Main menu

Background

Tuesday, 19 Nov 2013

နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ပရဆေး ကုန် ကြမ်း ၆၈၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှု ထက် တန် ၁၀၀ ကျော် လျော့နည်းခဲ့ပါတယ်။
 

Wednesday, 14 Aug 2013

မန္တလေး-လားရှိုး-မူဆယ်မှ တစ် ဆင့်တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ ပို့ကုန်များထဲတွင်  ၂၀၁၃  ခုနှစ် ဇူလိုင်လအတွင်း ပဲတီစိမ်းနဲ့ပြောင်း အဝင်များနေပါတယ်။ လယ်ယာထွက် ကုန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့်တို့ နေ့စဉ်အဝင်ရှိပြီး ပြောင်းကနေ့စဉ်ပျမ်း မျှ ကားစီးရေ ၅၀ ဝန်းကျင်နဲ့ ပဲတီစိမ်း ကား ပျမ်းမျှစီးရေ ၃၅ စီးခန့်ရှိ တယ်လို့ သိရပါတယ်။

Wednesday, 14 Aug 2013

၂၀၁၃ ခုနှစ် ဇူလိုင်လမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၇၉၄ သန်းတန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး တန်ချိန်ပေါင်း၁၆၇၀ကျော်ကို တင်သွင်း နိုင်ခဲ့တယ်လို့သိရပါတယ်။

Wednesday, 14 Aug 2013

တမူးနယ်စပ်တွင်ကုန်သွယ်မှုများ မှာ ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ် ရောင်းဝယ်ခြင်း (Barter System)  ကို သာဆောင်ရွက်မှုများတဲ့အတွက်မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပြန်လည် ရယူလိုသော သွင်းကုန်ပစ္စည်း မရှိက ငွေရရှိရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရ လေ့ရှိတယ်လို့သိရပါတယ်။

Wednesday, 14 Aug 2013

ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာမြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၆၄ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန် မှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၂ သန်းဖိုး ရှိ ကဏန်း ၂၁၉ တန်ကျော်၊ ငါးရှဉ့် ၃၀၉ တန်ခန့်၊ ရေခဲငါး ၇၅ တန်ကျော်၊ ငါးဆားနယ် ၁၇ တန်ကျော် တင်ပို့ခဲ့ ပါတယ်။

Wednesday, 14 Aug 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံမှရေချိုငါးဖြစ်သော ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို ပုံမှန်အဝယ်လိုက်လျက် ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ငါးလှေ (၅) စီးဖြင့် ငါးမြစ်ချင်းကီလို ၃၆၄၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၃၆၉၆၀၀ ကျော်လောက်တင်ပို့ခဲ့ပါတယ်။

Wednesday, 14 Aug 2013

မြန်မာ-တရုတ်နယ်စပ်များဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော်ကူး သန်းရောင်းဝယ်ရေးစခန်းများမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာ အချိုမှုန့် များပြည်တွင်းဈေးကွက်ထဲကို မူဆယ် နယ်စပ်မှ ၂၆၈ တန်၊ ချင်းရွှေဟော် နယ် စပ်မှ ၂၈၇ တန်ကျော်၊ စုစုပေါင်း ၅၅၅ တန်ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၅၅၆ သန်းတင်သွင်းလာ တာ တွေ့ရပါတယ်။

Tuesday, 6 Aug 2013

နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း တွင် မူဆယ်လမ်းကြောင်းတစ်ကြောင်း သာအားထားနေရခြင်းကြောင့်လိုင်းပြေး ဆွဲသည့်ကားများနှင့်ခရီးသည်ရရှိမှုနည်း နေကြောင်းရွှေလီဦးခရီးသည် ပို့ဆောင် ရေး မှသိရပါတယ်။

Tuesday, 6 Aug 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၄၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၂၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက ၃၅ တန်နီးပါးလျော့နည်း တင်ပို့ခဲ့ ပါတယ်။

Tuesday, 6 Aug 2013

မုံရွာ၊ မန္တလေး၊ လားရှိုးမြို့များကို ဖြတ်ပြီးမူဆယ်၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ တရုတ်နိုင်ငံသို့တင်ပို့ခဲ့တဲ့ကုန်စည်တွေ ကတော့ ပြောင်းဖူးစေ့ ၁၅၈၉ စီး ၃၅၁၇၁ တန်၊  နာနတ်သီး ၈၆ စီး ၇၇၆ တန်၊ သခွားမွှေး ၅ စီး ၃၆ တန်၊ နှမ်းဖြူ ၁၅၉ စီး ၃၇၇၁ တန်၊ နှမ်းညို ၁၂၂ စီး ၂၉၀၄ တန်၊ နှမ်းနက် ၁၂၆  စီး ၃၂၉၅ တန်၊ နှံစားပြောင်း ၃၂ စီး ၇၀၅ တန်၊ ကောက်ညှင်းဆန် ၃၅ စီး  ၆၂၆ တန်၊

Pages