Main menu

Background

ရောင်နီသန်းနေသည့် ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံပီလောပီနံ

Thu, 08/31/2023 - 10:31 -- journal_editor

မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အား လျော်စွာ လယ်ယာထွက်ကုန်သီးနှံအနေဖြင့်  အမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်း ထုတ်လုပ်နိုင်သည့်  အခြေခံကောင်းများစွာရှိသော နိုင်ငံတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည်လည်း ရေခံမြေခံ ကောင်းမွန်၍ ပီလောပီနံသီးနှံအများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်း ဒေသကြီးတစ်ခုဖြစ်သည်၊ ပီလောပီနံကို စီးပွားဖြစ်စိုက်ပျိုးလျက် ရှိသော  မြို့နယ်များမှာ ကျုံပျော်၊ ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည် မြို့နယ်များနှင့် အခြားမြို့နယ်ပေါင်း ၁၂ မြို့နယ်တွင်လည်း စိုက်ပျိုး လျက်ရှိသည်၊ 
ပြည်တွင်း၊ ပြည်ပဈေးကွက်  ဝယ်လိုအားရှိသော စက်မှုကုန် ကြမ်း ပီလောပီနံသီးနှံကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက ပြည်ပ ပို့ကုန် အလားအလာရှိသော ထုတ်ကုန်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း ပီလောပီနံစိုက် ဧက ၃၀ဝ၀ဝ ကျော် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း   ပိဿာ ၃၉၀ဝ ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသော ပီလောပီနံများကို ကုမ္ပဏီ၊ ကုန်သည်များမှတစ်ဆင့် ပီလောပီနံအချောမှုန့်၊ ကော်မှုန့်များ ပြုလုပ်၍ ပြည်တွင်း၊ ပြည်ပဈေး ကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ပီလောပီနံ(ဃဗှဗဠဗ)ကို ဒေသအခေါ် ကလောပင်၊ကလော ဥ၊ ကလောမှုန့်ဟုခေါ်ဆိုပြီး မူရင်းဒေသအနေဖြင့် အာဖရိက အလယ် ပိုင်း၊ မက္ကဆီကိုနှင့် ဘရာဇီးတောင်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်များဝန်းကျင် အာဖရိကတိုက်တစ်ခုလုံး ကျယ်ပြန့်စွာ စိုက်ပျိုး ခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် အင်ဒိုနီးရှား၊ ဂျာဗားကျွန်း၊ စင်ကာပူ၊မလေး ရှားနိုင်ငံ၊ ပီနံကျွန်းမှ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင်   မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာ အပူပိုင်းဒေသသီးနှံများ   ဗဟိုဌာန ( ှုညအနမညအေငသညေူ ဃနညအနမ င်္သမ ွှမသစငခေူ ဗါမငခကူအကမန)မှလည်း ဗီယက် နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံများရှိ  ပီလောပီနံ စိုက်ပျိုးသော တောင်သူများ ဝင်ငွေပိုမိုရရှိလာစေရန်နှင့်  စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပီလောပီနံ   စိုက်ပျိုးခြင်းကို နည်းပညာအကူအညီပေး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြန်မာမျိုးနှင့် နိုင်ငံခြားမျိုး နှစ်မျိုးစိုက်ပျိုးလျက် မြန်မာမျိုး (ဒေသမျိုး) အပင်အမြင့် (၅ ပေမှ ၈ ပေ)ထိရှိသည်။ အရွက် ရိုးတံစိမ်းဝါရောင်ရှိ၍ အဖြူရောင်အပွင့် ပွင့်ပြီး  နိုင်ငံခြားမျိုးအပင် အမြင့် (၉ ပေမှ ၁၀ ပေ) ထိရှိပြီး အရွက်ရိုးတံ အနီရောင်ရှိ၍ အဖြူ ရောင်အပွင့်  ပွင့်ကြောင်း၊ ပီလောပီနံကို အောက်ပါအတိုင်း  အဆင့် ဆင့် စိုက်ပျိုးထုတ်လုပ်၍ မျိုး ရွေးချယ်ရာတွင် ဥများတူးဖော်ပြီး ကျန် ပင်စည်ရိုးများမှ ပင်စည်ထွားကြိုင်းမှု၊   အဆစ်စိပ်မှု၊ အနာရောဂါ ကင်းမှု စသည့် အင်္ဂါရပ်များနှင့် ကိုက်ညီသော ပင်စည်ရိုး၊ ကိုင်းများကို ရယူပြီး အရိပ်အောက်တွင် စနစ်တကျ ထောင်ထား၍ ၎င်းမျိုးကိုင်း များကို ၉ လက်မမှ ၁၂ လက်မအရှည်ဖြတ်ပြီး စိုက်ပျိုးချိန်တွင် စိုက် ကြခြင်းဖြစ်ပါသည်။ 
စိုက်ပျိုးမည့်မြေကို ပေါင်းရှင်း ထယ်ထိုးပြီး မြေအပုံပြုလုပ်လျက် ဒေသမျိုးများကို တစ်ပုံနှင့်တစ်ပုံ ၆ခြောက်ပေခြားပြီး တစ်ဧကအပုံ (၁၀ဝ၀ မှ ၁၂၀ဝ ထိ) ပြုလုပ်၍လည်းကောင်း၊ နိုင်ငံခြားမျိုးများကို မြောင်းဘောင်ပြုလုပ်၍ ပင်ကြားတန်းကြားပေါ်   မူတည်၍ စိုက်ပျိုး ကြသည်။ အပုံပြုလုပ်ရာတွင် အောက်ခြေအကျယ် နှစ်ပေ၊ အမြင့် တစ်ပေခွဲရအောင်ပုံ၍ တောင်သူအခေါ် မြေကွက်ပုံ စိုက်ပျိုးခြင်းဟု ခေါ်သည်။ မြေပုံထဲတွင် သဘာဝမြေသြဇာကိုမြေခံအဖြစ် ထည့်သွင်း ပြီး  အပုံထိပ်တွင်   အမှိုက်ပုံမီးရှို့ခြင်းဖြင့် ပိုတက်ရှ်ဓာတ်(ပြာဓာတ်) ရအောင်ပြုလုပ်၍  မြေပုံခြင်းလုပ်ငန်းအား မတ်လ၊ ဧပြီလအတွင်း အပြီးဆောင်ရွက်ကြသည်။  မေလမှ ဇွန်လအတွင်း အပြီးစိုက်ပျိုး လျက်မျိုးကိုင်း (၉ လက်မ-၁၂ လက်မ) အရှည်ကို ၄၅ ဒီဂရီစောင်း၍ ထိပ်နှစ်ဖက်ဖြတ်ပြီး မြေပုံတစ်ဖက်တစ်ချက်မှာ မျိုးကိုင်းနှစ်ကိုင်းကို ဒေါင်လိုက်ခပ်စောင်းစောင်း  ထိုးစိုက်ရပြီး မျိုးကိုင်းကိုမြေပေါ်တွင် နှစ်လက်မခန့်  ချန်ထား၍ စိုက်နည်းစနစ်အရ မြန်မာမျိုးများအား ခြောက်ပေပတ်လည် စိုက်ပျိုးကြပြီး နိုင်ငံခြား မျိုးများအားပင်ကြား၊ တန်းကြား (၃.၅ဒ ထ ၃ဒ)၊ (၃ဒ ထ ၃ဒ)၊ (၃ဒထ၂.၅ဒ) (၄ဒထ၃ဒ) (၄.၅ ဒထ၂.၅ဒ)ဟူ၍ မြေအတန်းအစားအလိုက် စိုက်ပျိုးကြသည်။
စိုက်ပျိုးပြီးတစ်ပတ်၊ နှစ်ပတ်အကြာ မျိုးကိုင်းအသစ် ဖူးကလေး များမှ အပင်ငယ်လေးများ ထွက်လာသည့်အခါ သန်စွမ်းသောအပင် နှစ်ပင်ကိုသာ ချန်ထားပြီး ကျန်အပင်ငယ်များကို ပယ်၍ ဒေသအခေါ် သားတက်ဖဲ့ခြင်းပြုလုပ်ရပါသည်။ အပင်အမြင့်   နှစ်ပေခန့်ရှိပါက ပေါင်းရှင်းပြီး ပထမအကြိမ် ယူရီးယားကီလိုဂရမ် ၅၀ တစ်အိတ်၊ တီစူပါ (ဝ.၅)အိတ်၊ ပိုတက်ရှ် (ဝ.၅)အိတ်၊   ကျောက်မှုန့် တစ်အိတ် ရောသမမွှေပြီး   မြေပုံတစ်ပုံလျှင် ဟင်းစားဇွန်း သုံးဇွန်းမှ ငါးဇွန်း ထည့်ပေးရသည်။  အပင်စိုက်ပျိုးပြီး တစ်လခွဲသားခန့်တွင် ဒုတိယ အကြိမ် ပေါင်းရှင်းပြီး တစ်ဧက ယူရီးယား (ဝ.၅)  အိတ်နှုန်း ထပ်မံ ထည့်သွင်းပေးရပြီး တတိယအကြိမ် မိုးကုန်ခါနီး အောက်တိုဘာလ အတွင်း ပေါင်းရှင်းချိန် ယူရီးယား (ဝ.၅)အိတ် ထည့်သွင်းပေးရသည်။ နိုင်ငံခြားမျိုး စိုက်ပျိုးရာတွင် သွင်းအားစုကို ယူရီးယား (ဝ.၅)အိတ်၊ တီစူပါ (ဝ.၅) အိတ်  ပိုမိုထည့်သွင်းရကြောင်း၊ ပီလော ပီနံသီးနှံတွင် ပိုးမွှားရောဂါကျမှု နည်းပါးသော်လည်း ြွကက်နှင့်ဒက်ပိုးဟုခေါ်သော (ှအမငစနိ ာနေူပ ကြါ) ပွေးကောင်များ    ဖျက်ဆီးတတ်၍ ထောင် ခြောက်များ၊ သန့်ရှင်းရေးများ ပြုလုပ်၍ ဒက်ပိုးအား   ထိသေဆေး၊ စားသေဆေးများဖြင့် ကာကွယ်နှိမ်နင်းရပြီး ပီလောပီနံကို အစောဆုံး ဒီဇင်ဘာလမှ နောက်အကျဆုံး မတ်လအတွင်း တူးဖော်နုတ်သိမ်းရ သည်။
ပီလောပီနံဥများကို တူးဖော်ပြီးချိန် နှစ်ရက်အတွင်း ဓားဖြင့်ခြစ် ၍ အခွံခွာရပြီး ရက်ကြာသွားပါက   မှိုရောဂါကျရောက်၍ ဒေသ အခေါ် ကြက်သွေးတက်သွားသောကြောင့် ကော်မှုန့်အရည်အသွေး ကျဆင်းတတ်ပါသည်။ အခွံခွာပြီး ဥအတောင့်များကို ရေသန့်သန့်ဖြင့် ဆေးပြီး စက်ဖြင့်ကြိတ်၍ ကြိတ်ဖတ်များအား ဆန်ခါတင်ကာ ရေ ဖျော်၍ ကော်စေးအရည် ညှစ်ထုတ်ရပြီး ရရှိသော ကော်စေးရည်များ ကို ရေကန်တွင်    (၄-၅) နာရီ အနည်ထိုင်စေကာ   အပေါ်ရေကြည်များ ဖောက်ထုတ်၍ ပီလောပီနံအနှစ် (ကစီ)များကို ရယူပါသည်။ ပီလော ပီနံအနှစ်(ကစီ)များအား ချေမွပြီး   ဖျာများဖြင့်  ခြောက်သွေ့ရန် နေလှန်းကြသည်။ အခြောက်ခံပြီးသော  ပီလောပီနံများကို စက်ဖြင့် ကြိတ်ပြီး ရောင်းတမ်းဝင်   ပီလောပီနံအမှုန့်ဖြစ်အောင်   ပြုလုပ်၍ ပီလောပီနံအတောင့် ပိဿာ ၁၀ဝ ကြိတ်လျှင် အမှုန့် ၂၈ ပိဿာမှ  ပိဿာ ၃၀ ထိရရှိပြီး ပီလောပီနံကွင်းခြောက် ပြုလုပ်၍လည်း   ထုတ် လုပ်လျက်ရှိသည်။ ပီလောပီနံဥများကို ရေနှင့် ဆေးကြောပြီး ရေ စက်ကာဓားဖြင့် တစ်လက်မအရွယ် အကွင်းလိုက် လှီး၍    နေဖြင့် အခြောက်လှန်းပြီးလည်း ထုတ်လုပ်သည့်အပြင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ပီလောပီနံထုတ်လုပ်သူများအနေဖြင့် ရေဖျော်အမှုန့် ထုတ်လုပ်သည့် စနစ်ဖြင့်သာ အများဆုံး  လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။
ပီလောပီနံအနှစ် (ကစီ)ဓာတ်များ   ထုတ်ယူပြီး ကျန်ရှိသည့် ပီလောပီနံစစ်ဖတ်များကို   လက်တစ်ဆုပ်စာ  ကလောအလုံးများ ပြုလုပ်ပြီး အခြောက်လှန်းရသည်။   ကလောလုံးများကို စက်ဖြင့် ကြိတ်ပြီး ဖွဲနုနှင့်ရော၍ တိရစ္ဆာန်အစာအဖြစ် အသုံးပြုပြီး ထင်းအစား ထိုး လောင်စာအဖြစ်လည်း အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
ပီလောပီနံအမှုန့်ကို  သာဂူစေ့ပြုလုပ်ခြင်း၊   မုန့်အမျိုးမျိုး၌ ထည့်သွင်းသုံးစွဲခြင်း၊ ပီလောပီနံကော်မှုန့် ပြုလုပ်ခြင်း၊ အရက်ချက် လုပ်ငန်းများတွင် အများဆုံး အသုံးပြုသည်။  ပီလောပီနံမှ ထွက်ရှိ သော ဥအတောင့်၊ အမှုန့်၊ ကလောလုံးတို့မှာလည်း  ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပီလောပီနံမှုန့်များကို  ပြည် တွင်း ဈေးကွက်နှင့် ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချမှုများ လည်းရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ပီလောပီနံများ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး ထပ်မံတိုးချဲ့ စိုက်ပျိုးထုတ်လုပ်လာနိုင် ရေး၊ ဒေသတွင်း ပီလောပီနံထုတ်လုပ်မှုကို အားပေးကူညီဆောင်ရွက် နိုင်ရေး၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝေစု ကျယ်ကျယ်ပြန့်ပြန့်ရရှိရေး အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု  မြှင့်တင် ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို ဒေသအာဏာ ပိုင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်  ပီလောပီနံအသင်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး လာစေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

မင်းမင်းဦး (ပုသိမ်)