Main menu

Background

သဘာဝအင်ဖက် တန်ဖိုးမြင့်ထုတ်ကုန်များ

Mon, 08/04/2025 - 10:22 -- journal_editor

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးတွင် နေ့စဉ်နှင့်အမျှ ရာသီ ဥတုပြောင်းလဲမှု၊  ဇီဝမျိုးကွဲများ ဆုံးရှုံးမှု၊ လေထု၊ ရေထုနှင့် မြေထု ညစ်ညမ်းမှုများကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပလတ်စတစ်နှင့် အခြားဓာတုပစ္စည်း  ညစ်ညမ်းမှုကြောင့်လည်းကောင်း၊ တိုက်တာအဆောက်အဦများ ပြားလာခြင်းကြောင့်လည်းကောင်း၊ မြေအောက်ရေထုတ်ယူသုံးစွဲမှု များလာခြင်းကြောင့် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့် အညီ စက်ရုံများ ပိုမိုများပြားလာခြင်းကြောင့် လည်းကောင်း၊ လေ ထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များ လာခြင်း စသော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ရာ ယိုယွင်း ပျက်စီးမှုများ လျှော့ချရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိ သည်။ 
ထိုနည်းလမ်းများအနက်မှ သဘာဝကပေးသည့် တန်ဖိုးမြင့်             ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်း သိမ်းရာတွင် နှစ်ရှည်ခံအင်ပင်သည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။ အင်သားသည် သစ်မာအမျိုးအစားဖြစ်၍ ပြင်းထန်သော ရာသီဥတုဒဏ်များကို  ခံနိုင်ရည်ရှိသောကြောင့် အရှေ့တောင် အာရှ နိုင်ငံများတွင် သင်္ဘောပြုလုပ်ရာ၌ အသုံးပြုကြသည်။ အင်သားသည် အလွယ်တကူ ြွကပ်ဆတ်ကျိုးလွယ်ခြင်းမရှိဘဲ ညွှတ် ကွေး နိုင်သည့် ဂုဏ်သတ္တိရှိသောကြောင့် အချို့သောနေရာ ဒေသများတွင် အိမ်ဆောက်သည့်နေရာများတွင် အသုံးပြုကြ သည်။ အိန္ဒိယနိုင်ငံတွင် အင်သားကို တိုက်ငယ်များ ဆောက်လုပ် ရာတွင် အသုံးပြုကြောင်း သိရသည်။
ရှေးယခင်က ခရီးသွားသည့်အခါ ထမင်းနှင့် ဟင်းများကို အင်ဖက်ဖြင့် ထုပ်ပိုးသယ်ဆောင်သွားလေ့ရှိသည်ကိုလည်း ငယ် စဉ်ကပင်ကြားဖူးနားဝရှိခဲ့သည်။ အင်ဖက်ကို ယနေ့အချိန်ထိ အချို့သော ကျေးလက်ဒေသများတွင် အိမ်၏ အမိုးနှင့် အကာ တို့ကို ပြုလုပ်ရာတွင် အသုံးပြုကြပြီး တစ်နှစ်တစ်ခါ ပြန်လည်ပြု ပြင်၍ အသုံးပြုလေ့ရှိကြသည်။ ယနေ့အချိန်ထိလည်း များသော အားဖြင့် ပန်းဈေးများတွင် ဘုရားပန်းများ ထုပ်ပိုးရာတွင် အသုံး ပြုနေကြဆဲဖြစ်သည်။
ယခင်က တစ်ခါသုံးတန်ဖိုးမြင့်ထုတ်ကုန် ကွမ်းသီးဖတ်ပန်း ကန်ကို စားသုံးသူမိဘပြည်သူများထံ မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။ ယခုတစ်ခါသုံးသဘာဝတန်ဖိုးမြှင့်ထုတ်ကုန် အင်ဖက်ပန်းကန်နှင့် ပါဆယ်ဘူးများကို ထပ်မံ၍ မိတ်ဆက်ပေးလိုပါသည်။ ယင်းထုတ် ကုန်ပစ္စည်းသည် အင်ပင်မှ သဘာဝအတိုင်း ရရှိသောအရွက်ကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ထားသော ထုတ် ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ 
အင်ဖက်ပန်းကန်နှင့် ပါဆယ်ဘူးများထုတ်လုပ်ရန် ကုန် ကြမ်းများစုဆောင်းရာတွင် မိုးမကျခင် သေသပ်လှပသော အင် ဖတ်အရွက်များကိုသာ ရွေးချယ်ဝယ်ယူစုဆောင်းရပြီး အရွက်ရေ ၁၀ဝ ခန့် စည်းထားသော အင်ဖက်များ အစည်းလိုက်ကို မြေပြင်မှ နှစ်ပေခန့်ခွာ၍ ဆောက်လုပ်ထားသော စင်များပေါ်တွင် ထားရှိ သည်။ အပူချိန်ကို သာမန်အခန်းအပူချိန် ၃၅ မှ ၄၅  ဒီဂရီစင်တီ ဂရိတ်အတွင်း  သိုလှောင်ထားရှိပြီး အပူချိန်မြင့်လာပါက လေ အေးပေးစက်များ အသုံးပြု၍ အပူချိန်ကို ထိန်းသိမ်းကြောင်း သိရ သည်။
လှပသပ်ရပ်သော သဘာဝထုတ်ကုန်ပစ္စည်းဖြစ်သော အင် ဖက်ပန်းကန်များနှင့် ပါဆယ်ဘူးများ ရရှိရန်အတွက် အင်ဖက် များကို သန့်စင်သောရေဖြင့် နှစ်ကြိမ်ခန့် ဆေးကြော၍ ရေစင် အောင်  စစ်ထားရသည်။ ထို့နောက် အင်ဖက်များကို နှစ်ရွက် သို့မဟုတ် သုံးရွက်ခန့်ထပ်၍ အသင့်ကျိုထားသည့်  ပလောပီနံ ကော်ကို သုတ်ပေးရပြီး အပူပေးထားသော ပုံစံခွက်(သြိူ)ကို အသုံးပြု၍ အင်ဖက်ပန်းကန်ပြားအဝိုင်း၊ လေးထောင့်နှင့် ပါဆယ် ဘူးများကို လိုသလိုပုံသွင်းယူနိုင်သည်။ 
ထို့နောက် ပုံသွင်း၍ရရှိလာသော အင်ဖက်ပန်းကန် အမျိုး အစားများကို  ပို၍လှပအောင် အနားသပ်များကို ညှိပေးရပြီး နောက် အိုဇုန်းဖြင့် နှစ်နာရီခန့်ကြာအောင် ပိုးသတ်ပါက  ဓာတု ဆေးဝါး လုံးဝပါဝင်ခြင်းမရှိသော သဘာဝတန်ဖိုးမြင့်ထုတ်ကုန် ဖြစ်သည့် အင်ဖက်ပန်းကန်များနှင့် ပါဆယ်ဘူးများကို ရရှိမည် ဖြစ်သည်။
အင်ဖက်သဘာဝတန်ဖိုးမြင့်ထုတ်ကုန်များသည် အင်ပင်မှ ရရှိသော အရွက်ကို အစိုဓာတ် (၁၉-၂၀)တွင် ပုံသွင်း၍ ထုတ်လုပ် ထားခြင်းဖြစ်ပြီး သဘာဝဂေဟစနစ် (Ecosystem)ကို အကျိုးပြု သည့် ထုတ်ကုန်တစ်ခုလည်းဖြစ်သည်။ ဆွေးမြည့်လွယ်သော ကြောင့် အသုံးပြုပြီးနောက် စွန့်ပစ်သည့်အခါတွင်လည်း သစ်ရွက် ဆွေးအဖြစ် တစ်ဖန်ပြောင်းလဲ၍  အပင်များအတွက် ဓာတ်မြေ သြဇာ (fertilizer)) အဖြစ် ထုတ်လုပ်ပေးနိုင်သောကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက မြေထုညစ်ညမ်းမှု (soil pollution) ကိုပါ လျှော့ချပေးသည်။
ထို့ပြင် အင်ပင်၏ ဘေးထွက်ပစ္စည်းတစ်ခုဖြစ်သော အင် ဖက်ကို တစ်ခါသုံး ထုတ်ကုန် (disposable product) သို့မဟုတ် တန်ဖိုးမြင့်ထုတ်ကုန် (valuable  product) အဖြစ် ပြုလုပ်ထားပြီး စွန့်ပစ်သည့်အခါတွင် ပြိုကွဲလွယ်၍ ပိုမိုကောင်းမွန်သောပတ်ဝန်း ကျင်ကို  ပေးစွမ်းနိုင်ခြင်းဖြင့် လူသားများနှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည်။ 
အင်ဖက်ပန်းကန်များတွင် ကျောရိုးတံကို မပျောက်ပျက် စေဘဲ ပုံဖော်ထားသောကြောင့်  သဘာဝထုတ်ကုန် တစ်ခုဖြစ် ကြောင်း ပို၍  ပေါ်လွင်ထင်ရှားစေသည်။ ပြည်တွင်းထုတ်ကုန် (local brand) တစ်ခုအနေဖြင့်  ထုတ်လုပ်ထားသော သဘာဝ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းကို ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သိရှိလာ စေရန် အလှူပွဲ၊ စတုဒိသာပွဲ၊ အချိုပွဲ၊ သစ်သီးပွဲနှင့် အသုပ်များ ထည့်ရာတွင် အသုံးပြုသည်သာမက စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင်ပါ ထည့်သွင်းအသုံးပြုစေချင်သည်။
၎င်းထုတ်ကုန်ပစ္စည်းကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန သတင်း အချက် အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနခွဲ၊ ကုန် ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန စု(လှည်းကူး)ရှိ  မှိုဆိပ်ဓာတ်ခွဲခန်းတွင် အာဖလာတော့ဆင် မှိုဆိပ် ပါဝင်မှု ပမာဏကို  စမ်းသပ်စစ်ဆေးရာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့WHO)မှ ထုတ်ပြန်ထားရှိသော ပမာဏထက် ကျော်လွန်မှု မရှိကြောင်း တွေ့ရသည်။ 
တန်ဖိုးမြင့်ထုတ်ကုန် အင်ဖက်ပန်းကန်ကို ထုတ်လုပ်ရာတွင် စားသုံးသူ ပြည်သူများအား ငွေကြေးအဖိုးအခ သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်အောင် ထုတ်လုပ်ထားရှိသည့်အပြင် ဓာတုပစ္စည်း များဖြင့် ပြုပြင်ပြောင်းလဲထားခြင်းမရှိသည့်အတွက် သုံးစွဲသည့် အခါ အမြင်မတူညီသည့် ရှုထောင့်မှ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါသည်။
ထို့ကြောင့် အသေးစား၊ အလတ်စား၊ စီးပွား ရေး လုပ်ငန်း များ(SMEs) ပြပွဲ များတွင် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ် ဖြန့်ဖြူးမိတ်ဆက်ပြီး ပြည်ပသို့ခြေဆန့်နိုင်အောင် ကြိုးပမ်းခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း များပြားစေပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရုံသာမက ပြည်ပဝင်ငွေကိုလည်း ပိုမိုရရှိ စေမည်ဖြစ်သည်။ 
နည်းပညာထွန်းကားလာသည့်ခေတ်တွင် စားသုံးသူမိဘ ပြည်သူများအနေဖြင့် ခေတ်မီအသုံးအဆောင်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို ရွေးချယ်ဝယ်ယူလာနိုင် သည်နှင့်အမျှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စွန့်ပစ် ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးကို အရှိန်မြှင့်တင်၍  လုပ်ဆောင်သွားကြရန် တိုက်တွန်းအကြံပြု လိုက်ရပါသည်။ 

 

ယုယုအောင်