Main menu

Background

ကမ္ဘာ့တစ်ဝန်းရှိဘဏ်များမျက်စိကျနေသည့် အင်ဒိုနီးရှားကုမ္ပဏီများ

Tue, 02/28/2023 - 16:07 -- journal_editor

အင်ဒိုနီးရှားနိုင်ငံ၏   စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကြောင့် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံ မှုဘဏ်များအနေဖြင့် ယခုနှစ်အတွင်း အင်ဒိုနီးရှားဘဏ်များနှင့်  ပေါင်းစည်းရေး၊ ဝယ်ယူရေး (Merger and Acquisition) ) ပြုလုပ်ရန် အသည်းအသန်စိုင်းပြင်းနေကြသည်။ ရုရှားနှင့် ယူကရိန်း စစ်ပွဲ၏ အကျိုးဆက်ကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း သို့မဟုတ် ဆုတ်ယုတ်ကျဆင်းမှုအန္တရာယ် ကြုံတွေ့နေသည့်ကြား မှ အင်ဒိုနီးရှား၏  စီးပွားရေးတိုးတက်မှုသည် ယခုနှဆေစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏  စီးပွားရေး တိုးတက်မှုထက် သာလွန်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်ထားသည်။
ဤပထဝီဝင်နိုင်ငံရေး  အပြောင်းအလဲက အရှေ့တောင် အာရှ၏ အကြီးဆုံး  စီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသော အကျိုး အမြတ်များ ရှာဖွေနေသည့် နေရာသစ်တစ်ခုအဖြစ် မီးမောင်း ထိုးပြပေးခဲ့သည်။ လာမည့်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှား နိုင်ငံသည် ခိုင်မာသည့် ကုမ္ပဏီများပေါင်းစည်းရေး ဝယ်ယူရေး ပြုလုပ်ရာ  နေရာတစ်ခုဖြစ်လာမည်ဟုထင်ကြောင်း Bank of America (BofA) ၏ အရှေ့တောင်အာရှ အကြီးအကဲ Antonio Puno က ဂျာကာတာပို့စ်သို့ ပြောကြားခဲ့သည်။
Cloud computing  နှင့်  ပြည်တွင်း ဒစ်ဂျစ်တယ်သိုမှီးမှု နည်းပညာ လိုအပ်ချက်များ တစ်စထက်တစ်စ မြင့်မားလာသည့် အချိန်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်   ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ အလျင်အမြန်တိုးတက် ဖွံ့ဖြိုးလာရန် Bank of America  က မျှော်လင့်ထားသည်။ နိုင်ငံ အတွင်း ကွန်ပျူတာများနှင့် ဒေတာစင်တာများပေါ်တွင် ကြီးမား သော ငွေပေးငွေယူ အများအပြားကို ဆောင်ရွက်နေသော်လည်း ဘဏ်များနှင့် ဖောက်သည်များအကြားတွင် ငွေပေးချေမှုလုပ်ငန်း များအတွက် ပိုမိုကောင်း မွန်သည့် ဝန်ဆောင်မှုများ လိုအပ်နေဆဲ ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးနှင့်    ထောက်ပံ့ပို့ဆောင်ရေးတို့ အတွက် ရွေ့လျားအခြေခံ အဆောက်အအုံများသည် ပေါင်း စည်းရေး ဝယ်ယူရေး M&A  လုပ်ဆောင်ချက်ကို ပိုမိုမြင့်မားလာစေ မည်ဟု အဆိုပါဘဏ်က  ခန့်မှန်းထားပြီး လူတစ်ဦးချင်း GDP  တိုးတက်မှုမှသည်  သုံးစွဲနိုင်သည့်ဝင်ငွေ (disposable income) ) ကို  ပိုမိုရရှိစေမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် စားသုံးသူတို့ကို  အဓိကထားသည့်   လုပ်ငန်းများတွင်  သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိနိုင်သလို အမြတ်အစွန်းများလည်း ရရှိမည် ဖြစ်ကြောင်း၊ ဤသည်မှာ ကျွန်ုပ်တို့၏ ဖောက်သည်များ၏ စိတ် ဝင်စားမှုကို  ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း Puno  က ဆိုခဲ့သည်။ 
သတ္တုတူးဖော်ရေးကဏ္ဍနှင့် ၎င်းကိုပံ့ပိုးပေးသည့် စက်မှု လုပ်ငန်းများသည်M&A  အတွက် ပစ်မှတ်ထားသည့် သမားရိုးကျ စက်မှုလုပ်ငန်းဖြစ်သော်လည်း ယခုအခါ ရင်းနှီးမြှုပ်နှံသူများသည် အစိမ်းရောင် စီးပွားရေးမူဝါဒ အကူးအပြောင်းတွင် နီကယ်နှင့် လျှပ်စစ်ကား (EV)) အစိတ်အပိုင်းထုတ်လုပ်မှုများကို ပိုမိုစိတ်ဝင်  စားလာကြောင်း ၎င်းကဆိုသည်။ သယံဇာတ တူးဖော်ထုတ်လုပ် သည့် အခြေခံစက်မှုလုပ်ငန်း( downstream industry ) အတွက်  များလှစွာသော စုံစမ်းမေးမြန်းမှုများ ထွက်ပေါ်နေပြီး ယင်းမှာ  ဘဏ္ဍာရေးဈေးကွက်တစ်ခုလုံးအပေါ် အ‌ခြေခံနေသည်။  ဆိုလို သည်မှာ ယင်းကဏ္ဍအတွက် လိုအပ်သည့် ငွေကြေးအရင်းအမြစ် ကို  အရင်းအနှီးဈေးကွက် (ခcapital markets)) အသီးသီးမှ ရရှိနိုင် ပြီး ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံဒေသအတွင်း နီကယ်နှင့် EV ထုတ်လုပ်မှု ကွင်းဆက်များအပေါ် ရင်းနှီးမြှုပ်နှံမှုကို ပိုမို အလေးသာလျက်ရှိသည်။ 
လက်လှမ်းမီသမျှ ကြည့်မည်ဆိုပါက အာဆီယံဒေသသည် ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် အဓိကကျသည်ဟု Puno  က ဆိုသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များအနေနှင့် ကာဗွန်ထုတ် လုပ်မှုကင်းစင်သည့် net zero လုပ်ငန်းများကို ကတိကဝတ်ပြု ထားကြပြီး ပိုမိုသန့်ရှင်းသည့်၊ ပိုမိုရှေရှည်တည်တံ့ခိုင်မာသည့် လုပ်ငန်းများကို ‌‌ရင်းနှီးမြှုပ်နှံလိုကြသည်ဟု Puno က မှတ်ချက် ပေးခဲ့သည်။
အဖွဲ့အများစုအနေဖြင့်  M&A  ကိစ္စရပ်များကို ဆောင်ရွက် ရာတွင် ဘဏ္ဍာရေးဈေးကွက်ကို ပိုမိုအာရုံစိုက်ရန် မျှော်လင့်ပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို ပိုမို ရည်ရွယ်ကြောင်း၊ အထူးသဖြင့် ဘဏ္ဍာရေးနည်းပညာကုမ္ပဏီ (fintech)များကို ပိုမိုရည်ရွယ်သည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားသည် အင်ဒိုနီးရှားGDP  ၏ ၆၁ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်။
အသေးစားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ အနေ ဖြင့် ၎င်းတို့၏  စီမံခန့်ခွဲမှုကို  မြှင့်တင်ရန် လိုအပ်သည့်အခါ၊  ပိုမို ရှုပ်ထွေးနက်နဲပြီး အပိုဆောင်းဝန်ဆောင်မှုများ ပေးလိုသည့်အခါ မျိုးတွင် ကုမ္ပဏီများပေါင်စည်းရေး-ဝယ်ယူရေး M&A လိုအပ်‌ ကြောင်း၊ အထူးသဖြင့် ဘဏ်များ၊ ဘဏ္ဍာရေးနည်းပညာ လုပ်ငန်း များ၊ အာမခံလုပ်ငန်းများနှင့် အက်ဆက်စီမံခန့်ခွဲရေး လုပ်ငန်းများ တွင် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
သမဝါယမနှင့်  အသေးစား၊ အလတ်စား  စီးပွားရေး လုပ်ငန်းဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရMSMEs များ၏ ၂၀ ရာခိုင်နှုန်းသာ ဘဏ်ချေးငွေများရယူ၍လုပ်ငန်းဆောင်ရွက် ကြောင်း သိရသည်။ Bank of America (BofA)၏ ကုမ္ပဏီများ ပေါင်းစည်းရေး-ဝယ်ယူရေး  လုပ်ငန်းများမှာ အဓိကအားဖြင့် တိုးတက်မှုအလားအလာ ကောင်းမွန်သည့်လုပ်ငန်းများကိုသာ ရည်ရွယ်ပြီး ကြွေးမြီများတင်ရှိနေသည့် လုပ်ငန်းများ၏ အက် ဆက်များ ရောင်းချမှုများတွင်  ပါဝင်ဆောင်ရွက်ရန် မရည်ရွယ် ကြောင်း BofA Indonesia  ၏ ဌာနေမန်နေဂျာMira Arifin  က ဆိုသည်။ 
M&As မှတစ်ဆင့်  Fortune-100 တွင်ပါဝင်ကာ  အဆင့် ကုမ္ပဏီများဖြစ်လာရန် ကြိုးစားနေသည့် ကုမ္ပဏီများအနေဖြင့်  အင်ဒိုနီးရှား၏ အရင်းအနှီးဈေးကွက်သည် နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများ၏ ကြီးမားသော ယုံကြည်မှုကို ရရှိထားကြောင်း Mira  ကဆိုခဲ့သည်။ EV ထောက်ပံ့ရေးကွင်းဆက်များနှင့် နည်း ပညာမြင့် စက်မှုလုပ်ငန်းများတွင် M&A ဘောတူညီချက် ပိုမို ရရှိမည်ဟု မျှော်လင့်ကြောင်း သူမက ပြောကြားခဲ့သည်။ 
Bofa သည် စတော့အိပ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည့် အမေရိကန်အခြေစိုက်Hormel Foods Corpor- ation ပိုင် PT Garudafood Putri Jaya  ကုမ္ပဏီကို ပြီးခဲ့သည့် ဒီဇင်ဘာလက ၂၉ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ပေါင်းစည်းမှုတစ်ခု ကို ဆောင်Mira  က ဆိုခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ပိုင်ဆိုင်ပစ္စည်းဈေးနှုန်းများ ကျဆင်းခဲ့ခြင်းက ငွေကြေးလက်ဝယ်ရှိ ကုမ္ပဏီများအတွက် ပိုမို စိတ်ဝင်စားသော အခွင့်အရေးများဖြစ်စေခဲ့ကြောင်း HSBC ဘဏ်မှ ရင်းနှီးမြှုပ်နှံမှုအရာရှိတစ်ဦးက ဆိုခဲ့သည်။
ဘဏ်အတိုးနှုန်းများ မြင့်တက်လာခြင်းသည် အစိမ်းရောင် စီးပွားရေးကို ကူးပြောင်းနေသည့် သတ္တုတူးဖော်ရေးနှင့်  သတ္တု သန့်စင်ရေးလုပ်ငန်းများ၊ EV ဘက်ထရီထုတ်လုပ်ရေး လုပ်ငန်း များနှင့် မော်တော်ကား လုပ်ငန်းများအတွက် များပြားလှသည့်  ညှိနှိုင်းမှုများ၊ အပေးအယူများ ဖြစ်ပေါ်လာနိုင်သည်။ ထိုအတော အတွင်း  အင်ဒိုနီးရှားနိုင်ငံအတွင်း နည်းပညာကဏ္ဍ ပေါင်းစည်းမှု အချို့တွင်  အချိန်ယူရန်လိုကြောင်း၊ နည်းပညာကုမ္ပဏီများမှာ စွမ်းဆောင်ရည်ပိုမိုမြင့်မားရန် လိုအပ်ကြောင်း သိရသည်။
ဤ M&A လုပ်ငန်းများကို စတင်မောင်းနှင်ရာတွင် ဘဏ် များအနေဖြင့် ၅ ရာခိုင်နှုန်းထက်ကျော်လွန်သည့် အကျိုးအမြတ် ပြန်ရနှုန်းရရှိရန် မျှော်လင့်ကြောင်း၊  ဤသည်မှာ အမေရိကန် ဗဟိုဘဏ်၏ စံအတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်သည့် အတိုး နှုန်းဖြစ်ကြောင်း သိရသည်။ အတိုးနှုန်းများ ပြန်လည်မြင့်မားလာ  ခြင်းသည် အရင်းအနှီး သို့မဟုတ် ငွေကြေးတွင် နှုန်းထားတစ်ခု ရှိနေသည်ဆိုသည်မှာ ထင်ရှားကြောင်း Cheo က ဆိုခဲ့သည်။
ကုမ္ပဏီများ ဝယ်ယူခြင်း ပေါင်းစည်းခြင်းဆိုင်ရာ ကိစ္စရပ် များ အာရှနှင့် ပစိဖိတ်ဒေသတွင် သိသိသာသာ ကြီးထွားလာ ကြောင်း၊ တစ်ဖက်တွင်လည်း စီးပွားရေး၊ ဥပဒေရေးရာနှင့် နိုင်ငံ ရေး ကန့်သတ်ချက်များက ချောမွေ့စွာ အကောင်အထည်ဖော် ရေးကို မကြာခဏအဟန့်အတား ဖြစ်စေကြောင်း Price water house Coopers (PwC) မှ စီးပွားရေးပညာရှင်တစ်ဦးက ဆိုခဲ့ သည်။ အာရှပစိဖိတ်ဒေသ၏  ဈေးကွက်များသည် စုစည်းမှု နည်းပြီး ကုမ္ပဏီများသည် ပုံမှန်အားဖြင့် ရင့်ကျက်မှုနည်းပါးသည် ကို တွေ့မြင်ရသော်လည်း အလျင်အမြန် ကြီးထွားလာနေသည့် ဒေသဖြစ်သည်ဟု PwC  အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မှ အဖွဲ့ ခေါင်းဆောင်David Brown က အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Reference: asianews.network.com

ထွန်းသက်ထွန်း