Main menu

Background

Thursday, 31 Mar 2011

ပခုက္ကူကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)        ပြောင်းလဲမှု
                                             ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ                  ၁ ပိဿာ         ၁ဝ၂ဝ    ၉၉ဝ
၂ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ           ၉၅ဝ   ၈၉၄
ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆

ပခုက္ကူမှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

                  ပဲစင်းငုံနီကို ရန်ကုန်ဝယ်က ပြည်ပအဝယ်အေးသွားတာ ကိုအကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၉ဝ ကျပ်(တစ်တန်ကို ၆ဝ၆၂၆၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် မြို့ခံပဲခွဲစက်သမားများက ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းခဲ့တယ်လို့ သိရပါတယ်။

Monday, 21 Mar 2011

 ပခုက္ကူ ကုန်စည်ဒိုင်စဉ် အမျိုးအမည်          ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု                                                    ယခင်အပတ် ယခုအပတ် ၁ ပဲစင်းငုံနီ                   ၁ ပိဿာ            ၁ဝ၇ဝ         ၁ဝ၂ဝ ၂ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ             ၁ဝဝ၅            ၉၅ဝ ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ ပခုက္ကူမှာ ပဲစင်းငုံနီဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်နေ                    ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်က ပြည်ပအဆွဲ အေးသွားတာကို အကြောင်းပြပြီး ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ  ကို ၁ဝ၂ဝ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ကုလားပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ မြို့ခံ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦး ကဆိုပါတယ်။ 

Friday, 11 Mar 2011

ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                                  ယခင်အပတ် ယခုအပတ် ၁ ပဲစင်းငုံနီ                  ၁ ပိဿာ          ၁ဝ၉၅      ၁ဝ၄၅ ၂ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ            ၉၈၉       ၉၃ဝ ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                    ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က ရန်ကုန်-ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီဈေးကျနေတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ် ယူမှုတွေရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝ၄၅ ကျပ်(တစ်တန်ကို ၆၃၉၉၄၇ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို ဒေသတွင်းပဲခွဲစက်သမားများက ဝယ်အားပုံမှန်ရှိပေ မယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၉၃ဝကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝ မှ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Wednesday, 2 Mar 2011

ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                                    ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ                   ၁ ပိဿာ           ၁၁၃ဝ       ၁ဝ၉၅၂ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ           ၁ဝ၂၁        ၉၈၉ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိလို့ ဈေးကျလာ                ပဲစင်းငုံနီက ဈေးကွက်သို့အဝင်ရှိသလောက် အိတ်စပို့ဝယ် ကွက်မှာ ပဲစင်းငုံနီဈေးကျနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝ၉၅ ကျပ် (တစ်တန်ကို ၆၇ဝ၅၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 17 Feb 2011

ပခုက္ကူကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                        ယခင်အပတ်        ယခုအပတ်၁ ပဲစင်းငုံနီ                      ၁ ပိဿာ             ၁၁၆၈           ၁၁၂ဝ၂ ပြောင်း                        ၁ ပိဿာ              ၂၁ဝ             ၂၂ဝ၃ ပဲတီစိမ်းလုံးသေး           ၁ ပိဿာ               ၁၂ဝဝ         ၁၂၅၅ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုနည်း                     ပဲစင်းငုံနီ(အဟောင်း) နဲ့ စာရင် ပဲစင်းငုံနီ(သစ်)ကို ရန်ကုန်ဝယ်လက်က ဝယ်အားများခဲ့ပေမယ့် ရောင်းသူကုန်သည်များက ကြိုက် ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂ဝ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာရှိခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ပဲတီစိမ်းလုံးသေးကို ရန်ကုန်ဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အား ပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၂၅၅ ကျပ်(တစ်တန်ကို ၇၆၈၅၄၉ ကျပ်)နဲ့အရောင်းအဝယ် ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။

Monday, 7 Feb 2011

ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည်          ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                              ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ                  ၁ ပိဿာ         ၁၁၅ဝ    ၁၁၆ဝ၂ ပြောင်း                    ၁ ပိဿာ          ၂၃၃     ၂၁ဝဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်            ပဲစင်းငုံနီက ပခုက္ကူဈေးကွက်သို့ အဝင်ရှိသလောက် ရန်ကုန် ဝယ်လက်ကလည်း အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၆ဝ ကျပ်(တစ်တန်ကို ၇၁ဝ၃၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။

Tuesday, 1 Feb 2011

ပခုက္ကူကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)                       ပြောင်းလဲမှု                                                     ယခင်အပတ်     ယခုအပတ်၁ ပဲစင်းငုံနီ                      ၁ ပိဿာ         ၁၁၁ဝ           ၁၁၅ဝ၂ ပြောင်း                         ၁ ပိဿာ           ၂၃၃          ၂၃၃ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ ပခုက္ကူမှာ ပဲစင်းငုံနီအဝင်လှိုင်သလို အရောင်းအဝယ်လည်းသွက်နေ               ဒီတစ်ပတ်ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့အဝင်လှိုင်နေသလို ဈေးကလည်းတစ်နေ့ပြီးတစ်နေ့ အတက်မှာပြနေတော့ တောင်သူတွေကလည်း အရောင်းများကြ၊ အိတ်စပို့ဝယ်လက်တွေ ကလည်း ဈေးကွက်မှာ အပြိုင်အဆိုင်ဈေးပေးအဝယ်ရှိလို့ ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားရှိ နေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Friday, 28 Jan 2011

ပခုက္ကူကုန်စည်ဒိုင်  စဉ် အမျိုးအမည်        ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                            ယခင်အပတ်         ယခုအပတ်၁ ပဲစင်းငုံနီ               ၁ ပိဿာ        ၁ဝ၄ဝ              ၁၁၁ဝ၂ ပြောင်း                 ၁ ပိဿာ          ၂၃၃             ၂၃၃ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီဈေးစွာပြီး ပြောင်းဈေးတန့်နေ               ပဲစင်းငုံနီကီ တော့ ပခုက္ကူဈေးကွက်သို့အဝင်များလာသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြောင်းကိုမြို့ပေါ်အစာစပ်လုပ်ငန်းရှင်တွေ ကတစ်ပိဿာ ၂၃၃ ကျပ်(တစ်တန်ကို ၁၄၂၆၈၆ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝ ခန့်အဝယ်ပုံမှန်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 17 Jan 2011

ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည်               ရေတွက်ပုံ                    ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                               ယခင်အပတ်       ယခုအပတ်၁ ပဲစင်းငုံနီ                       ၁ ပိဿာ                   ၈ဝဝ                 ၈၅ဝ၂ ကုလားပဲဖြူလုံးကြီး         ၁ ပိဿာ                 ၁ဝ၈ဝ                ၁၁ဝဝ၃ ပဲစင်းငုံနီ(သစ်)              ၁ ပိဿာ                    ၉ဝဝ                ၁ဝ၄ဝဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆်ပခုက္ကူမှာ ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်              ပခုက္ကူမှာ ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဝယ်လက်ဝယ်အား ပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီ (ဟောင်း) က တစ်ပိဿာ ၈၅ဝ ကျပ် (တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)ပဲ စင်းငုံနီ (သစ်)က တစ်ပိဿာကို ၁ဝ၄ဝ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန် သည်များက ဆိုပါတယ်။

Tuesday, 11 Jan 2011

ပခုက္ကူကုန်စည်ဒိုင်စဉ် အမျိုးအမည်               ရေတွက်ပုံ                  ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                     ယခင်အပတ်           ယခုအပတ်၁ ပဲစင်းငုံနီ                      ၁ ပိဿာ           ၇၃၅                      ၈ဝဝ၂ ကုလားပဲဖြူလုံးကြီး          ၁ ပိဿာ         ၁ဝ၂ဝ                     ၁ဝ၈ဝ၃ ပဲစင်းငုံနီ(သစ်)               ၁ ပိဿာ         ၇၈၅                       ၉ဝဝဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီအရောင်းအဝယ်ပုံမှန်ဖြစ်                ပဲစင်းငုံနီ(အဟောင်း)နဲ့စာရင် ပဲစင်းငုံနီ(သစ်) ကိုရန်ကုန် ဝယ်လက်ကအရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပဿိ ာကို ၉ဝဝ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပခုက္ကူဈေး ကွက်မှာ ပဲစင်းငုံနီကလွဲရင် ကျန်ပဲမျိုုးစုံက အရောင်းအဝယ်အေးနေ တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Pages