Main menu

Background

Tuesday, 17 Feb 2015

အတွဲ(၁၅)အမှတ်(၇)

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ဒသမ ၀၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူးငှက်ပျောတန်ချိန် ၇၀၀၀ ကို တင်ပို့ခဲ့ပါ တယ်။ ကချင်ပြည် နယ်ဒေသထွက်တစ်သျှူးငှက်ပျောတစ်တန်ရဲ့မိမိဘက် ပေါက်ဈေးဟာ ကျပ်  တစ်သိန်းခွဲဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                         
                   မော်မော်အောင် MIRT (DCCA)

Tuesday, 17 Feb 2015

အတွဲ(၁၅)အမှတ်(၇)

        ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၄၄၆ သန်းတန်ဖိုးရှိတဲ့ ငွေချည် (၆) ဝါ ၂၀၂ တန်ခွဲ တင်ပို့ခဲ့သလို ကန်ဒေါ်လာ သုညဒသမ ၉၁၆ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀၉၁ တန်ကိုလည်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ခဲ့ပါတယ်။ငွေချည် (၆)ဝါကိုတော့ တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှုရှိပါတယ်။  

  မော်မော်အောင် MIRT (DCCA)

 

     

Tuesday, 17 Feb 2015

  အတွဲ(၁၅)အမှတ်(၇)      

          မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ၀၀၉ သန်း တန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၅တန်ကျော် တင်ပို့နိုင်ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ဇန်နဝါရီလတစ်လလုံးမှာတော့ တန်ချိန် ၁၁ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တင်ပို့နိုင်ခဲ့ ပါတယ်။                                 

                                    ခင်မြနွယ်MIRT (DCCA)

Wednesday, 4 Feb 2015

ပြည်ပမှ တစ်ပတ်ရစ်များတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်းခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ်စမ်းသပ် ကာလသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။
တတိယအကြိမ်စမ်းသပ်ကာလအဖြစ်တင်သွင်းခွင့်ပြုနိုင်ရန်အကောက်ခွန်ဦးစီးဌာနမှသဘောထားမှတ်ချက်ရယူပြီးနောက်ဇန်နဝါရီလ၁၄ ရက်နေ့ကပြုလုပ်တဲ့ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ သဘောတူညီ ချက်ဖြင့် ပြည်ပ မှ တစ်ပတ်ရစ်များ တင်သွင်းခွင့်ကို တတိယအကြိမ်စမ်းသပ်ကာလအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။

Pages