Main menu

Background

ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲခြင်း

Tue, 07/18/2023 - 14:18 -- journal_editor

ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲခြင်း (Wealth Management) ဆိုသည်မှာ  ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခု (သို့) ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုသည် ၎င်း၏ ဖောက်သည်တစ်ဦး သို့မဟုတ် မိသားစုတစ်စု သို့မဟုတ် အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များပေး ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပေးခြင်းတို့ကို ဆိုလိုသည်။ အဆိုပါ   ရင်းနှီးမြှုပ်နှံမှုအကြံပေးအဖွဲ့များသည် မိမိ ဖောက်သည်များ၏  ငွေကြေးပိုင်ဆိုင်မှု နှင့် သုံးစွဲနိုင်မှု အခြေ အနေကိုလိုက်၍ မည်သည့်အက်ဆက် အတန်းအစားများကို ဝင်ရောက်ရင်းနှီးမည်၊ မည်သို့သော စတော့များ ၊ရင်းနှီးမြှုပ်နှံမှု  စာချုပ်စာတမ်းများကို ရွေးချယ်ရင်းနှီးမြှုပ်နှံမည်ကို  စီမံခန့်ခွဲ ပေးကြရသည်။ ထို့ပြင် အဆိုပါ ပရော်ဖက်ရှင်နယ်အဖွဲ့များသည် ဖောက်သည်တို့အတွက်  ရင်းနှီးမြှုပ်နှံမှု အကြံပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။ 
၎င်းအဖွဲ့များသည် ဖောက်သည်တို့၏ ဆုံးရှုံးနိုင်ခြေ ခံနိုင် ရည်ရှိမှု (Risk Tolerance) နှင့် ခွဲခြမ်းစိတ်ဖြာ ရင်းနှီးမြှုပ်နှံလိုမှု (diversification) အခြေအနေများကိုမူတည်ကာ ရင်းနှီးမြှုပ်နှံမှု များကို ရွေးချယ်ပြုလုပ်ပေးကြရသည်။ တစ်ခါတစ်ရံဖောက်သည် တို့အား ၎င်းတို့အကြံပေးထားသည့်အတိုင်း  ကိုယ်တိုင်ကိုယ်ကျ ဈေးကွက်တွင် ဝင်ရောက်ရင်းနှီးစေကာ တစ်ခါတစ်ရံ ၎င်းတို့ထံ သို့ အပ်နှံကာ  ဖောက်သည်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုများကို ပြု လုပ်ပေးခြင်းများလည်းရှိသည်။ ရင်းနှီးမြှုပ်နှံမှု အကြံပေးတို့သည် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်များ ကို ချမှတ်ကာ ရင်းနှီးမြှုပ်နှံသူ များအတွက် အမြင့်ဆုံးပြန်ရချက် (maximum return)များရရှိ  စေရန် ဆောင်ရွက်ပေးကြရသည်။
ချမ်းသြွာကယ်ဝမှု စီမံခန့်ခွဲခြင်းလုပ်ငန်းသည် ဖောက်သည် တို့အတွက် အကြံÓဏ်ပေးခြင်းအပြင် အခြားသော လုပ်ငန်း ပေါင်းများစွာကို ဆောင်ရွက်ပေးကြရသည်။ ၎င်းအဖွဲ့တို့သည် အတိုင်းအတာတစ်ခုအထိ ဖောက်သည်တို့ ယုံကြည်အပ်နှံလိုက် သည့် ငွေကြေးကို စီမံခန့်ခွဲပေးကြရသည့်အပြင် ဖောက်သည်တို့၏ ဘဏ္ဍာငွေ စီမံချက်များ၊ လက်လီဘဏ်လုပ်ငန်းများ၊ အိမ်ခြံမြေ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ဥပဒေရေးရာ အကြံပေးခြင်းများနှင့် အခွန်ပေးဆောင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးကြရသည်။ ဆက်လက်ပြီး ဖောက်သည်တို့ ပိုင်ဆိုင်မှုများ အတွက်  အာမခံလုပ်ငန်းများ၊  နှစ်စဉ် ငွေကြေးထည့်ဝင်ခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လာကြသည်။ အဆုံးတွင် ဖောက်သည်တို့၏  ငွေကြေးရင်းနှီးမြှပ်နှံမှု  ရည်မှန်းချက်များ ပြည့်မီစေရေး၊ တည်ငြိမ်၍ ရေရှည်တည်တံ့သည့် ငွေကြေးများ စီးဝင်စေရေးအတွက် ဆောင်ရွက်ပေးကြရသည်။ 
ရင်းနှီးမြှုပ်နှံမှုအကြံပေးအဖွဲ့များသည် ဖောက်သည်တို့၏ ငွေကြေးကို စီမံခန့်ခွဲရာတွင် ကိုင်တွယ်ဆောင်ရွက်မည့် ပမာဏ ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသိန်း သတ်မှတ်ထားရှိ သည်။ သို့သော် ယင်းပမာဏသည် နိုင်ငံတစ်ခုနှင့်တစ်ခု တူညီနိုင် မည်မဟုတ်ပါ။  အချို့သောအဖွဲ့များသည် ကန့်သတ်ထားသော အရင်းအမြစ်များကို စီမံခန့်ခွဲရန်အတွက် ကိုင်တွယ်ဆောင်ရွက် မည့်ပမာဏကို တိုးမြှင့်သတ်မှတ်ထားလေ့ရှိသည်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်  တစ်ခုဖြစ်သည့်   Goldman Sachs  သည် အနည်းဆုံး စီမံခန့်ခွဲပေးရမည့်ငွေကို ဒေါ်လာ ၂၅ သန်း သတ် မှတ်ထားရှိသည်။  အချို့သော   ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် Private Client Service ကိုဖွဲ့စည်းကာ အထက်ဖော်ပြပါ ငွေကြေး ပမာဏကို ပြည့်မီခြင်းမရှိသော သူများအတွက် ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလေ့ရှိသည်။
 ငွေကြေးပမာဏနည်းပါးသည့် ဖောက်သည်များအတွက် ရင်းနှီးမြှုပ်နှံမှုဘဏ်များရှိ လက်လီအကြံပေးများ (retail advisor)) က ရင်းနှီးမြှုပ်နှံဘဏ်များမှ ကမ်းလှမ်းသည့် ရင်းနှီးမြှုပ်နှံမှု အစု  များနှင့် ပြင်ပမှ ရင်းနှီး မြှုပ်နှံမှုများကို တာဝန်ယူဆောင်ရွက်ပေး သည်။  Goldman Sachs  မှလွဲ၍   ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများ အားလုံးတွင် လက်လီရင်းနှီးမြှုပ်နှံသူများအတွက် ဝန်ဆောင်ပေး သည့်ဌာနများထားရှိသည်။ လက်ရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု  ဘဏ်ကြီးများမှာ Morgan Stanley, Bank of America, Merrill Lynch , Wells Fargo,  Wachoviaနှင့် UBS  တို့ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုဘဏ်များအောက်တွင်ရှိသည့်   အကြံပေး အရာရှိများသည်  မိမိတို့ဖောက်သည်များ၏ အပ်နှံထားသည့် ငွေကြေးများကို  ၎င်းတို့၏ ဆုံးရှုံးမှုဒဏ် ခံနိုင်ရည်အပေါ်မူတည် ကာ အမြင့်ဆုံးပြန်ရချက်ကိုရရှိအောင် ဆောင်ရွက်ပေးကြရသည်။ တစ်ခါတစ်ရံ ဖောက်သည်တို့သည် ရင်းနှီးမြှုပ်နှံမှုဘဏ်၏လုပ် ငန်းစဉ်များတွင် ပါဝင်ခြင်းမရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆောင် ရွက်ရန်ပင် ညွှန်ကြားလေ့ရှိသည်။ တစ်ခါတစ်ရံ  ဖောက်သည်၏ဆန္ဒကို  ဖြည့်စွမ်းသည့်အနေဖြင့် မိမိ၏ပြိုင်ဘက်များထံသို့ပင် မိမိတို့မလုပ်နိုင်သည့် လုပ်ငန်းများကို လွှဲအပ်ပေးရသည်များလည်း ရှိသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ဖောက် သည်များ၏ဆန္ဒကို  ပြည့်ဝစေရန်အတွက် လုပ်ငန်းများအားလုံး ကို စီစဉ်ထားရှိကြရသည်။ 
ရင်းနှီးမြှုပ်နှံမှုဘဏ်များရှိ Wealth management အကြံ ပေးများသည်  ပိုင်ဆိုင်မှုစီမံခန့်ခွဲသည့်Asset Management ဌာန နှင့် ညှိနှိုင်းကာ ဖောက်သည်များအတွက် ရင်းနှီးမြှုပ်နှံမှု ရည်မှန်း ချက်များပြည့်စုံစေရန်   ဆောင်ရွက်ကြရသည်။ အထူးသဖြင့် ကုမ္ပဏီများ၏   ရှယ်ယာများကို  အများပြည်သူသို့ ကမ်းလှမ်း ရောင်းချရာတွင် ကြားမှ တာဝန်ခံဖြန့်ချိသူ  underwriter များ အဖြစ် တာဝန်ယူဆောင်ရွက်ကြရသည်။ တစ်ခါတစ်ရံတွင် ရင်းနှီး မြှုပ်နှံမှုဘဏ်အောက်ရှိ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ များ နှင့်ပူးပေါင်းကာ ဖောက်သည်များအတွက် စတော့ဈေးကွက် ကို လှုပ်ရှားသက်ဝင်လာစေရေးအတွက် market making လုပ်ငန်း မျိုးကိုလည်း ဆောင်ရွက်ကြသည်။
သုတေသနလုပ်ငန်းများဆောင်ရွက်
အထက်ပါရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ၎င်းတို့၏ ဖောက် သည်များ၏  ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ   ပြည့်ဝစေရေး အတွက် သုတေသနဌာနကြီးများကို တည်ထောင်ထားကြသည်။ အဆိုပါ သုတေသနဌာနများသည် စတော့ရှယ်ယာများ၊ ငွေချေး စာချုပ်များ၊  ငွေကြေးနှင့် ကုန်စည်ဈေးကွက်များအားလုံးကို သုတေသနပြုလုပ်ကြသည်။ သုတေသန ပရော်ဖက်ရှင်နယ်များ သည်  နိုင်ငံစီးပွားရေး  အခြေအနေများ၊   ရင်းနှီးမြှုပ်နှံမှုအစု
(Portfolio ရင်းနှီးမြှုပ်နှံမှု) များ၊ အသွင်ပြောင်း စာချုပ်စာတမ်းများ Derivative)၊ ကြွေးမြီ အကဲဖြတ်ချက်များ စသည်တို့ကို အထူးပြု လေ့လာကြသည်။ ယင်းသို့သော အခြေခံလေ့လာချက်များမှ ရရှိ သည့် အခြေခံအယူအဆများကို မူတည်ကာ ရလဒ်များကို ထုတ် နုတ်ယူကြသည်။
စတော့ရှယ်ယာဈေးကွက်ကို   လေ့လာသည့် အီကွစ်တီ သုတေသနသည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများကို အထူး ပြုလေ့လာခြင်းဖြစ်ပြီး လုပ်ငန်းကဏ္ဍကြီးများအလိုက်သော်လည်း ကောင်း၊ ဒေသအလိုက်သော်လည်းကောင်း သုတေသနပြုလုပ်ကြ  သည်။ တစ်ခါတစ်ရံ  မေခရို၊ ကွမ်တီတေးတစ်ဖ်နှင့် ဒီရီဗေးတစ်ဖ် တို့ကို  လေ့လာသည့်အဖွဲ့များနှင့်  ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်များကို ဖော်ထုတ်ကြသည်။ 
စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့သည် နိုင်ငံ၏  မေခရို စီးပွားရေးမူဝါဒများ၊ စီးပွားရေး ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း  ကိစ္စများ၊ အတိုးနှုန်းများကို ဒေသ တစ်ခုချင်းအလိုက် လေ့လာသုတေသနပြုကြသည်။ ပုံသေအတိုး နှုန်းရရှိသည့် ငွေချေးစာချုပ်ဆိုင်ရာ သုတေသနအဖွဲ့များသည် ကော်ပိုရိတ် ငွေချေးစာချုပ်များထုတ်ဝေမှုကို ကဏ္ဍအလိုက်ခွဲခြမ်း စိတ်ဖြာပြီး ြွေကးမြီနှင့် ဆုံးရှုံးနိုင်ခြေများကို နှိုင်းယှဉ်လေ့လာမှု များ ပြုလုပ်ကြသည်။  ကုန်စည်များနှင့် သက်ဆိုင်သော သုတေ သနတွင် စွမ်းအင်နှင့် တန်ဖိုးကြီး သတ္တုများ၏ ဈေးကွက်အခြေ  အနေများကို လေ့လာသုံးသပ်မှုများ ပြုလုပ်ကြသည်။
သုတေသနအဖွဲ့များသည် ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်၏ ရောင်းဝယ်ရေးဌာနခွဲ (trading Division)နှင့် အတူတကွ ပူးပေါင်းကာ လုပ်ငန်းများဆောင်ရွက်ကြရသည်။ သုတေသန အဖွဲ့ကို အရောင်းဘက်မှ ဖောက်သည်များကို တာဝန်ယူဆောင် ရွက်ပေးသည့်  ျနူ-ျငိန သုတေသနအဖွဲ့နှင့် ဝယ်ယူသူ ဖောက် သည်များဘက်ကို  တာဝန်ယူဆောင်ရွက်ပေးသည့်Sell -side သုတေသနအဖွဲ့ဟူ၍ ခွဲခြားထားသည်။
ရင်းနှီးမြှုပ်နှံမှုဘဏ်အတွင်းရှိ Sell side  သုတေသနအဖွဲ့ များသည် သရုပ်ခွဲပညာများကို အသုံးပြုကာ သုတေသနလုပ်ငန်း များကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ကြရသည်။ ၎င်းတို့သည် လေ့လာမည့်ဌာနတစ်ခု၊ ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးမော်ဒယ်လ် များကိုလည်းကောင်း၊ ဝင်ငွေအလားအလာများကိုလည်းကောင်း၊ ပိုင်ဆိုင်မှုအက်ဆက်များ၏ အနာဂတ်ကာလတွင်ရှိမည့် တန်ဖိုး များကိုသော်လည်းကောင်း တွက်ချက်လေ့လာကြရသည်။ ဆက် လက်၍ အခြားသော တန်ဖိုးတွက်ချက်သည့် မော်ဒယ်များဖြစ် သည့် အရွယ်အစားနှင့် လုပ်ငန်းတူညီသည့် အခြားသောကုမ္ပဏီ များ၏အနေအထားကို နှိုင်းယှဉ်လေ့လာခြင်း(peer comparison)၊ ငွေသားစီးဆင်းမှု လျှော့နှုန်းတွက်ချက်သည့် နည်းစနစ် (discount  cash flow analysis) နှင့် အစားထိုးတန်ဖိုးများကို အသုံးပြုတွက် ချက်လေ့ရှိသည်။
သုတေသနဌာနများမှ ထွက်ပေါ်လာသည့် ရလဒ်များနှင့် သုံးသပ်ချက်များကို ရင်းနှီးမြှုပ်နှံမှုဘဏ်အောက်ရှိ ရင်းနှီးမြှုပ်နှံမှု  အကြံပေးဌာနများမှတစ်ဆင့် ၎င်းတို့၏ ဖောက်သည်များထံသို့ ရောက်ရှိသွားသည်။ ဖောက်သည်များသည် ရရှိလာသည့်အဆိုပါ အကြံပေးချက်များ၊ ထင်မြင်ယူဆချက်များအပေါ် အခြေခံကာ  မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များကို အကောင်အထည် ဖော်ကြသည်။
ဥပမာ- ကုမ္ပဏီတစ်ခုကို  အကဲဖြတ်ထားသည့် တန်ဖိုး သည် ယင်းကုမ္ပဏီလက်ရှိစတော့ဈေးကွက်တွင် ပေါက်နေသည့် ဈေးထက်  ပိုမိုများပြားပါက သုတေသန  အကဲဖြတ်ချက်တွင် overweight  သို့ buy ဟူသော မှတ်ချက်များပေးလေ့ရှိပြီး အကယ် ၍ သုံးသပ်ချက်များက လက်ရှိဈေးကွက်ပေါက်ဈေးထက် နည်း နေလျှင်  underweight သို့  sell  ဟူသော မှတ်ချက်များပေးလေ့ ရှိသည်။ သုတေသနပြုချက်နှင့် ဈေးကွက်ပေါက်ဈေး တူညီလု နီးပါးဖြစ်နေချိန်တွင်  equal weight  ဟူသည့်မှတ်ချက်များကို ပေးလေ့ရှိသည်။
စတော့ဈေးကွက် သုတေသနအဖွဲ့များသည် သုတေသန အစီရင်ခံစာများကို ၎င်းတို့၏ဖောက်သည်များ၊ ရင်းနှီးမြှုပ်နှံသူ များထံသို့ သုံးလပတ် အစီရင်ခံစာများနှင့်အတူ ပေးပို့လေ့ရှိသည်။  ၎င်းအပြင် ကုမ္ပဏီ၏ အထူးအစီရင်ခံစာများ၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SEC ၏ သတ်မှတ် ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီ၏ ဖွင့်ဟကြေညာချက် (disclosure) များရှိတိုင်း ၎င်း၏ ဖောက်သည်များထံသို့ ပေးပို့ကြရသည်။ အခါ အားလျော်စွာ  ကုမ္ပဏီ၏အခြေပစ္စည်း  (Property)ပိုင်ဆိုင်မှု တန်ဖိုးများကို တွက်ချက်ဖော်ပြသည့်  အစီရင်ခံစာများကိုလည်း ရင်းနှီးမြှုပ်နှံသူများထံသို့ ပေးပို့ကြရသည်။ ရင်းနှီးမြှုပ်နှံမှုဘဏ်၏ အထူးဖောက်သည်များအတွက် သုတေသန အစီရင်ခံစာများကို ၎င်းတို့၏  ဝက်ဘ်ဆိုက်များသို့ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုရန် ခွင့်ပြုထားပြီး ဆွေးနွေးမေးမြန်းမှုများကိုလည်း အွန်လိုင်းဖြင့် အချိန်နှင့်တစ်ပြေးညီ  ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြ သည်။                      

  Source : Investment Guide Book

 

ထွန်းသက်ထွန်း