Background
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ဒသမ ၀၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူးငှက်ပျောတန်ချိန် ၇၀၀၀ ကို တင်ပို့ခဲ့ပါ တယ်။ ကချင်ပြည် နယ်ဒေသထွက်တစ်သျှူးငှက်ပျောတစ်တန်ရဲ့မိမိဘက် ပေါက်ဈေးဟာ ကျပ် တစ်သိန်းခွဲဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင် MIRT (DCCA)
အတွဲ(၁၅)အမှတ်(၇)
ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၄၄၆ သန်းတန်ဖိုးရှိတဲ့ ငွေချည် (၆) ဝါ ၂၀၂ တန်ခွဲ တင်ပို့ခဲ့သလို ကန်ဒေါ်လာ သုညဒသမ ၉၁၆ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀၉၁ တန်ကိုလည်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ခဲ့ပါတယ်။ငွေချည် (၆)ဝါကိုတော့ တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှုရှိပါတယ်။
မော်မော်အောင် MIRT (DCCA)
အတွဲ(၁၅)အမှတ်(၇)
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ၀၀၉ သန်း တန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၅တန်ကျော် တင်ပို့နိုင်ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ဇန်နဝါရီလတစ်လလုံးမှာတော့ တန်ချိန် ၁၁ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တင်ပို့နိုင်ခဲ့ ပါတယ်။
ခင်မြနွယ်MIRT (DCCA)
ပြည်ပမှ တစ်ပတ်ရစ်များတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်းခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ်စမ်းသပ် ကာလသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။
တတိယအကြိမ်စမ်းသပ်ကာလအဖြစ်တင်သွင်းခွင့်ပြုနိုင်ရန်အကောက်ခွန်ဦးစီးဌာနမှသဘောထားမှတ်ချက်ရယူပြီးနောက်ဇန်နဝါရီလ၁၄ ရက်နေ့ကပြုလုပ်တဲ့ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ သဘောတူညီ ချက်ဖြင့် ပြည်ပ မှ တစ်ပတ်ရစ်များ တင်သွင်းခွင့်ကို တတိယအကြိမ်စမ်းသပ်ကာလအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။
(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေ ဒသ၊ နန်နင်းမြို့တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုန်စည်ပြပွဲ သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အကြီးအကဲများ တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံမှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၊ တရုတ်နိုင်ငံ ၊ နန်နင်းမြို့တွင် ကျင်းပသည် (၁၁) ကြိမ်မြောက် “China – ASEAN Expo” တရုတ် -အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက် နေစဉ် နန်နင်းဟိုတယ်၌ ပြုလုပ်သည့် ပထမအကြိမ်၊China – ASEAN Industry and Commerce Forum သို့ တက်ေ ရာက်ပြီး အမှာစကားပြောကြားပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေသည့်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ် သောနှ စ်နှင့်တရုတ်-အာဆီယံပူးပေါင်း ခြင်း စိန်ရတု ဆယ်စုနှစ်၏ ပထမနှစ် (First year of Diamond Decade) အဖြစ်သတ်မှတ်ကျင်းပခဲ့ရာမြန်မာနိုင်ငံ မှနှစ်စဉ်ပါဝင်ပြသခဲ့သည့်အစဉ် အလာ အတိုင်းပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ကုန်စည်ပြပွဲနှင့်အတူ တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို ပူးတွဲကျင်းပပါသည်။