(ယခင်လမှအဆက်)
ဝန်ထမ်းနှင့် ရေသန့်ထည့်သွင်းမည့်ဘူး၏ လိုအပ်ချက်
ရေသန့်ထုတ်လုပ်မှု၌ ကြီးကြပ်သူသည် ရေသန့်ထုတ်လုပ်မှု လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ရန်လိုအပ်ပြီး လုပ်သားများမှာ ကျန်း မာရေးကောင်းမွန်၍ တကိုယ်ရေသန့်ရှင်းရေးကို သိရှိနားလည်သူများ ဖြစ်ရန်လည်း လိုအပ်သည်။
ရေသန့်ထည့်သွင်းမည့်ဘူးသည် အစားအသောက်သုံး ဏနွှယ ီံဏနယ ဏန ပလတ်စတစ်ဘူးများ ဖြစ်ရမည်။ တစ်လီတာအောက်၊ တစ်လီတာနှင့် နှစ်လီတာဘူးများသည် တစ်ခါသုံးဘူးများ ဖြစ်ရမည်။(၂၀) လီတာဘူးများကို ကြူအင-ျ့န ဘူးများအဖြစ် သုံးနိုင်သော် လည်း ဆေးကြောရန်ခက်ခဲသော အခြားပစ္စည်းများ (ဥပမာ- ဆီ၊ ဆေးရည်) ထည့်သုံးပြီး ဘူးများကို ပြန်ဆေးကြော၍ မသုံးရပါ။
ဘူးသွတ်ပြီး သောက်ရေသန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသေးစိတ် သတ်မှတ်ထားသော ရူပသတ်မှတ်ချက်၊ အဏုဇီဝ သတ်မှတ်ချက်၊ ဓာတုဗေဒသတ်မှတ်ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး ရေသန့်ဘူးပေါ်ရှိတံဆိပ်သည် ကုန်အညွှန်းအမှတ်အသား သတ်မှတ် ချက်များကို ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ခြင်းအားဖြင့်လည်း စားသုံး သူကာကွယ်ရေးကို တစ်ဖက်တစ်လမ်းက လိုက်နာဖော် ဆောင်ရာ ရောက်သည်။
အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများ
ရေသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြီး ဘေး ထွက်ဆိုးကျိုးမရှိပါ။ ရိုးရိုးရေသန့်သည် ဏံ၇ ဖြစ်ပြီး ဏံ ၇ ကို ထပ်မံ သန့်စင်ပါက အယ်ကာလီ ရေသန့်ဖြစ်၍ အယ်ကာလီရေသန့်က အကျိုးများစွာဖြစ်ထွန်းစေသော်လည်း နေပူထဲတွင်ထားသိုခြင်း၊ အပူချိန်လွန်ကဲသော နေရာများနှင့် ကားအတွင်းခန်းများတွင် ကြာ မြင့်စွာထားသိုခြင်း၊ ပြန်လည်ကျိုချက် သုံးစွဲခြင်းများသည် ကင်ဆာ ရောဂါကိုဖြစ်စေနိုင်ကြောင်း၊ နေရောင်နှင့် တိုက်ရိုက်ထိတွေ့ထား သော ရေဘူးထဲမှရေကို သောက်သုံးခြင်းကြောင့် အမျိုးသမီးများတွင် ရင်သားကင်ဆာရောဂါကို ဖြစ်စေနိုင်ကြောင်း လေ့လာသိရှိရသည်။
ရေသန့်ဖြစ်ရန် ကလိုရင်းဆေးခပ်ပြီး ကလိုရင်းဓာတ်သည် အပူနှင့် ထိတွေ့သောအခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲ သွားသည်။ ကြာရှည်အပူပေးသုံးစွဲသောအခါ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမည်မဖော်နိုင်သော ရောဂါများ ဖြစ်ပေါ်လာပြီး ကင်ဆာဖြစ်နိုင်ခြေများလာသည်။
စားသုံးသူများအနေဖြင့်လည်း စားသောက်ကုန်များတွင် ပါသော သက်တမ်းကုန်ဆုံးရက်နှင့် ကျန်းမာရေးဆက်စပ်ပုံများကို လည်း သိထားရန်လိုအပ်ပေသည်။ ရေသည် စားသောက်ကုန်အမျိုး အစားတွင် ပါဝင်သဖြင့် သက်တမ်းကုန်ဆုံးရက်များကို ရေသန့်ဘူး များတွင် ဖော်ပြရိုက်နှိပ်ထားရခြင်းဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်မှာ ရေ၏ သက်တမ်းကုန်ဆုံးရက် မဟုတ်ဘဲ ထည့်သွင်းထားသော ပလတ်စတစ်ဘူး၏ သက်တမ်းကုန်ဆုံးရက်ဖြစ်သည်။ သက်တမ်းကုန် သွားသော ပလတ်စတစ်ဘူးများမှ ဓာတုပစ္စည်းများကို ရေထဲတွင် စွန့်ထုတ်တတ်ပြီး စွန့်ထုတ်လိုက်သော ဓာတုပစ္စည်းများသည် ဦး နှောက်နှင့် အာရုံကြော၊ ကျောက်ကပ်နှင့် ကင်ဆာရောဂါအချို့ကို ဖြစ်ပွားစေနိုင်သည်။
ရေသန့်ဘူးများသည် ပါကင်မဖွင့်ခင် ပိုးသတ်ပြီးဖြစ်သော် လည်း သုံးစွဲပြီးအချိန်အနည်းငယ်အတွင်းမှာပင် ဘက်တီးရီးယား များနှင့် ဗိုင်းရပ်စ်များ ဝင်ရောက်ပေါက်ဖွားနေတတ်သောကြောင့် သောက်သုံးပြီး ရေသန့်ဘူးများအား ရေပြန်လည်ဖြည့်သောက်ပါက လည်း အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားလာသော ရောဂါများကို ရရှိစေသည်။ အချို့ရေသန့်ဘူးများတွင် အတွင်းပိုင်း ရေညှိတက်နေ ခြင်းသည် ရေထဲမှ မှိုဖြစ်စေသော ပိုးမွှားများ ပါဝင်နေခြင်းကြောင့် ဖြစ်ပြီး ဝမ်းပျက်၊ ဝမ်းလျှော၊ သန်ကောင်တုတ်ကောင်နှင့် နောက်ဆက် တွဲရောဂါများ ဖြစ်လာနိုင်သည်။
စားသုံးသူများသည် သောက်ရေသန့် ဝယ်ယူသုံးစွဲခြင်းမပြုမီ ရေ၏ သန့်ရှင်းမှု၊ ထုပ်ပိုးထားရှိမှု၊ ရောင်းချသော ရေဘူးများ ထားသို သိမ်းဆည်းမှု ငီ်္ဗ ခွင့်ပြုချက်နှင့် သက်တမ်းကုန်ဆုံးရက်၊ ရေ အရောင်ပါရှိနေမှုများကို စစ်ဆေးရန်လိုကြောင်း၊ ရေဘူးများ သို လှောင်သိမ်းဆည်းရာတွင် အေးမြပြီး နေရောင်နှင့် တိုက်ရိုက်ထိ တွေ့မှုမရှိသော နေရာများတွင် ထားသိုသိမ်းဆည်းရမည်ဖြစ်ကြောင်း၊ သောက်သုံးပြီး ရေသန့်ဘူးများအား ရေပြန်လည်ဖြည့်သောက်ခြင်း နှင့် ရေသန့်ကို အကြိမ်ကြိမ် ကျိုချက်သောက်သုံးခြင်း မပြုသင့် ကြောင်း၊ မိမိပတ်ဝန်းကျင်တွင် ငီ်္ဗ ထောက်ခံချက်မရှိဘဲ ထုတ်လုပ် ရောင်းချနေခြင်းများ၊ အိမ်သုံးတစ်နိုင်တစ်ပိုင် စက်များဖြင့် ထုတ် လုပ်ရောင်းချနေခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ အသင်းအဖွဲ့၊ ဌာနများသို့ သတင်းပေးတိုင်ကြားခြင်းများ ပြုလုပ်ရန်ဖြစ်ကြောင်း တို့ကို စားသုံးသူများအား နည်းလမ်းမျိုးစုံဖြင့် အသိပညာပေး ဆောင် ရွက်ခြင်းဖြင့် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ပေးနိုင်သည်။
ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း စား သုံးသူက သင့်လျော်သောဈေးဖြင့် ဝယ်ယူစားသုံးမှုအပေါ် တာဝန် ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး မိမိကုန်အမှတ်တံဆိပ်၊ အရည်အသွေး ကို တန်ဖိုးထားပြီး တံဆိပ်တူကုန်စည်များ တုပမှုများကို ရှောင် ရှားသင့်ပေသည်။ ခေတ်မီစက်ကိရိယာနည်းပညာများ ပိုမိုတိုးတက် လာပါက အရည်အသွေး၊ အဆင့်အတန်းမြင့်မားသော နိုင်ငံတကာ ဈေးကွက်ဝင် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများကို လိုက်နာဆောင်ရွက် ခြင်းဖြင့် စားသုံးသူများကို ကာကွယ်ပေးရာ ရောက်ပေသည်။
အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး
ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော အစားအသောက်ကို အများပြည်သူများ စားသုံးနိုင်ရန်
စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ဖြစ်စေခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန် ရည်ရွယ် ၍ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ၂၇.၁၁.၂၀၂၁ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် (၅၂၄/ ၂၀၂၁)ဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်း သောက်ရေသန့်နှင့် စားသုံးဆီများကို ထိန်းချုပ်အစားအသောက်များ အဖြစ် သတ်မှတ်ခဲ့သည်။ ထိန်းချုပ်အစားအသောက်ဆိုသည်မှာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ က အခါ အားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အစားအသောက်ကို ဆိုလိုသည်။ ထိန်းချုပ် အစားအသောက်များကို မည်သူမျှ လိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သို လှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရဟု တားမြစ် ထားသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုမရှိသော ကုန် စည်များကို ထုတ်လုပ်ရောင်းချခြင်းမပြုရဟု ပြဋ္ဌာန်းပါရှိပြီး ထုတ် လုပ်သူများအနေဖြင့်လည်း ကုန်အမှတ်တံဆိပ်နှင့် အညွှန်းမပါဘဲ ရောင်းချ ပါက ဈေးကွက်ထိုးဖောက်နိုင်မှုနည်းပြီး ကုန်အညွှန်းအမှတ် အသား အပြည့်အစုံပါသည့် ကုန်အမှတ်တံဆိပ်များက စားသုံးသူ၏ ယုံကြည်စိတ်ချမှုကို ပိုမိုမြင့်မားစေသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကူးစက်တတ်သောရောဂါများအပြင် မကူးစက်နိုင်သော ရောဂါများလည်း ဖြစ်ပွားမှုများပြားနေသည်ကို လေ့လာတွေ့ရှိရပြီး အစားအသောက်၊ နေထိုင်မှုပုံစံ၊ အမူအကျင့်များ ကြောင့်ဖြစ်ပါသည်။ အစားအသောက်နှင့် ဆေးဝါးများ ထုတ်လုပ် ရောင်းချရာတွင် ဈေးကွက်၊ ဈေးနှုန်းနှင့် ဝယ်လိုအားများကြောင့် အရည်အသွေး ပျက်ယွင်းပြီး စံချိန်မမီခြင်းများသည် စားသုံးသူများ၏အခွင့်အရေးများကို ဖောက်ဖျက်လျက်ရှိသည်။
စားသုံးသူများ ရင်ဆိုင်နေရသော ပြဿနာအများစုမှာ အစား အသောက်နှင့် ဆေးဝါးဆိုင်ရာများဖြစ်ပြီး သန့်ရှင်းမှုမရှိခြင်း၊ မလတ် ဆတ်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ဓာတုဗေဒပစ္စည်းများ၊ ပိုးသတ်ဆေး၊ ဆိုးဆေးများအသုံးပြုခြင်း၊ သက်တမ်းလွန် အစား အသောက်နှင့် ဆေးဝါးများရောင်းချခြင်း၊ ဈေးသက်သာပြီး အရည် အသွေးညံ့သော ပစ္စည်းများ၊ စံမမီ မသန့်ရှင်းသော သောက်ရေသန့် များ ဖြန့်ဖြူးရောင်းချနေခြင်း စသည့် ပြဿနာများဖြစ်ပါသည်။
စားသုံးသူများသည် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် သာမက ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင်လည်း ပြဿနာများ ရင်ဆိုင်ကြုံတွေ့ကြရသည်။ အစားအသောက်များ ပြင်ဆင်ပြုလုပ် ရောင်းချရာ ပတ်ဝန်းကျင်သည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ မသန့်ရှင်းခြင်း၊ စားသုံးသူထံမှ ကုန်သွယ်ခွန်ယူသော်လည်း အခွန် တံဆိပ်ခေါင်းမကပ်ပေးခြင်း၊ ဝန်ဆောင်မှုရယူရာတွင် အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းရခြင်း၊ မှာယူသော ပစ္စည်းများ လွဲမှား/ ပျောက် ဆုံးခြင်း၊ အစားအသောက်များ ထုပ်ပိုးရာတွင် အန္တရာယ် ဖြစ်စေ သည့်အရာများဖြင့် ထုပ်ပိုးထားခြင်း၊ အစားအသောက်တွင် အရည် အသွေးနိမ့်ဈေးပေါသောပစ္စည်းများ ထည့်သွင်းထုတ်လုပ်ခြင်း၊ အဖုံး ပွင့်နေသော မသန့်ရှင်းသည့် သောက်ရေသန့်ဘူးများ အသုံးပြုခြင်း စသည်တို့ဖြစ်သည်။
အရည်အသွေးနိမ့်၊ စံချိန်မမီသော ထုတ်ကုန်များ၊ ဘေး အန္တရာယ် မကင်းရှင်းသော အစားအသောက်များနှင့် စံနှုန်းမမီသော ဝန်ဆောင် မှုများကြောင့် စားသုံးသူများကို ထိခိုက်စေပြီး မလိုလား အပ်သော ထိခိုက်နစ်နာမှုများ ဖြစ်စေလျက်ရှိသည်။
စားသုံးသူများကလည်း ရေသန့်ဝယ်ယူသုံးစွဲသော ဈေးကွက် အတွင်း အမှုန်၊ အနည်၊ အနံ့ပါသည့် မသန့်ရှင်းသော ရေမျိုးတွေ့ရှိပါ က တံဆိပ်ပြောင်းသုံးသည်ကိုသာ မပြုလုပ်ကြဘဲ ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများသို့ သတင်းပေးပို့ ခြင်းများ ပြုလုပ်သင့်သည်။ ရေသန့်လုပ်ငန်းရှင်များမှလည်း ရေသန့် သယ်ယူဖြန့်ဖြူးသည့်ကားများကို ကျန်းမာရေးနှင့်ညီညွတ်စွာ အပူ ချိန် အလိုအလျောက်ထိန်းညှိသည့်စနစ်ပါသော အလုံပိတ်ကားများ ဖြင့် သယ်ယူဖြန့်ဖြူးရန်လိုပြီး ထိုသို့သယ်ယူသည့်အတွက် သင့်တင့် မျှတသော ဈေးနှုန်းမြင့်တက်လာမှုကို စားသုံးသူများ နားလည်လက်ခံ စေရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် မီဒီယာများမှ တစ်ဆင့် အသိပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။
စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းစဉ်အနေဖြင့်လည်း အသိပညာပေးဟောပြောခြင်း၊ သတင်းမီဒီယာများ၊ရုပ်/သံအစီအစဉ် များမှတစ်ဆင့် အသိပညာပေးဇာတ်လမ်း၊ ကာတွန်း၊ ဆောင်းပါး၊ ဆောင်ပုဒ်များအား ထုတ်လွင့်ပေးခြင်းတို့ဖြင့် စားသုံးသူများ ဘေး အန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာမှုများ မရှိစေရန် ကာ ကွယ်ပေးဆောင်ရွက်ရပေမည်။
စားသုံးသူ၊ လုပ်ငန်းရှင်နှင့် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့ အစည်းများက အသီးသီး တာဝန်သိစွာ လိုက်နာပူးပေါင်းဆောင် ရွက်ကြခြင်းဖြင့် စားသုံးသူပြည်သူများအားလုံး ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် သက်ရှည်ကျန်းမာစွာ ရှင်သန် နေထိုင်ခွင့်ရရှိကြမည်ဖြစ်ပေသည်။
ကိုးကား။ ။ ကျန်းမာရေးဝန်ကြီးဌာနWebsite Google
ဖြိူးသော်ဆက်(DOCA NPT)
