Main menu

Background

Monday, 6 Dec 2010

 ဈေးကစားသူများကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်တက်             သုံး ရက်ကြာ ကျင်းပတဲ့ အင်ဒိုနီးရှား စားအုန်းဆီ ညီလာခံနဲ့ ဈေးနှုန်း အလားအလာများ ထွက်ပေါ်လာပြီး ဈေးကစားသူများ ဝယ်ယူမှုတွေရှိလာလို့ နိုဝင်ဘာလ ၃ဝ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီအခြေခံစာချုပ်ဈေးဟာ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၄၈၆ (ကန်ဒေါ်လာ ၁၁ဝ၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံ စားအုန်းဆီအဓိက စိုက်ပျိုးတဲ့ ဒေသများမှာ မိုးသည်းထန် ရွာသွန်းနေခြင်းက ရိတ်သိမ်းမှုကို အနှောင့်အယှက်ဖြစ်စေတာမို့ လာမယ့် ရက်တွေမှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၆ဝဝ-၃၇ဝဝ (ကန်ဒေါ်လာ၁၁၄၁-၁၁၇၃) ဖြစ်လာနိုင်တယ်လို့ ကွာလမ်လာပူရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။              မလေးရှားရဲ့ ၂ဝ၁ဝ အတွက် စားအုန်းဆီကြမ်း ထုတ်လုပ်မှုဟာ မလေးရှား စားအုန်းဆီအဖွဲ့ (MPOB ) က ခန့်မှန်းတဲ့ တန်ချိန် ၁၇ ဒသမ ၃ သန်းထက်လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်အချို့နဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ထွက်ရှိမှုဟာ (MPOB )ခန့်မှန်းတာထက် တန်ချိန် ငါးသိန်း ကျဆင်းဖွယ် ရှိတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ စားအုန်းဆီ တင်ပို့မှုဟာ အောက်တိုဘာလထက် ၁၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၇ သန်းရှိတယ်လို့ SGS မှဆိုပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ EU တို့က ဝယ်လိုအားကောင်းဖွယ်ရှိတာကြောင့် ဒီဇင်ဘာလမှာ တင်ပို့မှု အရှိန်ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးမြင့်တက်ခြင်းနဲ့ ဒေလီယံကုန်စည် ဒိုင်မှာ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။           လက်ငင်းဈေးကွက်မှာ ဖေဖော်ဝါရီ၊ မတ်လအတွက် စားအုန်းဆီ တစ်တန်ကို ကန်ဒေါ်လာ ၁၁၃ဝ၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် ဈေးဟာ ကန်ဒေါ်လာ ၁ဝ၉၅ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း ရင်းဂစ် ၃၅ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၅၄၅ (ကန်ဒေါ်လာ ၁၁၂၄) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                   ယုဇန၊Sources: palmoilhq.com

Monday, 29 Nov 2010

 တောင်အမေရိကမှာ ရာသီဥတု ပူပြင်းခြင်း၊ တရုတ်က ဝယ်လိုအား ကောင်းခြင်းတို့ကြောင့် ပြောင်းနဲ့ ပဲပုပ် ဈေးမြင့်လာ           တောင်အမေရိကမှာ ရာသီဥတု ပူပြင်းခြင်းကြောင့် ကောက်ပဲသီးနံှနဲ့ ဆီထွက်သီးနံှထွက်ရှိမှု ကျဆင်းနိုင်ခြင်း နဲ့ တရုတ်က ဝယ်လိုအားကောင်း နေခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ၃ ရက် ဆက်တိုက်မြင့်တက်ခဲ့ပြီး ပြောင်းဈေး နှုန်းလည်း ယခင်ရက်ထက် မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇန်နဝါရီပို့ရမယ့် ပဲပုပ်ဈေးဟာ ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၄၈ (တစ်တန် ကို ကန်ဒေါ်လာ ၄၆၂) ရှိပြီး မတ်လ ပို့ရမယ့် ပြောင်းဈေးကလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄၉ (တစ်တန်ကို ကန်ဒေါ်လာ ၂၂ဝ ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။          တောင်အမေရိကမှာ လာနီညာ ရာသီဥတုအရ ယခုတစ်ပတ်အတွင်း ပူပြင်းတာကြောင့် လယ်ယာမြေများ မှာ အစိုဓါတ် လျော့နည်းလျက် ရှိတယ် လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာ မှာ ပြောင်းနဲ့ ပဲပုပ် အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ဟာလည်း ပဲပုပ်ထုတ်လုပ်မှု ထိပ်တန်း နိုင်ငံများမှာ ပါဝင်ပါတယ်။ ဘရာဇီး နိုင်ငံက ပဲပုပ်နဲ့ပြောင်း တောင်သူများ ဟာလည်း မိုးခေါင်ခြောက်သွေ့မှု ကြောင့် လွန်ခဲ့တဲ့ ၅ နှစ်က နံှစားသီးနံှနဲ့ ဆီထွက်သီးနံှ ၁၃ ရာခိုင်နှုန်းခန့် ပျက်စီး ခဲ့တဲ့ အခြေအနေမျိုး ရောက်ရှိနေ တယ်လို့ အစိုးရ မိုးလေဝသဌာနမှ သုတေသန ခေါင်းဆောင် Expedito Rebello  က ပြောကြားပါတယ်။        ဘရာဇီးနိုင်ငံတောင်ပိုင်း မှာလာနီညာ ကြောင့် အောက်တိုဘာလကစပြီး ပျမ်းမျှမိုးရေချိန်အောက်သာ ရရှိတယ် လို့ သိရပါတယ်။ တရုတ်နိုင်ငံကလည်း ငွေကြေး ဖောင်းပွမှုလျော့ကျအောင် လယ်ယာ ထွက်ကုန်ဈေးများ သိုလှောင်ခြင်း ကြို ရောင်းကြိုဝယ်ကစားခြင်းများ လျော့ နည်းလာအောင် ကြိုးပမ်းမှုများဆောင်ရွက်နေပေမဲ့ ဝယ်လိုအား မြင့်တက် ခြင်းက လက်ရှိဈေးနှုန်းကိုမြင့်တက်စေပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်အရာရှိများက အမေရိကန် ပဲပုပ်တန်ချိန် ၅ ဒသမ ၅ သန်းဝယ်ယူဖို့ ကန်ဒေါ်လာ ၃ ဘီလီယံနီးပါး တန်ဖိုး ရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တင်ပို့မှုဟာ လွန်ခဲ့ တဲ့ ၁ဝ စုအတွင်း မြင့်တက်လျက်ရှိရာ ၂ဝဝဝ ပြည့်နှစ်မှာ ပဲပုပ်တန်ချိန် ၁  ဒသမ ၅ ဘီလီယံဖိုး ရှိခဲ့ရာမှ ၂ဝ၁ဝ မှာ ကန်ဒေါ်လာ ၅ ဘီလီယံဖိုးထိ တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။                ယမင်းခင်၊ Sources: Bloomberg.net

Monday, 29 Nov 2010

ရှမ်းမြေပဲအဝင်လှိုင်        ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဈေးကွက်သို့ မြေပဲများ အဝင်လှိုင် လာပေမဲ့ ဈေးမာနေပါတယ်။ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ မိုင်းရှုး၊ မိုးနဲ မောက်မယ်စတဲ့ နယ်စုံမှ မြေပဲများဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ် မြေပဲတစ်ပိဿာ ၁၆၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးဖြင့် ဈေး အနည်းငယ် တက်လာပါတယ်။ မြေပဲအဝင်လှိုင်ပေမဲ့ ကားတင်ခဈေး အနည်းငယ်တက်လို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးမှာ အသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ အရောတစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။                                          စောယုထွေး

Monday, 29 Nov 2010

မုံရွာ ဈေးကွက် နှမ်းအသစ်ဝင်      စစ်ကိုင်းတိုင်းဒေသကြီးမှာ နှမ်းကို တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြရာ ဆောင်းနှမ်းက နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ထွက်ပေါ်ချိန်ဖြစ်လို့ ယခုမုံရွာဈေးကွက်ကို နှမ်းအသစ်များစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့ကို ဝင်ရောက်လာပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်အတွင်း နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ နှမ်းဖြူ ၁၆၃၃ ကျပ်၊ ၁၇၃၃ ကျပ်၊ နှမ်းနီ ၁၅၃၃ ကျပ်၊ ၁၆၃၃ ကျပ်၊ နှမ်းညို ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာဒုတိယပတ် အတွင်း နှမ်းတင်း ၂၃ဝဝ ကျော်၊ နိုဝင်ဘာတတိယပတ်အတွင်း နှမ်းတင်း ၂၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၂၉၅ဝ ကျပ်၊ လက်လီ ၃၁ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                            သန်းသန်းတင်

Monday, 29 Nov 2010

 နယ်စပ် နှမ်းတင်ပို့မှုပိုမို         မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခု အပတ်မှာနှမ်း တင်ပို့နိုင်မှုဟာ တန် ၆ဝဝ နီးပါးရှိပြီး ယခင်အပတ်ကထက် တန် ၉ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းဖြူ တန် ၃ဝ၊ နှမ်းနက် တန် ၂၅ဝ နဲ့နှမ်း အခွံချွတ် ၃၁၉တန် တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်း နှမ်းတန်ချိန် ၅၉၉ ဒသမ ၂၅ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈၄ သန်းဖိုးတင်ပို့နိုင်တာ ဖြစ်ပါတယ်။ နှမ်းလက်ကျန်အခြေအနေနဲ့ တစ်ဘက်ဝယ်လိုအားပေါ်မူတည်ပြီး နှမ်းတင်ပို့မှုတည်ငြိမ်ခြင်းတော့မရှိဘူးလို့ နှမ်း နထစသမအနမ တစ်ဦးထံကသိရ ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး ထွက်နှမ်းဖြူ၊ နှမ်းနက်များကို မူဆယ်ကနေတရုတ်ကို ပို့နေတာပါ။ ယခုအပတ်မှာလည်း နှမ်းဖြူဈေးက ဆက်လက်ကျနေပြီး နှမ်းနက်ဈေးကတော့ မြင့်တက်နေဆဲပဲလို့ လည်း ဆိုပါတယ်။ နှမ်းပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ ်                                     မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု           ယခင်          ပြောင်းလဲမှု   %        ယခု        ယခင်   ပြောင်းလဲမှု           %နှမ်းဖြူ            ၁၁၅၇၅၃၄     ၁၁၆၈ဝ၃၅       ၁ဝ၅ဝ၁      ၁         ၁၃ဝ၇     ၁၃ဝ၈          ၁              ဝ .ဝ၈နှမ်းနက်         ၁၅၃၈၅၂၇      ၁၃၉၄၆၆ဝ     ၁၄၃၈၆၇      ၉         ၁၆၅၄      ၁၆ဝ၉         ၄၅               ၃MIRT (DOBT)

Monday, 29 Nov 2010

 ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ပြန်လျော့လာ        ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၈၅ဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်)အတွင်းမှာတော့ တန်ချိန် ၃၈ဝ ကိုပြန်လည်လျော့ကျတင်ပို့ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ တရုတ်ဝယ် လက်က ပုံမှန်အတိုင်းအဝယ်ရှိနေလို့ ယခင်ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်တို့က မြန်မာ့နှမ်းကို ဝယ်လိုပေမဲ့ လက်ရှိဈေးနဲ့ နှမ်းတင်ပို့သူတွေ မကိုက်တာကြောင့် ပင်လယ်ရေကြောင်းက တင်ပို့မှု လျော့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၁ဝ-၁၉၆ဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၆၁ဝ-၁၆၆ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၁၅-၁၄၆၅ အသီးသီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 29 Nov 2010

စားအုန်းဆီဈေးနှုန်းများ(၂၂-၁၁-၂ဝ၁ဝ မှ ၂၆-၁၁-၂ဝ၁ဝ နေ့ထိ)                                                          ရေတွက်ပုံ- ဒေါ်လာစဉ် နေ့စွဲ                       CIF(ရန်ကုန်)(၁) ၂၂-၁၁-၂ဝ၁ဝ                ၁၁ဝ၅(၂) ၂၃-၁၁-၂ဝ၁ဝ                ၁၁၃ဝ(၃) ၂၄-၁၁-၂ဝ၁ဝ                ၁၁၁၅(၄) ၂၅-၁၁-၂ဝ၁ဝ                ၁၁၃ဝ(၅) ၂၆-၁၁-၂ဝ၁ဝ                ၁၁၃ဝှ                                                Source:ဆီကုန်သည်များအသင်း

Monday, 29 Nov 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂၆-၁၁-၂ဝ၁ဝ                                                     US$/Ton                   နိုဝင်ဘာလတတိယပတ်      နိုဝင်ဘာလစတုတ္ထပတ်               နှိုင်းယှဉ်ချက်RBD P.Oil              ၁၁၂၁ .ဝဝ                    ၁ဝ၆၈ .ဝဝRBD P.Oilen           ၁၁၂၄ .ဝဝ                    ၁ဝ၉၅ .ဝဝRBD P.Strarin         ၁ဝ၈၄ .ဝဝ                    ၁ဝ၆၁ .၅ဝSource: econ.mpob

Monday, 29 Nov 2010

အင်ဒိုနီးရှားက ဒီဇင်ဘာသင်္ဘောတင်အတွက် စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို ၁၅ ရာခိုင်နှုန်းြမှင့်တင်           အင်ဒိုနီးရှားအစိုးရဟာ ဒီဇင်ဘာသင်္ဘောတင်အတွက် စာအုန်းဆီကြမ်း ပို့ကုန်ခွန်ကို ယခုလမှာ ၁ဝ ရာခိုင်နှုန်းကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးချုပ် Deddy Saleh မှ ပြောကြားပါတယ်။ ယခုလို အခွန်တိုးမြင့် လိုက်ခြင်းက ယခင်က တစ်တန်ကို ကန်ဒေါ်လာ ၉၅၅ ဒသမ ၁၇ ရှိရာမှ ကန်ဒေါ်လာ ၁ဝ၈၁ ဒသမ ၅ ကို တိုးတက်လာတဲ့ ပျမ်းမျှစားအုန်းဆီကြမ်း ဈေးနှုန်း တိုးမြင့်မှုအပေါ်အခြေခံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ စားအုန်းဆီအများဆုံးထုတ်လုပ်သူ ဖြစ်ပြီး ယခုနှစ်မှာ စားအုန်းဆီတန်ချိန် ၂၁ သန်း -၂၃ သန်းထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး ၂ဝ၁၄ မှာ တန်ချိန် ၂၄ သန်းကို အနည်းဆုံး ၅ သန်းမြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့ စိုက်ပျိုးရေးဝန်ကြီး H.E Suswono  က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်ဒိုနီးရှား စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁၉ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံအာဏာပိုင်များဟာ သစ်တော အမြောက်အမြားကို ပျက်စီးစေတဲ့ စားအုန်းဆီစိုက်ပျိူးမှု တိုးခဲျ့မှုနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတဲ့ စွပ်စွဲမှုများနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။                                                                                                                ယုဇန၊ Sources: xinhua .com

Pages