Main menu

Background

မြန်မာ့သနပ်ခါးရနံ့ကမ္ဘာအနှံ့မွှေးကြိုင်

Thu, 02/19/2015 - 17:11 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       ဖေဖော်ဝါရီလ ၇ ရက် စနေနေ့ ၉း၃၀ နာရီအချိန် မြိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ မြိုင်မြို့နယ် ကိုယ်စားပြု သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင် ပို့ရောင်းချသူများဖွဲ့စည်းဖို့ အပြီးသတ် ပဏာမ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အစည်း အဝေးကို မြိုင်မြို့နယ်အတွင်းမှ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူ ၁၄၉ ဦးတက် ရောက်ခဲ့ပါတယ်။ တစ်ခါရေစကြိုမြို့နယ်သနပ်ခါး  စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း မှ ဒု-ဥက္ကဋ္ဌ  ဒေါက်တာကျော်ငွေနဲ့အဖွဲ့လည်း  တက်ရောက်ကြပြီး သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့ဖို့ညီနောင် အသင်းသဘောနဲ့ လာရောက် အကူအညီပေး၊ လာအားပေးတာလို့လည်း  ပြောပါတယ်။
အစည်းအဝေးမှာ မြိုင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က အဖွင့် အမှာစကားပြောကြားရာမှာ ]] သနပ်ခါးဆိုတာ မြန်မာလူမျိုးမှန်သမျှ မည်သူမျှကင်းလွတ် သည်မရှိကြောင်း၊ ငယ်စဉ်ကာလ ကလေးအရွယ် မှစလို့ မိဘများဟာ မိမိတို့ရဲ့ ကလေးကို ရေချိုး သနပ်ခါးလိမ်းပေးရင်း လက်ခလယ်ကလေးနဲ့ ကော်ပြီး ပါးစပ်ထဲခွံ့တတ်ကြောင်း၊ မြိုင်၊ ရေစကြို၊ ပခုက္ကူဆိုတာ ရှင်မတောင်ရဲ့ ဘေးပတ်လည် မှာ ရှိနေတာဆိုတော့ အဲဒီဒေသတွေရဲ့ ထွက် ကုန်ဖြစ်နေတာကြောင့် အသင်းအဖွဲ့ဖြစ်အောင် ထူထောင်ပေါင်းစည်းပြီး အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပါတယ်။
တစ်ကယ်လုပ်မယ့်သူကို အမှုဆောင် ရွေးချယ်ဖို့လိုကြောင်း၊ နောက်မကွေးတိုင်း  ဒေသကြီး မြိုင်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းကလည်း ကိုယ့်ဒေသကထွက်ရှိတဲ့ ထွက်ကုန်သနပ်ခါးကို အသင်းအဖွဲ့ဖွဲ့စည်းပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ လိုအပ်သည့် အကူအညီများကို ကြိုးစား ဆောင်ရွက် ဖြည့်ဆည်းသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။ အဲဒီ့နောက် ပခုက္ကူခရိုင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးသန်းဦးက အသင်းအဖွဲ့ဖွဲ့စည်းဖို့၊ အသင်း အဖွဲ့ဖွဲ့စည်းရင် ရရှိမည့်အကျိုးကျေးဇူး၊ အသင်း အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေ လုပ်ထုံး လုပ်နည်းစသည်တို့ကို ရှင်းလင်းပြောကြား ပါတယ်။
ရေစကြိုမြို့နယ် သနပ်ခါးစိုက်ပျိုး ထုတ် လုပ်ရောင်းဝယ်သူများအသင်း ဒု- ဥက္ကဋ္ဌ ဒေါက်တာကျော်ငွေက စစ်ကိုင်းတိုင်းဒေသ ကြီး အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ် လုပ် ရောင်းဝယ်သူများအသင်း ဖွဲ့စည်းမှုနှင့် သနပ်ခါး မူပိုင်ခွင့် ဆွေးနွေးပွဲမှာ တက်ရောက် ခဲ့တဲ့ အစည်းအဝေးအတွေ့အကြုံများကို ရှင်း လင်းပြောကြားပြီး သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူ မြိုင်အသင်းအဖွဲ့ ဖွဲ့စည်းပြီးရင် ညီနောင်အသင်းအဖွဲ့များဖြစ်သည်နှင့်အညီ အချင်းချင်းရိုင်းပင်းကူညီ ညှိနှိုင်းဆွေးနွေးပူး ပေါင်းဆောင်ရွက်သွားကြဖို့ ထပ်မံပြောကြား ပါတယ်။
တစ်ဆက်တည်း မြိုင်မြို့နယ် သစ်တော ဦးစီးမှူး ဦးဝင်းနိုင်ဦးကလည်း အသင်းအဖွဲ့ဖွဲ့ စည်းပြီးရင် အသင်းသားများရဲ့ စိုက်ပျိုးထား သော ဧကအလိုက် (သို့ ) စိုက်ပျိုးထားသော အကျယ်အဝန်းရှိသလောက် သစ်တောဌာန မှာ လာရောက်မှတ်ပုံတင်ကြဖို့၊ ကာလဘယ် လောက်အကြာမှာ သနပ်ခါးဘယ်လောက် ထွက်ရှိလာမယ်ဆိုတာ အနီးစပ်ဆုံး တွက်ချက် လာကြဖို့၊ သနပ်ခါးကို သစ်တော ထွက်ပစ္စည်း ဟု သတ်မှတ်ထားကြောင်း လာရောက်မှတ်ပုံ တင်ရာမှာ အဲဒီ့အတွက်ငွေကြေး တစ်စုံတစ်ရာ မှ ကုန်ကျမည်မဟုတ်ဘဲ သစ်တောဌာနမှ ကူညီ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားပါတယ်။ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်သူများကလည်း သိလိုတာ မရှင်း လင်းတာ နားမလည်တာများကို ပြန်လည် ဆွေးနွေးမေးမြန်းကြပါတယ်။
ပခုက္ကူခရိုင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးသန်းဦးက အသင်းအဖွဲ့ အစည်းတစ်ခုရဲ့ အကျိုးကျေးဇူးဟာ ယခုပဲ လက်တွေ့ခံစားရပြီဖြစ်ကြောင်း၊ အသင်းအဖွဲ့ အကျိုးကျေးဇူးကြောင့် ယခုလို သစ်တောဦးစီး ဌာနမှ အကူအညီပေးနေတာ လက်တွေ့အကျိုး ခံစားရပြီဖြစ်ကြောင်း၊ အသင်းအဖွဲ့ဖွဲ့စည်း ရာတွင် ဒေသစုံနေရာစုံက စိုက်ပျိုးုထုတ်လုပ် သူ တင်ပို့သယ်ယူသူ ရောင်းဝယ်ဖောက်ကား သူ အလွှာစုံပါအောင် အများဆန္ဒနှင့်အညီ ယာယီအသင်းကိုအမှုဆောင် ၂၉ ဦးဖြင့် ဖွဲ့စည်းပြီးအသင်းရဲ့ ဥပဒေစည်းမျဉ်း စည်းကမ်း များရေးဆွဲခဲ့ကြောင်း အများသဘောတူပြီဆို မှ အသင်းကို အောင်မြင်စွာဆောင်ရွက်နိုင် အောင် အမှုဆောင်များကို အတည်ပြု ရွေး ချယ်မှာဖြစ်ကြောင်း သဘောတူကြပြီး အစည်း အဝေးကို ၁၂း၃၀ နာရီမှာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့  နယ်မှ စတင်လှုပ်ရှားခဲ့တဲ့ သနပ်ခါးမူပိုင်ခွင့်  နှင့် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဖွဲ့စည်းရေးမှသည် မကွေးတိုင်းဒေသ ကြီး ရေစကြိုမြို့နယ်မှ ပထမခြေလှမ်းစလှမ်းခဲ့ ပြီးနောက် မြိုင်မြို့နယ်က ဆက်လက်လှုပ်ရှားခဲ့  တာဆိုတော့ ဒုတိယခြေလှမ်းလို့ပြောရင်မမှား နိုင်ပါဘူး၊ နောင်လည်းမြန်မာ့သနပ်ခါး (ရှင်မ တောင်၊ ရွှေဘို) ဟာ ခြေလှမ်းစိတ်စိတ်နဲ့ ဆက်လက်လှုပ်ရှားလာကြတော့မှာကို တွေ့ မြင်နေရပါတယ်။
မြန်မာ့သနပ်ခါးရနံ့... ကမ္ဘာအနှံ့ မွှေးကြိုင်နိုင်ပါစေ။

မြင့်ဦး(ပခုက္ကူ)