Main menu

Background

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ပြည်ပ‌ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်စို့

Mon, 07/31/2023 - 11:45 -- journal_editor

ကျွန်တော်တို့နိုင်ငံတွင် ရေပန်းအစားဆုံး အစည်းအဝေးကို ပြပါဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းနှင့် ဆက်စပ်သော အစည်းအဝေးများပင်ဖြစ်သည်။ အမှန်တကယ်လည်း လုပ်သင့်သည့် အစည်းအဝေးများဖြစ်ပြီး အကောင်အထည်ဖော် ဆောင်သင့်သည့် လုပ်ငန်းလည်းဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ က ကိုရီးယားနှစ်နိုင်ငံသည် စစ်ပွဲများကြောင့် စားစရာပင် အနိုင်နိုင် ဖြစ်ခဲ့သည့်အချိန်တွင် တောင်ကိုရီးယားနိုင်ငံကို ကယ်တင်ခဲ့သည့် လုပ်ငန်းသည်လည်း   အသေးစား၊  အငယ်စားနှင့်  အလတ်စား လုပ်ငန်းစုများပင်ဖြစ်သည်။
မြန်မာမှုနယ်ပယ်တွင်လည်း တစ်နေ့တစ်လံ..ပုဂံ ဘယ်ရွေ့ မလဲဆိုသည့်အတိုင်း နိုင်ငံ့စီးပွားရေး ပြန်လည်မြှင့်တင်ရန် အသေး စား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများမှ စတင်ရမည်သာဖြစ် သည်။  
သို့အတွက်ကြောင့်လည်း နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ ထုတ်လုပ်သော ကုန် ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်၍ ပြည်ပဈေးကွက် သို့တင်ပို့နိုင်ရေး တိုက်တွန်းအားပေးလျက်ရှိသည်။
အသေးစား အငယ်စားနှင့် အလတ်စားထုတ်ကုန်များ 
တန်ဖိုးမြင့် ထုတ်ကုန်သို့ ထုတ်လုပ်ရေး
ကျွန်တော်တို့နိုင်ငံသည် သဘာဝက အဖိုးတန်ကုန်ပစ္စည်းများ ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ ဖောဖောသီသီ အလုံအလောက် ပေးထားသည်။  တွယ်အပ်သေးသေးမှသည် Semi -conductor  အတွက်လိုအပ်သော   တွင်းထွက်သတ္တုပစ္စည်းအမျိုးမျိုး၊ ၎င်းမှ လေယာဉ်ပျံကြီးအထိ ထုတ်လုပ်နိုင်သော ကုန်ကြမ်းများ အကုန်ရရှိ နိုင်သည်။  စိုက်ပျိုးသီးနှံအမျိုးမျိုးဘက်တွင်လည်း  ကောက်ပဲသီးနှံအစုံ အလင်ထွက်ရှိသော တိုင်းပြည်ဖြစ်သည်။ 
ကျွန်တော်တို့၏   အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများမှ ဆန်းသစ်တီထွင်ထုတ်လုပ်မည့် ကုန်ပစ္စည်းများ လူ ကြိုက်များလာစေရန်အတွက် အောက်ဖော်ပြပါ ထုတ်လုပ်မှု လုပ်ငန်း စဉ်များ သိရှိလိုက်နာသင့်ကြောင်း အကြံပြုလိုပါသည်-
    (၁)    အမယ်သစ်ထုတ်ကုန်ပစ္စည်းဖြစ်ခြင်း၊
    (၂)    အကောင်းဆုံးသော ကုန်ကြမ်းများအသုံးပြုခြင်း၊
    (၃)    ထုတ်လုပ်သော စက်ပစ္စည်းကိရိယာ အဆင့်မြင့်မြင့် အသုံးပြုခြင်း၊
    (၄)    အဆင့်မြင့်နည်းပညာ အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ခြင်း၊
    (၅)    ထုပ်ပိုးခွံနည်းပညာ အသုံးပြုခြင်း၊
    (၆)    အပြည်ပြည်ဆိုင်ရာနှင့် မြန်မာ့ကုန်အညွှန်းအမှတ် အသား သတ်မှတ်ချက်များအတိုင်း လိုက်နာခြင်း၊
    (၇)    အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းရှိခြင်း၊
    (၈)    ပြည်တွင်းနှင့် ပြည်ပတွင် စက်ရုံ/အလုပ်ရုံခွဲများ ဖွင့် လှစ်နိုင်ရေး ပြင်ဆင်မှုရှိခြင်း၊
    (၉)    ပြည်တွင်း/ပြည်ပ နိုင်ငံတကာ ကုန်စည်ပြပွဲတွင် ပါဝင် ပြသနိုင်ခြင်း၊
    (၁၀)    မြန်မာနိုင်ငံ အစိုးရဌာနများနှင့် အပြည်ပြည်ဆိုင်ရာ ထောက်ခံချက်များ   လိုအပ်သလို  ပါဝင်ထည့်သွင်း နိုင်ခြင်း၊
ပိုးမွှားအန္တရာယ်နှင့် ဓာတုဓာတြွ်ကင်းဆိုင်ရာ သဘောတူညီချက် 
(SPS) သိကောင်းစရာများ

ကျွန်တော်တို့နိုင်ငံ၏ ထုတ်ကုန်များသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ထုတ်ကုန်များအဖြစ်သာ အများစုဖြစ်နေဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အဆင့်မြင့်နည်းပညာဆိုင်ရာ ပို့ကုန်များ ဖြစ်လာမည် ဖြစ်သည်။ ယခုအခါ စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး မျှော်မှန်းပြီး  ပြင်ဆင်ရမည့်အချိန် ဖြစ်သည်။ ထုတ်ကုန်များ၏ အရည်အသွေး ဖွံ့ဖြိုးရေးနှင့်ဈေးကွက် ရရှိရေး စနစ်တကျလေ့လာပြီး ဆောင်ရွက်သကဲ့သို့ ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုအတွက် သတ်မှတ်ချက်များလည်း လေ့လာသိရှိသင့် သည်။
ဥပမာ- ကျွန်တော်တို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ဘေးကင်းလုံခြုံမှုစစ်ဆေးခံရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံမှုမရှိကြောင်း တွေ့ရှိပါက ၎င်းပို့ကုန်ပစ္စည်းအား ပြန်လည်သယ်ယူစေသည့် လုပ် ထုံးလုပ်နည်းများလည်း ပြဋ္ဌာန်းထားသည်။ သို့အတွက် နိုင်ငံအချို့၏ ဘေးကင်းမှုသတ်မှတ်ချက်အား ဖော်ပြလိုသည်။ 
ကုန်ပစ္စည်းများအပေါ် ဓာတုဓာတြွ်ကင်းနှင့် ပိုးမွှားပါဝင်မှုများ အတွက် အပြည်ပြည်ဆိုင်ရာ စံအညွှန်းသတ်မှတ်ချက်နှင့် နိုင်ငံအချို့ ၏ သတ်မှတ်ချက်များ ကွဲပြားမှုရှိကြောင်း တွေ့ရှိရသည်။  ဃသိနထ စံ သတ်မှတ်ချက်နှင့် ဂျပန်၊ ထိုင်ဝမ်တို့၏ စံသတ်မှတ်လက်ခံမှု မတူညီ တတ်ကြောင်း အောက်ပါအတိုင်း နမူနာဖြင့် ဖော်ပြပါသည်-
Acephate ပါဝင်မှုလက်ခံနိုင်သည့် ပမာဏအချို့
Codex             -    5.0mg/Kg        (5.0ppm)
Japan             -    0.5mg/Kg     (0.5ppm)
Taiwan           -    0.05mg/Kg     (0.05ppm)

Methamidophos ပါဝင်မှုလက်ခံနိုင်သည့် ပမာဏအချို့
Codex         -    1mg/Kg      (1ppm)
Japan        -    0.2mg/Kg (0.2ppm)
Taiwan        -    0.03mg/Kg  (0.03ppm)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် လက်ခံစစ်ဆေးရေးစနစ်
ကျွန်တော်တို့နိုင်ငံ၏  ခေတ်အဆက်ဆက်က ပို့ကုန်များကို အမြဲတမ်းအားပေးလေ့ရှိသည့် နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သော်လည်း လူဦးရေထူထပ်ခြင်း၊ စက်မှု ထွန်းကားခြင်းနှင့် လူနေမှုစနစ်  ပြောင်းလဲကျင့်သုံးမှုများကြောင့် ကျွန်တော်တို့၏ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအားလုံး ဝယ်ယူ သောနိုင်ငံဖြစ်သည်။ ကြီးမားသော ဈေးကွက်ကြီးဖြစ်သည်။ ဤ အချက်ကို ကောင်းစွာအသုံးချနိုင်ရန် ကျွန်တော်တို့၏ထုတ်ကုန်များ ခေတ်မီတိုးတက်ရန်လိုအပ်သည်။ ထို့ကြောင့်လည်း ယင်းနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့သည့်အခါ အထောက်အကူပြုနိုင်ရန် ရေးသား တင်ပြရခြင်းဖြစ်သည်။
အချို့သော မြန်မာကုန်သည်လုပ်ငန်းရှင်များက ပြောကြားရာ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  စံသတ်မှတ်ချက်များ မသိရှိသဖြင့် တရုတ်ရဲများက ဖမ်းသည်၊ တရုတ်ရဲများက မောင်းထုတ်သည်ဟု ပြောတတ်ကြသည်။ ၎င်းစစ်ဆေးသူများမှာ တရုတ်နိုင်ငံ၏ ရဲများ မဟုတ်ဘဲ CIQ (သို့မဟုတ်)AQSIQန်ထမ်းများဖြစ်ကြသည်။ ၎င်း တို့၏တာဝန်မှာ ကုန်ပစ္စည်းများ၏ ဘေးအန္တရာယ်စစ်ဆေးခြင်းနှင့် ဘေးမကင်းကြောင်းတွေ့ရှိပါက ငြင်းပယ်ခြင်း(သို့မဟုတ်) ဖမ်းဆီး ခြင်း၊ ဖျက်ဆီးခြင်း စသည့် တာဝန်များ ထမ်းဆောင်ရန်ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်းသည် ၎င်းတို့၏  တာဝန်ဖြစ်သည်။ ၎င်းတို့ကို တရုတ်နိုင်ငံ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသဖြင့် ပိုမိုထိရောက်မှုရှိသည်ဟုဆိုသည်။   
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုန်ပစ္စည်းများ စစ်ဆေးခြင်း နှင့်  ျှကမေညေအငညန ပြုလုပ်ခြင်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းဖြင့်လည်း ကောင်း၊ အပင်၊ သီးနှံများနှင့် တိရစ္ဆာန်များ၏ အဝင်၊ အထွက်ကို ျှကမေညေအငညန စနစ်ဖြင့်လည်းကောင်း  ထိန်းသိမ်းဆောင်ရွက်လျက်ရှိ သည်။ ၎င်းတို့ကို ကြီးကြပ်ရန် CIQ  နှင့် AQSIQအဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။ 
ဤအဖွဲ့ကြီးများသည် ကျွန်တော်တို့၏ တရုတ်ပြည်သို့ တင်ပို့ သမျှ ပို့ကုန်များကို စစ်ဆေးသည့်အဖွဲ့ဖြစ်သဖြင့် ၎င်းတို့အကြောင်း ကို လေ့လာသိရှိသင့်သည်။ ၎င်းတို့၏လုပ်ငန်းစဉ်များသိရှိ ရန်လိုအပ် သကဲ့သို့ ၎င်းတို့၏ ကုန်ပစ္စည်းလက်ခံကြောင်း သက်သေခံလက်မှတ် ရရှိရေးကိုလည်း မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း လေ့လာ သင့်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်း စစ်ဆေးကာ ကွယ်ခြင်းလုပ်ငန်းကို နှစ်ပေါင်း ၁၀ဝ ကျော် လေ့လာသုတေသန လုပ်ပြီးမှ လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားခြင်းဖြစ်သဖြင့် အမှား အယွင်းကင်းကင်း၊ ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်ခြင်းဖြစ် သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ဆေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေးဆောင်ရွက်ပုံများ အတုယူသင့်ကြောင်း အကြံပြုလိုပါ သည်။                                                                                                                         
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့ကုန်သွယ်ရေးစနစ်နှင့် ဈေး ကွက် အခြေအနေများ လေ့လာခြင်းဖြင့် ကျွန်တော်တို့၏ လုပ်ငန်း ရှင်များကလုပ်ငန်းအသစ်များ ကြိုးစားလုပ်ကိုင်လာမည်ဟု မျှော်လင့် ထားသည်။ ထို့ပြင် ကုန်သွယ်ရေးသုံး လုပ်ငန်းစဉ်များနှင့် ကုန်သွယ် ရေးအခေါ်အဝေါ်များ၊ ငွေကြေး စနစ်များ နားလည်စေရန်နှင့် ဈေး ကွက်တွင် အရောင်းသွက်မည့် ထုတ်ကုန်အသစ်များ တီထွင်ဆန်းသစ် ထုတ်လုပ်နိုင်ရေး အထောက်အကူပြုရန်အတွက် အကျဉ်းမျှသာ ဖော်ပြခြင်းဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် အသေး စား၊  အငယ်စားနှင့် အလတ်စား လုပ်ငန်းများ လုပ်ကိုင်လာရာမှ နောက်ဆုံးတွင် အောင်မြင်သောအကြီးစားလုပ်ငန်းအဖြစ်သို့ အဆင့် ဆင့် တိုးတက်လာကြခြင်းဖြစ်သည်။     
သို့ပါ၍ ကျွန်တော်တို့၏လုပ်ငန်းရှင်များသည်လည်း လုပ်ကိုင် လိုသောစိတ်ပြင်းပြလာပြီး အကြီးစားလုပ်ငန်းကြီးများအထိ တက် လှမ်းစေနိုင်ရန်အတွက် ဤဆောင်းပါး ရေးသားရခြင်းဖြစ်ပါကြောင်း နှင့် နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း ဆောင်ရွက်မှုများ  အမြန်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

ကိုးကားစာစောင်- ဦးမောင်မောင်(ဦးစီးအရာရှိ)၊ 
                 စားသုံးသူရေးရာဦးစီးဌာန၏ Powerpoint

ခမ်လျန်စွမ်း (စီးပွား/ကူးသန်း)