဖော်ဝါရီလကုန်ထိ နယ်စပ်မှ နှမ်းတင်ပို့ နိုင်မှုမှာ ၄၁ဝဝဝ တန်ရှိပြီဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမှာ နှမ်းဖြူ ဈေးကျလျက် ရှိသော်လည်း နှမ်းနက်ဈေးမှာမူ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                             မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု              ယခင်      ပြောင်းလဲမှု  %       ယခု        ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ       ၁၂၂၁၉၃၂      ၁၂၃၅၄၃၂     ၁၃၅ဝဝ      ၁     ၁၃၆၉      ၁၃၈၂         ၁၃            ၁နှမ်းနက်     ၁၄၆၇၈၁၇      ၁၄၅ဝ၇၃၁    ၁၇ဝ၈၆       ၁      ၁၆၇၄     ၁၆၅၆        ၁၈            ၁MIRT (DOBT)

Sunday, 13 Mar 2011

ယခင်တစ်ပတ်ထက် ဒီတစ်ပတ် နှမ်းအတင်လျော့               ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုက တန်ချိန် ၅ဝဝ ခန့် ရှိခဲ့ရာက မတ်လပထမပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူ တို့ဖြစ် ပါ တယ်။ ပြည်တွင်းဈေးကွက်တချို့မှာတော့ နှမ်းလက်ကျန်နည်းလာပြီဖြစ်ပြီး နယ်စပ်တရုတ်ဝယ်လက်တို့ အဆွဲပုံမှန်ရှိလို့ နှမ်းဈေး က ခိုင်မာနေပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခုတစ်ပတ်မှာ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၃၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ-၁၄၁ဝ အသီးသီး ရှိကြောင်း သိရပါတယ်။ MIRT - MAPT 

Sunday, 13 Mar 2011

 စားအုန်းဆီကြမ်းဈေးနှုန်း ယခုနှစ် ကန်ဒေါ်လာ ၁၃ဝဝ ကျော်အထိ မြင့်တက်လာနိုင်                ဇီဝလောင်စာအတွက် ဝယ်လိုအားတက်နေတာကြောင့် ယခုနှစ်မှာ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ ထုတ်လုပ်လေ့လာဆန်းစစ်Dorab Mistry  က ပြောကြားပါတယ်။ ၎င်းပြောကြားချက်အရ အနောက်အာရှနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ မသေချာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇီဝ လောင်စာအတွက် ဝယ်လိုအားဟာ အနည်းဆုံး တန်ချိန် ၂ ဒသမ ၅ သန်းထိ တိုးလိမ့်မယ်လို့ ဆိုပါ တယ်။               ရှေ့လတွေမှာ နိုင်ငံရေးမတည်မငြိမ်မှုများ ဆက်ဖြစ်နေမယ်ဆိုရင် စွမ်းအင်ဈေးနှုန်းတွေ ဆက်လက်မြင့်တက် နိုင်တာကြောင့် ဇီဝလောင်စာ အဝယ်ဘက်ကို တိုးလာမှာဖြစ်တယ်လို့ စားအုန်းဆီညီလာခံနဲ့ ၂ဝ၁ဝ ပြပွဲမှာပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံရေး အခြေအနေအရ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ လက်ရှိ စားအုန်းဆီကြမ်းဈေးလည်း လိုက်ပါမြင့်တက် နေတယ်လို့ ဆိုပါတယ်။                 ရေနံဈေးနှုန်းမြင့်တက်ခြင်း၊ စားအုန်းဆီလက်ကျန်နည်းခြင်းနဲ့ ဝယ်လိုအား တိုးတက်နေခြင်းကြောင့် နောက်သီတင်း ၁ဝ ပတ်အတွင်းမှာ စားအုန်းဆီ ကြမ်းဈေးနှုန်းဟာ စံချိန်သစ် တင်လောက်တဲ့အထိ မြင့်တက်နိုင် တာကြောင့် ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈)ကို မကြာမီ သီတင်းပတ် တွေမှာ ရောက်ရှိ လာနိုင်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ယျေဘုယျဘဏ္ဍာရေးအခြေအနေ ကျဆင်းခြင်းနဲ့ ရုတ်တရက် ဈေးကွက် ကျဆင်းသွားခြင်းမျိုးမရှိဘူးဆိုရင် ဒီနှစ်ရဲ့ စားအုန်းဆီကြမ်း ဈေးနှုန်း က ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၈၉) အောက် ရောက်ရှိနိုင်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။ ထုတ်လုပ်မှုအနေနဲ့ မလေးရှားနိုင်ငံက တန်ချိန် ၁၇ ဒသမ ၃ သန်း ထွက်ရှိနိုင်ပြီး အင်ဒိုနီးရှားကတော့ မနှစ်ကထက် တန်ချိန် ၁ ဒသမ ၅ သန်းပိုပြီး တန် ချိန် ၂၄ သန်းအထိ ထွက်ရှိနိုင်တယ်လို့လည်း ၎င်းက ပြောကြားပါတယ်။ ယုဇန၊ ှSource: Bernama. com 

Sunday, 6 Mar 2011

စားအုန်းဆီဈေးနှုန်းများ(၂၈-၂-၂ဝ၁၁ မှ ၄-၃-၂ဝ၁၁ နေ့ထိ)                                                     ရေတွက်ပုံ - ဒေါ်လာ  စဉ်      နေ့စွဲ            CIF (ရန်ကုန်)(၁) ၂၈-၂-၂ဝ၁၁             ၁၃၇၅(၂) ၁-၃-၂ဝ၁၁               ၁၂၆၅(၃) ၃-၃-၂ဝ၁၁               ၁၂၉ဝ(၄) ၄-၃-၂ဝ၁၁               ၁၂၉၅Source: ဆီကုန်သည်များအသင်း

Sunday, 6 Mar 2011

တရုတ်နိုင်ငံက ဖေဖော်ဝါရီလမှာ ပဲပုပ်တန်ချိန် ၃ ဒသမ ၁၇ သန်းခန့်တင်သွင်း              တရုတ်နိုင်ငံရဲ့ ဖေဖော်ဝါရီလအတွင်း ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၁၇ သန်းခန့် ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ မတ်လမှာလည်း တန်ချိန် ၃ ဒသမ ၁၆ သန်းခန့် တင်သွင်းရမယ်လို့ ဆိုပါတယ်။ စီးပွားကူးသန်း MOC ဝက်ဘ်ဆိုဒ်က ဖော်ပြတဲ့ ခန့်မှန်းချက်များဟာ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း တင်သွင်းသူများထံက ရရှိတဲ့ အစီရင်ခံစာပေါ် အခြေခံထားတာဖြစ်ပါတယ်။                 MOC  က ထုတ်ပြန်တဲ့ ခန့်မှန်းချက်များဟာ ယေဘုယျအားဖြင့် အမှန်တင်သွင်းမှုထက် အနည်းငယ် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စားဆီနဲ့ ဆီထွက်ပစ္စည်း တင်သွင်းမှု ခန့်မှန်းပမာဏတို့အား ဖော်ပြ လိုက်ပါတယ်                                        ရေတွက်ပုံ - တန်ချိန်              အမျိုးအစား               ဖေဖော်ဝါရီ               မတ်                ပဲပုပ်                        ၃ .၁၇ သန်း           ၃ .၁၆ သန်း                ပဲပုပ်ဖတ်                  ၂၂၇၆ဝ                   ၈၁၆၂               ပဲပုပ်ဆီ                    ၁ဝ၈ဝဝ၅                 ၈၁၆၂               စားအုန်းဆီ                 ၁၉၇၃၅၁             ၉၄ဝဝ၅              မုန်ညှင်းဆီ                   ၁၂၉ဝ၆                    -                                                                      ယမင်းခင်၊ှSource: blackseadgrain

Sunday, 6 Mar 2011

အဝင်နည်းလို့ ဈေးမာနေတဲ့ ပြည်နှမ်း                  ပြည်ဈေးကွက်ကို နှမ်းအဝင်နည်းသွားသဖြင့် နှမ်းဈေးမှာ ဆက်လက်မာလျက်ရှိပါတယ်။ မြန်အောင်၊ ကြံခင်းနဲ့ မင်းတုန်းဘက်မှ တစ်နေ့ကို အိတ် ၃ဝဝ ခန့်ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ဖို့ လုံလောက်မှု မရှိခြင်းကြောင့် မိုးနှမ်းလက်ကျန်များကို ဆီကြိတ်နေသဖြင့် နှမ်းဈေးမှာ ဆက်လက်ဈေးမာလျက်ရှိပါတယ်။ နှမ်းနီ ၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ တယ်။ နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။              ဝေဝေမင်း

Pages