Main menu

Background

ကွမ်းသီးပင်အကြောင်သိကောင်းစရာ

Mon, 06/05/2023 - 13:23 -- journal_editor

ကွမ်းသီးပင်ကို   အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ    ကျွန်းများတွင် ပူ၍ စိုထိုင်းသောဒေသများ၌  စိုက်ပျိုးသည်။  မြန်မာ နိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍  ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့်စစ်တွေခရိုင်များဖြစ်ကြ သည်။ ကွမ်းသီးပင်သည်   ပင်လယ်မိုင် ၂၀ဝခန့် အတွင်း အမြင့်ပေ၃၀ဝ၀ အောက်ရှိသော အရပ် ဒေသတို့တွင် ရေဖောဖောသီသီရရှိ၍  ရေမဝပ် လျှင် အထူးဖြစ်ထွန်းသည်။နုန်းမြေသည်ကွမ်းသီး ပင်စိုက်ပျိုးရန် အထူး သင့်လျော်သည်။             ထို့ကြောင့်  ကွမ်းသီးပင်   စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတစ်လျှောက်နှင့်  တောင်ချိုင့် ဝှမ်းများ၊ ကိုင်ကျွန်းများ၌တွေ့ရ သည်။ တောင်ငူ ခရိုင်တွင် ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြ သည်။   မြစ်ဝကျွန်းပေါ်ဒေသများနှင့်  ပင်လယ် ကမ်းမြောင်ဒေသများသို့၌ ကွမ်းသီးပင်ကိုအခြား သီးစားပင်များဖြစ်ကြသော   သရက်၊   ပိန္နဲပင်၊ မရန်းပင်၊ အုန်းပင် စသည်တို့နှင့် ရောစိုက်လေ့ရှိ သည်။ကွမ်းသီးပင်စိုက်ပျိုးရာတွင် အရေးကြီးသော အချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါ တွင်    ရေလုံလုံလောက်လောက်  ပေးနိုင်ရန်ဖြစ် သည်။ 
ပျိုးထောင်ရန်    ပျိုးခင်းများကို နွေရာသီ ကပင် စတင်၍    ပြုပြင်ပေးရသည်။  အောက်ပါ နည်းမှာ ခြံသမား၊ ဥယျာဉ်သမားများ  လုပ်လေ့ရှိ သော အလေ့အထပင်ဖြစ်သည်။မြေတွင်တစ်ပေခန့် နက်သော ကျင်းများတူးဖော်ပြီးနောက်   ကျင်းထဲ တွင် ကောက်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရ သည်။ ထို့နောက် ရင့်မှည့်၍မျိုးကောင်း၊ အလုံး ကောင်းဖြစ်သော ကွမ်းသီးများကိုကျင်းထဲ၌ တစ် ပေခွဲ၊ နှစ်ပေ စီခွာလျှက် စိုက်ရသည်။ ထိုမျိုးကွမ်း သီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တစ်ဖန်ဖုံးပြီးသော်   အပေါ်ယံ၌  မြေကြီးထပ်၍ အုပ်ထားရသည်။   ထိုသို့  စိုက်ပျိုးပြီးနောက်   မျိုး ကွမ်းသီးများ  အစို့ပေါက်စေရန်   မိုးဖြိုင်ဖြိုင်ကျ သည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။ တစ်လမှ သုံးလကြာသည့်အချိန်၌  အစို့ကလေး များ ထွက်လာကြပြီးလျှင်   တစ်နှစ်ခန့်ကြာသော် ပြောင်းရွှေ့စိုက်ရန်အရွယ်ဖြစ်လာသည်။ 
ပျိုးခင်းတွင် ပျိုးပင်ကလေးများ   ကြီးပြင်း နေစဉ်အတောအတွင်း၌ စိုက်ခင်းများ ပြုပြင်ကြ ရမည်။တောချုံတို့ကို စိုက်ခင်း မြေပြင်ပေါ်မှ ရှင်း လင်းလျက်ရေသွင်းမြောင်းများကို တူးဖော် တွယ် တန်းပေးရသည်။ မိုးဦးကျစအချိန်သည် ပြောင်း ရွှေ့စိုက်ပျိုးရန်     အကောင်းဆုံးအချိန်ဖြစ်သဖြင့် မိုးမကျမီ တစ်လခန့်က    ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော်ပြင်ဆင်ထားရသည်။ ကျင်း များသည် တစ်ပေခွဲခန့်နက်၍ တစ်ပေခန့်ကျယ်ရ သည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်း များသည် တစ်ခုနှင့်တစ်ခု ၆ပေထက် မနည်းကွာ ဝေးစေရသည်။ အကောင်း ဆုံးအကွာအဝေးမှာ ရှစ်ပေဖြစ်သည်။ အခြားအသီးစားပင်များကိုရော စိုက်လျှင် သင့်လျော်သလိုကြည့်၍ အကွာအဝေး ကိုပြုပြင်ရသည်။  ကွမ်းသီးပင်များသည် တပို့တွဲ၊ တပေါင်းလများတွင်  စပွင့်ကြပြီးလျှင် သီတင်း ကျွတ်၊ တန်ဆောင်မုန်း၊နတ်တော်လများ၌ အသီး များ ရင့်မှည့်၍    ဆွတ်သိမ်းရန်အချိန်ကြရောက် သည်။ ကွမ်းသီးပင်များကို သုံးကြိမ်သုံးခါ ဆွတ် ခူးရသည့်အနက် ပထမအကြိမ်မှာ   အများဆုံး ဆွတ်ခူးရလေသည်။ အသီးများသည် အမှည့်လွန် ပါက အခွန်ခွာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေအထားလောက်တွင်ဆွတ်သိမ်းရန် အကောင်း ဆုံးဖြစ်သည်။  သီးစအပင်များသည် တစ်ပင်လျှင် အသီး၃၀ခန့်သာသီးပြီး အပင်ကြီးများသည် တစ် ပင်လျှင်အသီး၂၅၀အထိ သီးတတ်ကြသည်။
ကွမ်းသီးပင်သည် အသက်   ၂၀၊ ၂၅နှစ် အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင် အသီးဆုတ်သွားပြီးလျှင်   အနှစ် ၄၀၊   ၅၀နှစ် လောက်တွင်   သေတတ်ကြသည်။ ကွမ်းသီးပင် များကို ဆွတ်သိမ်းပြီးလျှင်ပြီးချင်း ကွမ်းသီးခင်းထဲ ၌ အခွံများကို  ဓားဖြင့်ခွာပစ်ရသည်။ အခွံခွာပြီး နောက် ကွမ်းသီးပြုပြင်ယူကြရသည်။ 
မြန်မာနိုင်ငံ အောက်ပိုင်း၌ ကွမ်းသီးပြုပြင် ယူပုံမှာ အခွံချွတ်ပြီးသော ကွမ်းသီးများကို ထုံး ရေတွင်     သုံးနာရီလေးနာရီခန့်   ကျိုပြီးနောက် အခြောက်လှန်းရသည်။ ထုံးရေ၌ကျိုခြင်းသည် အဖန်ဓာတ်ထွက်၍ အနံ့အရသာ   ကောင်းမွန်စေ သည်ဟု မှတ်ယူကြသည်။   ကွမ်းသီးသည် ဖန် သည်၊ ချုပ်သည်၊ မမှည့်သေးသော ကွမ်းသီးသည် ဝမ်းသက်စေသည်။ မှည့်ပြီးကွမ်းသီးကို သံချဆေး အဖြစ် အသုံးပြုကြသည်။ ကွမ်းသီးပြာသည် သွား တိုက်ဆေး၊ သွားနာဆေးအဖြစ် ကောင်းသည်။ 
ကွမ်းသီးပင်၏အသားမှာအလွန် မာကျော သဖြင့် ယင်းတို့ကို လေးကိုင်း၊  လှံရိုး၊ ထမ်းပိုးများ ပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းစားကုန် ပစ္စည်းများ ဖူလုံစေရန်အတွက် ကွမ်းသီးပင်စိုက် ပျိုးရေးစီမံကိန်းများကို    နိုင်ငံတော်အစိုးရက အကောင်အထာ်ဖော်လျက်ရှိသည်။ ၁၉၅၃ ခုနှစ် မှစတင်၍ ထိုစီမံကိန်းကို ဆောင်ရွက်ရာ ထိုနှစ် အတွင်း  ကွမ်းသီးပင်ပေါင်း ၅၀ဝ၀ဝ၀ခန့် စိုက် ပျိုးခဲ့ကြသည်။ ထို့ပြင် ပြည်သူများ ကွမ်းသီးပင် ပေါက်များကို   လွယ်လင့်တကူ   ဝယ်ယူစိုက်ပျိုး နိုင်ကြစေရန် ရည်ရွယ်၍ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ တောင်ငူ၊ ကျောက်ဖြူ၊ မတ္တရာ စသောမြို့များတွင် စိုက်ပျိုး ရေးဌာနများ ဖွင့်လှစ်၍ ကွမ်းသီးပင်ပေါက်များကို ရောင်းချပေးလျက်ရှိခဲ့သည်။
ထိုကဲ့သို့စိုက်ပျိုးကြရာ၌ ၆၀ရာခိုင်နှုန်းမျှ လောက်သောကွမ်းသီးပင်များသည် ကောင်းစွာဖြစ်ထွန်းခဲ့သည်ကိုတွေ့ရှိရသဖြင့် အနာဂတ်တွင် ထိုထက်  တိုးတက်၍   စိုက်ပျိုးသွားကြမည်ဖြစ် ကြောင်း သိရှိရသည်။    

 

Phyo(DOCA)