Main menu

Background

ဟင်းချက်ဆီ အမယ်သစ် တန်ဖိုးမြှင့် ထောပတ်သီးဆီ

Wed, 08/30/2023 - 16:12 -- journal_editor

       လူသားတို့ နေ့စဉ်လှုပ်ရှားသွားလာနိုင်ရေးအတွက် လိုအပ် သောစွမ်းအင်ကို စားသုံးဆီအပါအဝင် အခြားအင်အားဖြစ်စေနိုင် သော အစားအစာမျိုးစုံ စားသောက်ခြင်းမှရရှိစေသည်။ အင်အားဖြစ် စေနိုင်သော အစားအစာများတွင် စားသုံးဆီသည် စွမ်းအင်ပမာဏ အများဆုံးကို ပေးနိုင်ပြီး အသက်အရွယ်အလိုက် ပျမ်းမျှလူတစ်ဦး တစ်ရက်လျှင် နှစ်ကျပ်သားစားသုံးနိုင်သည်။ စားသုံးဆီကို ဆီထွက် ပင်ရင်းပေါ်မူတည်၍ အပင်ထွက်ဆီ (Vegetable Oils) ) နှင့် တိရစ္ဆာန် ထွက်ဆီ (Animal Fats)ဟူ၍ နှစ်မျိုးခွဲခြားထားရာ မိမိတို့နေထိုင်ရာ ရေ၊ မြေ၊ ရာသီဥတုနှင့် ယဉ်ကျေးမှုတို့ပေါ် မူတည်၍ အသုံးပြုသည့် ဆီအမျိုးအစားများ ကွဲပြားကြသည်။ မိမိတို့နိုင်ငံတွင် စားအုန်းဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီတို့ကို ဟင်းချက်ဆီအဖြစ် အဓိကအသုံးပြုကြပြီး ရှမ်းနှမ်းဆီ၊ မုန်ညင်းဆီ၊ ဝါစေ့ဆီနှင့် ရောနှောဆီများကို ဒေသအလိုက် အနည်း ငယ် အသုံးပြုကြသည်။ သီရိလင်္ကာနိုင်ငံတွင် အုန်းဆီနှင့် အိန္ဒိယနိုင်ငံ တွင် ထောပတ်နှင့် ဂီးတို့ကို ဟင်းချက်ဆီအဖြစ် အသုံးပြုကြသည်။ ဓနအင်အား  တောင့်တင်းကြသည့် ကမ္ဘာ့နိုင်ငံကြီးများ၌ သံလွင်ဆီ၊ ပဲပုပ်ဆီနှင့် နှမ်းဆီမွှေးတို့အပြင် ထောပတ်သီးဆီကိုပါ အမယ်သစ် ဟင်းချက်ဆီတစ်မျိုးအနေဖြင့် သုံးစွဲနေကြပြီဖြစ်သည်။ ထောပတ်သီး (Avocado)၏ သိပ္ပံအမည်မှာ Persea Americana  Mill ဖြစ်ပြီး အပူပိုင်းဒေသနှင့် မြေထဲပင်လယ်  ရာသီဥတုရရှိသော စပိန်၊ ပေါ်တူဂီ၊ ဗင်နီဇွဲလား၊ မိုရိုကို၊ တောင်အာဖရိက၊ ချီလီ၊ ကိုလံ ဘီယာ၊ ပီရူး၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗဟိုအမေရိက၊ ရဝမ်ဒါ၊ အရီးဇိုးနားနှင့် အီကွေဒေါ စသည့်နိုင်ငံများတွင် စိုက်ပျိုး ဖြစ်ထွန်းသည်၊ ထောပတ်သီးပင်၏ ပန်းပွင့်သည့်ပုံစံနှင့်ပန်းပွင့်ချိန် ကွဲပြားမှုပေါ် မူတည်၍ မျိုးစိတ်များစွာရှိသည့်အနက်မှ မြန်မာနိုင်ငံ တွင် စိုက်ပျိုးသောမျိုးမှာ   Hass  မျိုးဖြစ်သည်။ ၎င်းအမျိုးအစား ထောပတ်သီးတစ်လုံးတွင် အသီးအလေးချိန်၏  ၆၈  ရာခိုင်နှုန်းသည် အသားပိုင်း (Flesh)၊  ၁၈ ရာခိုင်နှုန်းသည် အစေ့ပိုင်း (Seed) နှင့်  ၁၄  ရာခိုင်နှုန်းသည် အခွံပိုင်း (Skin) အဖြစ် ဖွဲ့စည်းထားသည်။
ထောပတ်သီး အသားပိုင်း၌ စုစုပေါင်းဆီပါဝင်မှု (Total Oil Content) သည် စိုက်ပျိုးရာဒေသ၏ ရေ၊ မြေ၊ ရာသီဥတုအလိုက်  ၃၀ ရာခိုင်နှုန်းထိရှိတတ်ရာ စက်ကိရိယာသုံးပြီး ဆီထုတ်ယူသော နည်း (Mechanical Expelling) ဖြင့်ဖြစ်စေ၊ ဓာတုဖျော်ရည်များကို အသုံး ပြုပြီး ဆီထုတ်ယူသောနည်း Solvent Extraction)    ဖြင့် ဖြစ်စေ၊ ဗဟို ခွာအားစနစ်သုံး၍   ရေနှင့် ဆီကိုခွဲထုတ်သောနည်း (Centrifugal Separation) ဖြင့်ဖြစ်စေ ထောပတ်သီးဆီကို ထုတ်ယူနိုင်သည်။ ဓာတု ဖျော်ရည်များကိုအသုံးပြုပြီး ဆီထုတ်ယူသောနည်းဖြင့် ထုတ်ယူ ရရှိသောဆီတွင် ဓာတုဖျော်ရည်များ ရောနှောပါဝင်နေတတ်သော ကြောင့် ဆီသန့်စင်ခြင်းအဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ဗဟိုခွာအားသုံး၍  ရေနှင့်ဆီကို ခွဲထုတ်သောနည်းဖြင့် ထုတ်ယူရရှိသော   ဆီတွင်ကျန်ရှိနေတတ်သော   ရေငွေ့များကို အခြောက်ခံခြင်း (Drying)ဖြင့် ဖယ်ထုတ်နိုင်သည်။
     ယေဘုယျအားဖြင့် ထောပတ်သီးဆီ၏ ဆီထွက်ပင်ရင်းဖြစ် သော ထောပတ်သီးသည် အပြစ်အနာအဆာကင်းကာ လတ်ဆတ်မှု မြင့်မားနေမည်ဆိုလျှင် ၎င်းကို ကြိတ်ချေဖိညှစ်၍ ရရှိလာသည့် ဆီမျိုး ကို သာလွန်သဘာဝကြိတ် ဆီရိုင်း (extra-virgin cold pressed oil) ) ဟု အထူးပြုအမည် သတ်မှတ်ကြသည်။ ဆီထွက်ပင်ရင်း၏ အရည် အသွေး အနည်းငယ်နိမ့်ပါက သဘာဝကြိတ်ဆီရိုင်း (virgin cold pressed oil)  ဟု အမည်တပ်နိုင်သည်။ ြွခင်းချက်အနေဖြင့် ထုတ်လုပ် သည့် နည်းစဉ် (process) တစ်လျှောက်တွင် အပူချိန် ၅၀ ဒီဂရီစင် တီဂရိတ်အောက်၌ သာ ရှိရမည်ဖြစ်ပြီး မည်သည့် ဓာတုဖျော်ရည်များ ကိုမျှ သုံးစွဲခြင်းမပြုရသကဲ့သို့ မည်သည့်ဆီအမျိုးအစားနှင့်မဆို ရော နှောခြင်း ကင်းရှင်းရမည်။ ဤသို့သော အခြေအနေနှင့် ပြည့်စုံသော ထောပတ်သီးဆီကို နိုင်ငံတကာဈေးကွက်တွင် ၁၀ဝ ရာခိုင်နှုန်း Pure Extra- Virgin Cold Pressed Avocado oil  သို့မဟုတ် ၁၀ဝ ရာခိုင်နှုန်းPure Virgin  Cold Pressed Avocado oil ဟု တံဆိပ်တပ်၍ ရောင်းချ လျက်ရှိသည်။
ထောပတ်သီး   ဆီရိုင်း၏   ဓာတုဖွဲ့စည်းပုံအရ ၎င်းတွင် မိုနို မပြည့်ဝအဆီ  အက်စစ်  ၇၀ ရာခိုင်နှုန်း၊    ပေါ်လီမပြည့်ဝအဆီ   အက်စစ်  ၂၀ ရာခိုင်နှုန်းနှင့်    အခြားအပင်ထွက်    ဓာတ်ပစ္စည်း (Phytochemicals)  ၁၀ ရာခိုင်နှုန်းတို့ ပါဝင်သောကြောင့် ထောပတ် သီးဆီသည် မိုနိုဆီအုပ်စုဝင်   ဆီအမျိုးအစားဖြစ်သည်။ ထို့ပြင် မီးလောင်မှတ်smoke Point ) သည်လည်း ၂၅၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိသောကြောင့် မီးလောင်မှတ်မြင့်မားသောဆီလည်း ဖြစ် သည်။ ထို့ကြောင့် ထောပတ်သီးဆီရိုင်းကို ကြော်လှော်ချက်ပြုတ်ရာ တွင် အသုံးပြုသော ဟင်းချက်ဆီ အမယ်သစ်တစ်ခုအနေဖြင့် အသုံး ပြုလာကြခြင်းဖြစ်သည်။ 
ထောပတ်သီးဆီရိုင်းကို ဓာတုဖျော်ရည်မပါဘဲ အပူချိန်နိမ့်နိမ့် တွင်  စီမံထုတ်လုပ်ထားသောကြောင့် ထောပတ်သီး၏ မူလသဘာဝ အတိုင်း အရောင်၊ အနံ့နှင့် အရသာ မပျောက်ပျက်ဘဲ တည်ရှိနေနိုင် သည်။ ၎င်းဆီရိုင်း၏ အဆီအက်စစ်အမျိုးမျိုး ဖွဲ့စည်းပုံ (Fatty Acid Profile) အားဖြင့်လည်း မိုနိုဆီအမျိုးအစားဖြစ်သည့်အပြင် အခြား သော ပါဝင်ဘက်များဖြစ်ကြသည့် ရောင်ခြယ်ပစ္စည်းများ (Chloro- phylls and Carotenoids pigments) ဗီတာမင်အီးများ Tocopherpols) ) နှင့် သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေသော အပင်ထွက်စတီရော များ Sitosterols) ပါဝင်ဖွဲ့စည်းထားသဖြင့် ပြင်ပလေ(အောက်ဆီဂျင်)ကြောင့် ဓာတ်တိုးမှုနှုန်းကို လျှော့ချနိုင်ပြီး ဆီ၏အထားခံနိုင်မှု သက် တမ်းကြာရှည်စေကာ နှလုံးရောဂါ၊ သွေးတိုးရောဂါ   စသည်တို့မှ ကာကွယ်စေနိုင်သည်။ ထို့ကြောင့် ထောပတ်သီးဆီရိုင်းကို ကျန်းမာ ရေးနှင့်ညီညွတ်သော ဟင်းချက်ဆီဟူ၍လည်း သတ်မှတ်နိုင်သည်။ စားသုံးဆီ၏ အရည်အသွေးကောင်းမွန်မှုသည် မူလဆီထွက်ပင်ရင်း ၏ အရည်အသွေးကောင်းခြင်း၊ ထုတ်လုပ်မှုနည်းစဉ် စနစ်ကျမှန်ကန် ခြင်းနှင့် ထုတ်ကုန်ကိုင်တွယ်ထိန်းသိန်းမှု စနစ်ကျခြင်းတို့ပေါ်တွင် များစွာမူတည်နေသည်။ ထို့ကြောင့် ထောပတ်သီးဆီရိုင်း၏ ပင်ကို အရည်အသွေးကောင်းများကို ရေရှည်ထိန်းသိမ်းထားနိုင်ရေးအတွက် အခြေခံအချက်ဖြစ်သည့် ထောပတ်သီး၏ အရည်အသွေးကို ကောင်း မွန်စေရန် ရိတ်သိမ်းချိန်မတိုင်မီ(Pre-harvest) နှင့် ရိတ်သိမ်းလွန် (Post-harvest)  ကဏ္ဍတို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ကို တိကျသေချာစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ 
ထောပတ်သီး၏  အရည်အသွေး ကောင်းမွန်မှုသည် ဆီသား တည်မြဲမှုအတွက်သာမက ဆီထွက်နှုန်း အနည်းအများကိုပါ လွှမ်းမိုး ထားသည်။ ဆီသားတည်မြဲမှုမြင့်မားပြီး ဆီထွက်နှုန်း ကောင်းမွန်နိုင် ရန် ရင့်မာမှုနှင့် ပြည့်စုံသောအသီးကို အသုံးပြုရမည်။ ထောပတ်သီး ၏ သဘာဝအရ ခူးဆွတ်ပြီးသည်နှင့် ခြောက်ရက်မှ ၁၀ ရက်အတွင်း ရင့်မှည့်လာလေ့ရှိရာ စဉ်ဆက်မပြတ် ဆီထုတ်လုပ်မှုအတွက် ထောပတ် သီး ကြိုတင်သိုလှောင်ကာလ ရက်သတ္တနှစ်ပတ်သည် အသင့်လျော် ဆုံးဖြစ်သည်။ ထောပတ်သီးမှည့်လေ ဆီအထွက်နှုန်းကောင်းလေဖြစ် သော်လည်း အမှည့်လွန်အသီးမှ ထုတ်ယူရရှိသောဆီသည် အရည် အသွေး ညံ့ဖျင်းလေ့ရှိသည်။ ထို့ကြောင့် ထောပတ်သီးကို ခူးဆွတ်ပြီး ချိန်မှစ၍ ရက်သတ္တသုံးပတ် မှ လေးပတ်အထိ သိုလှောင်မည်ဆိုပါက အပူချိန်  ၅ မှ  ၇  ဒီဂရီစင်တီဂရိတ်ကြားထား၍ အအေးခန်းသိုလှောင် မှုစနစ် (ဃသိူ ှအသမေါန)ဖြင့် အမှည့်မလွန်စေရန် ဆောင်ရွက်နိုင်သည်။ ဤကဲ့သို့ ရိတ်သိမ်းချိန်လွန်ကာလ ကိုင်တွယ်ထိန်းသိမ်းမှု ကောင်းမွန် ခြင်းသည်  ထောပတ်သီးပုပ်ခြင်းနှင့်   ယိုယွင်းပျက်စီးခြင်းတို့ကို ကာကွယ်ပေးနိုင်သည့်အပြင် ဆီအရည်အသွေးကိုပါ မြင့်တက်လာ စေနိုင်သည်။  
စားသုံးဆီအရည်အသွေးအား ကောင်းမွန်မှု ရှိ၊ မရှိ ကိုသိရှိနိုင် ရေးအတွက် ဓာတုအရည်အသွေးနှင့်  ရူပအရည်အသွေးများအား တိုင်းတာစစ်ဆေးရန် လိုအပ်သည်။ ထောပတ်သီးဆီရိုင်း၏ ဓာတု အရည်အသွေးများဖြစ်သည့် အဆီအက်စစ်လွတ်ပါဝင်မှု ရာခိုင်နှုန်း၊ ပါရောက်ဆိုဒ်တန်ဖိုး၊ ဆီပျက်စီးမှု ရှိ၊ မရှိ၊ ဆပ်ပြာဖြစ်ကိန်းနှင့် အိုင်အိုဒင်းတန်ဖိုးတို့ကို ဓာတ်ခွဲစစ်ဆေးရသည်။ ရူပ အရည်အသွေး အတွက် ဆီအရောင်၊ အနံ့၊ အမှုန်၊ အနည်ပါဝင်မှု၊ ယိုင်ညွှန်းကိန်း၊ စေးပျစ်ကိန်းနှင့်  သိပ်သည်းဆတို့ကို ခေတ်မီစက်ကိရိယာများဖြင့် တိုင်းတာစစ်ဆေးရသည်။ စမ်းသပ်စစ်ဆေးချက်  ရလဒ်များကို နိုင်ငံ တကာအသိအမှတ်ပြု  စံချိန်စံညွှန်းအဖွဲ့မှ ထုတ်ဝေသော စံအရည် အသွေး သတ်မှတ်ချက်များ (Standards)နှင့်  နှိုင်းယှဉ်အဖြေထုတ်  ကြရသည်။ စားသုံးဆီကဏ္ဍတွင် ထောပတ်သီးဆီရိုင်းသည် အမယ် သစ် ကုန်ပစ္စည်းတစ်ခုဖြစ်နေသောကြောင့် နိုင်ငံတကာ စံအရည် အသွေး သတ်မှတ်ချက်များ  ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသော်လည်း နယူးဇီလန်နိုင်ငံအနေဖြင့် သုတေသန အကြိမ်ကြိမ်ပြုလုပ်ထားသည့် ရလဒ်များပေါ်မူတည်ပြီး ထောပတ်သီးဆီ စံချိန်စံညွှန်းကို သတ်မှတ် ထားပြီးဖြစ်သည်။ ဆီ၏အထားခံနိုင်မှု  သက်တမ်းသည် အောက်ဆီ ဂျင်ကြောင့်  ဓာတ်တိုးသောပါရောက်ဆိုဒ်တန်ဖိုးနှင့်လည်း ဆက်နွှယ် လျက်ရှိရာ ယင်းတန်ဖိုးကို နယူးဇီလန်နိုင်ငံ စံချိန်စံညွှန်း၌(၄)အမြင့် ဆုံးဖြစ်ရမည်ဟု ဖော်ပြထားသောကြောင့် စားသုံးဆီအရည်အသွေး ထိန်းသိမ်းရေးအတွက် အလေးပေးသော စံချိန်စံညွှန်းတစ်ခုအဖြစ် လေ့လာတွေ့ရှိရသည်။ 
မိမိတို့နိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် စိုက်ပျိုးကြသည်။ ၂၀၂၂ ခုနှစ်အထိ ထောပတ်သီး စိုက်ဧက ၂၀ဝ၀ဝ  ခန့်ရှိပြီး ယခုအခါ ထပ်မံတိုးချဲ့ စိုက်ပျိုးနေကြောင်း သိရှိရသည်။ ထို့အပြင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းနှင့်UN Trade Cluster Project on Horticultural Products (UNIDO)  တို့ပူးပေါင်းပြီး ထောပတ်သီးစိုက် တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်များ Good  Agricultural Practices - GAP)  ကိုလည်း ပို့ချပေးခဲ့သဖြင့်  Global GAP စနစ်အတိုင်း လိုက်နာဆောင် ရွက်နေကြပြီဖြစ်သည်။ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေးပြည့်မီသော ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက်  ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို ရှမ်းပြည်နယ်တွင် တည်ဆောက်ခဲ့ပြီးဖြစ်ရာ အစိုးရအချင်း ချင်း (ွ အသ ွ) ဆွေးနွေးမှုများနှင့်အတူ မြန်မာ့ထောပတ်သီးများသည် ကမ္ဘာ့ဈေးကွက်ဝင် အသီးအနှံအဖြစ် သတ်မှတ်နိုင်တော့မည်ဖြစ် သည်။
ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းရှင်များအနေ ဖြင့် ကမ္ဘာ့ဈေးကွက်ဝင် ထောပတ်သီးနှင့်အတူ ပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့် ထောပတ်သီးဆီကို ကျယ် ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရန် သုတေသနပြု ဆောင်ရွက်နေကြပြီ ဖြစ်သည်။ မြန်မာပြည်တွင်းထုတ် ထောပတ်သီးဆီရိုင်းကို  ျေံ မျိုးစိတ် ထောပတ်သီးမှ သာလွန်သဘာဝကြိတ် အဆင့်အတန်းဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ သုတေသနပြု ဓာတ်ခွဲစစ်ဆေးချက် အရ အနံ့နှင့်အရသာ ကောင်းမွန်ပြီး  အမှုန်အနည် ကင်းစင်ကာ ထောပတ်သီး၏  မူလအရောင်ကိုပါ ထိန်းသိမ်းပေးထားနိုင်သော ပင်ကိုအရည်အသွေး  ကောင်းမွန်သည့်ဆီဖြစ်သည်။ ဆီ၏မပြည့်ဝ မှုကို တိုင်းတာသည့် အိုင်အိုဒင်းတန်ဖိုးသည်  ၆၀  ကျော်ရှိပြီး အပူချိန် (၂) ဒီဂရီစင်တီဂရိတ်တွင်လည်း ဆီသားပျစ်ခဲခြင်း မရှိသောကြောင့် ရာသီဥတုအေးသော ဒေသများတွင်လည်း အသုံးပြုရန် သင့်လျော် သည့် စားသုံးဆီလည်းဖြစ်သည်။ 
ပြည်တွင်းထုတ်   ထောပတ်သီးဆီရိုင်းကို ပြည်ပဈေးကွက် အသီးသီးတွင် နေရာတစ်ခုရရှိနိုင်စေရေးအတွက် အရေးအကြီးဆုံး အချက်မှာ   ဆီအရည်အသွေးမြင့်မားရေးဖြစ်သည်။  ဆီအရည် အသွေး မြင့်မားရေးအတွက် ရိတ်သိမ်းချိန်မတိုင်မီနှင့် ရိတ်သိမ်းချိန် လွန်ကာလများတွင် ဆောင်ရန်နှင့် ရှောင်ရန်ကိစ္စရပ်များကို အလေး ထား လိုက်နာဆောင်ရွက်ခြင်း၊ ဆီထုတ်စက်ရုံတွင် အရည်အသွေး စီမံခန့်ခွဲမှုစနစ် ရေးဆွဲအသုံးပြုခြင်း၊ ထုတ်လုပ်ထားသော ဆီများကို အလင်းပိတ် ပုလင်းတွင်ထည့်သွင်း၍ နေရောင်ခြည် တိုက်ရိုက်မကျ ရောက်စေဘဲ အေးမြခြောက်သွေ့သော နေရာ၌သာ သိုလှောင်မှုပြု ခြင်း စသည့်အချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
ထောပတ်သီးဆီရိုင်းကို  အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ခြင်း၊ ဓာတုကင်းစင်ပြီး သဘာဝကြိတ်ဆီ စစ်စစ်ကိုသာ သုံးစွဲလိုကြသော  စားသုံးသူအရေအတွက် များပြားလာခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင်  ဝယ်လိုအားကောင်းသော စားသုံးဆီဖြစ်ကြောင်း လေ့လာသိရှိရ သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်ဆီ အမယ်သစ် ထောပတ်သီးဆီရိုင်းကို လုပ်ငန်းရှင်တစ်ဦးတည်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အမြောက်အမြား (ျြေ ဏမသိကခအငသည) ထုတ်လုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ထောပတ်သီးမှ စားသုံးဆီ အမယ်သစ် ထောပတ်သီးဆီ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ဒေသထွက် ကုန်ကြမ်းသီးနှံကို ခေတ်မီ နည်းစနစ်များဖြင့် ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်း၊ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်ဆည်းပေးခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေခြင်းစသည့် အကျိုးကျေးဇူး များကို ဖော်ဆောင်နိုင်သော ထောပတ်သီးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် အကြံပြု ရေးသားတင်ပြလိုက်ရပါသည်