Main menu

Background

ရှယ်ယာရှင်များ၏ တက်ကြွလှုပ်ရှားမှုများ နှင့် ကော်ပိုရိတ် စီမံခန့်ခွဲမှု

Thu, 08/31/2023 - 11:23 -- journal_editor

ရင်းနှီးမြှုပ်နှံသူတစ်ဦး  သို့မဟုတ် အဖွဲ့တစ်ခုမှ ပိုင်ဆိုင် ထားသည့် ငွေကြေး၊ ပစ္စည်းများ၏တန်ဖိုးများ တိုးပွားလာရေး၊ ဈေးနှုန်းမကျဆင်းစေရေးအတွက် အကာအကွယ်၊ အထောက် အခံပြုလုပ်ပေးသည့် ငွေကြေးဝန်ဆောင်အဖွဲ့များကို hedge Fund ဟု ခေါ်ဆိုသည်။ အချို့သော ံနါိန င်္ကညိ များသည် ၎င်း တို့၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများ  အောင်မြင်ရေးအတွက် ရှယ်ယာရှင်တို့၏ ပါဝင်ပတ်သက်မှုကို အာရုံထား ဆောင်ရွက်လာ ကြသည်။
ရှယ်ယာရှင်တစ်ဦးသည်     အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုတွင် ရှယ်ယာပမာဏအနည်းငယ် minor position) ) ကို ဝယ်ယူပိုင်ဆိုင်ကာ အဆိုပါ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ တက်လာစေရေး၊   ကော်ပိုရိတ်ပေါ်လစီများ  ပြောင်းလဲရေးအတွက် ဖိအားပေး ဆောင်ရွက်ခြင်းဖြစ်သည်။  ရှယ်ယာရှင်အချို့အနေ ဖြင့် ကုမ္ပဏီပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးသည့် ရည် ရွယ်ချက်များမှာ ကော်ပိုရိတ်ကုန်ကျစရိတ်များ လျှော့ချရေး၊ ဈေး ကွက်မှ ရှယ်ယာများ  ပြန်ဝယ်ယူရေး၊ ကော်ပိုရိတ်ရင်းနှီးငွေကို ချေးငွေဖြင့် အရှိန်မြှင့်တင်ရေး  ((increase leverage))၊ ကုမ္ပဏီ အမြတ်ဝေစု ပိုမိုခွဲပေးရေး၊ စီအီအိုများ၏ လစာများလျှော့ချရေး၊ ငွေသားလက်ကျန် လျှော့ချရေးနှင့် ကုမ္ပဏီပိုင်လုပ်ငန်းအချို့ကို ခွဲထုတ်ရောင်းချရေး စသည်တို့ဖြစ်သည်။
တစ်ခါတစ်ရံ ရှယ်ယာရှင်အချို့သည် အခြားကုမ္ပဏီများ ကို ဝယ်ယူမည့်ကိစ္စများ၊ ကုမ္ပဏီတန်ဖိုးကို ကျဆင်းစေသည့် ငွေ ကြေးထည့်ဝင်မှုလုပ်ငန်းများကို ဆန့်ကျင်သည့် လှုံ့ဆော်ရေးများ ကိုလည်း ပြုလုပ်ကြသည်။ တကြွ်ကလှုပ်ရှားသည့် ရှယ်ယာရှင်တို့ သည် မိမိတို့ရည်ရွယ်သည့် ကုမ္ပဏီ၏ရှယ်ယာများကို ၁ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ရှယ်ယာများ (သို့) အသွင်ပြောင်း ဒီရီဗေးတစ်ဖ်စာချုပ်စာတမ်းများကို ဝယ်ယူထားကြသည်။ ထိုသို့ ဝယ်ယူပြီးနောက် ကုမ္ပဏီ၏ အရေးကိစ္စများကို လှုပ်ရှားဆောင် ရွက်ကြသည်။ တစ်ခါတစ်ရံ ယင်းရှယ်ယာရှင်များ၏ နောက်ကွယ် မှ ပမာဏများစွာပိုင်ဆိုင်ထားသည့် ရှယ်ယာရှင်များက ကြိုးကိုင် ကာ ကြီးမားသည့် လှုံ့ဆော်မှုများပြုလုပ်ပြီး ရှယ်ယာရှင်အများစု ၏မဲများ ရရှိစေရေးကို ဆောင်ရွက်ကြသည်။
၁၉၈၅ ခုနှစ်အတွင်းDelaware တရားလွတ်တော်ချုပ်မှUnocal, Household, Van Gorkom နှင့်Revlon  တို့အား ကော်ပို ရိတ်စီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်၍ စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး နောက် ရှယ်ယာရှင်များ၏ တကြွ်ကလှုပ်ရှားမှုများမှာ ပိုမိုအရေးပါ အရာရောက်ခဲ့သည်။   ယင်းနောက်  ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အကျိုးတူ ရန်ပုံငွေအဖွဲ့များ၊  hedge fund  များသည် Enron နှင့်WorldCom  တို့၏ ပြိုကွဲခဲ့သည့် ၂၀ဝ၂ ခုနှစ်အထိ တကြွ်ကစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ယင်းနှစ်တွင်Sarbanes-Oxley ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည်။
အဆိုပါ Sarbanes-Oxleyဥပဒေတွင် ကော်ပိုရိတ်စာရင်း အင်းလိမ်လည်မှုနှင့် အဂတိလိုက်စားမှုကို ဟန့်တားအရေးယူရန် ရည်ရွယ်သည့် ပြဋ္ဌာန်းချက်များ အပါအဝင် အများနှင့်သက်ဆိုင် သည့်  ကုမ္ပဏီများ၏   ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်များ၊ ဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု၊  ထိရောက်မှုရှိသည့် စာရင်းစစ်နှင့် ဘဏ္ဍာရေး အစီရင်ခံခြင်း စသည့်ပြဋ္ဌာန်းချက်များ ပါရှိသည်။
ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်တွင် ရှယ်ယာရှင်ဗဟိုပြု (သို့) ဒါရိုက်တာဗဟိုပြုစနစ် မည်သည့်စနစ်ကို ကျင့်သုံးကြမည်နည်း ဆိုသည်မှာ အဓိကစဉ်းစားရမည့်ကိစ္စဖြစ်လာသည်။ ဒါရိုက်တာ အဖွဲ့အနေဖြင့်  ကော်ပိုရိတ်   စီမံအုပ်ချုပ်မှုဦးဆောင်အဖွဲ့တွင် ဆက်လက်ရပ်တည်သွားမည်လား (သို့မဟုတ်) နောက်ဆုံးတွင် ရှယ်ယာရှင်များက ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍကို ဖယ်ရှား သွားမည်လားဆိုသည်မှာ အရေးပါသည့် မေးခွန်းတစ်ရပ်ဖြစ်လာ သည်။   ဝေဖန်သူအချို့က   ဤသို့   ပြောင်းလဲမှုများဖြစ်ခဲ့ပါက ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍမှာ ပျောက်ဆုံးသွားနိုင်ပြီး ဦး ဆောင်မှုပြုသည့် အခန်းကဏ္ဍမှ ထိန်းကျောင်းခံဘဝသို့ ရောက် သွားနိုင်ကြောင်း  ထောက်ပြကြသည်။ ဤဆောင်ရွက်မှုသည်  ကုမ္ပဏီဒါရိုက်တာအဖွဲ့နှင့် စီအီးအိုတို့အကြား  တံတိုင်းခတ်ထား သလို ဖြစ်သွားနိုင်ပြီး ဒါရိုက်တာအဖွဲ့အတွင်းရှိ အကြံပေးပုဂ္ဂိုလ် အခန်းကဏ္ဍများ ပျောက်ကွယ်သွားနိုင်ကြောင်း ဝေဖန်ကြသည်။ ဒါရိုက်တာများသည် တစ်ခါတစ်ရံ ၎င်းတို့၏တာဝန်ကျရာသီးခြား ကော်မတီ၏  လုပ်ငန်းကိုသာ အာရုံစူးစိုက်လေ့ရှိသဖြင့် ရှယ်ယာ ရှင်တို့၏ တန်ဖိုးကို အမြင့်ဆုံးသို့ ရောက်စေရေးအတွက် တာဝန် ပျက်ကွက်စေနိုင်သောကြောင့်   တရားစွဲခံရနိုင်သည်ဟူသည့် စိုးရိမ်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။
ဒါရိုက်တာများသည်  တဖြည်းဖြည်းချင်း လွတ်လပ်သည့် ဒါရိုက်တာများ၏ ဖယ်ထုတ်သွားခြင်းကို ခံရနိုင်ပြီး ဒါရိုက်တာ အဖွဲ့တစ်ခုလုံး၏ လုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟုဆိုသည်။ အကယ်၍ ဒါရိုက်တာအဖွဲ့သည် လုပ်ငန်းများကို စီအီးအိုနှင့်လက် တွဲကာ နိုင်နင်းအောင်  လုပ်ကိုင်နိုင်စေကာမူ ရှယ်ယာရှင်များက ကာလတိုအတွင်း ရှယ်ယာတန်ဖိုးများ  တက်စေရန် ဖိအားများ ပေးလာနိုင်သည်။ အကျိုးဆက်အနေဖြင့် ကုမ္ပဏီသည် ၎င်း၏ ဝန်ထမ်းများ၊ ဖောက်သည်များ၊ ကုန်ပစ္စည်းတင်သွင်းသူများနှင့် မိတ်ဖက်များအကြား ဆက်ဆံရေး ပျက်ပြားစေနိုင်သလို ကုမ္ပဏီ ရေရှည်အကျိုးစီးပွားကိုလည်း ထိခိုက်စေနိုင်သည်။
တစ်ဖက်တွင်လည်း ဝေဖန်သူများက ရှယ်ယာရှင် ဦးစီး သည့် ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်တွင် ဒါရိုက်တာအဖွဲ့၏ အာ ဏာများကို ထိန်းချုပ်လိုက်သလိုဖြစ်စေနိုင်ပြီး လုပ်ငန်းတိုင်းအား ရှယ်ယာရှင်တို့၏ မဲခွဲမှုဖြင့် ဆောင်ရွက်ရမလိုဖြစ်နေသည့်အတွက် လုပ်ငန်းများ သွက်လက်မှုမရှိနိုင်တော့ဟု  ဆိုခဲ့သည်။  အကျိုး ဆက်အနေနှင့် ကုမ္ပဏီ၏  သာမန်လုပ်ငန်းစဉ်များကို နှောင့်နှေး သွားစေခြင်း၊ ဆုံးဖြတ်ချက်များ နှေးကွေးသွားစေခြင်း၊ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်များ  လျော့ကျသွားစေခြင်း၊ အတွင်းရေး သတင်း အချက်အလက်များ အများပြည်သူတို့ထံ ရောက်ရှိသွားစေခြင်း စသည့် ဆိုးကျိုးများကိုလည်း ကြုံတွေ့စေနိုင်သည်။
အခြားသော စိုးရိမ်မှုများမှာ တကြွ်ကသည့်ရှယ်ယာရှင် များအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်များ ပြည့်မြောက်စေရေး အတွက် ဒါရိုက်တာအဖွဲ့ဝင် အသီးသီးသို့ မတူညီသည့် ဖိအား များပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းဖြစ် သည်။ အဆုံးတွင် တကြွ်ကသည့် ရှယ်ယာရှင်များသည် အများ ပြည်သ  ဝိဝါဒကွဲပြားစေသည့် စာသားများ၊  အသုံးအနှုန်းများ သုံးစွဲကာ ကော်ပိုရိတ်အစီရင်ခံစာများကို ထုတ်ပြန်နိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။
ယခုအခါ ကုမ္ပဏီများအနေဖြင့် ကောင်းမွန်သည့် ကော်ပို ရိတ်စီမံခန့်ခွဲမှု  Good Corporate Governance    စနစ်များကို ကျင့်သုံးကာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများ တိုးတက်စေရေး၊  ဝင်ငွေများ တိုးတက်စေရေး၊ ဒါရိုက်တာများ၏  စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက် မှုအဖွဲ့များကို စည်းခြားရေး၊ ရှယ်ယာအနည်းစု  ပိုင်ဆိုင်သည့် ရှယ်ယာရှင်များကို အကာအကွယ်ပေးရေးတို့ကို ဆောင်ရွက်လာ ကြပြီဖြစ်သည်။ ထို့ပြင်   ဒါရိုက်များတွင်   အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်စေသည့် လုပ်ငန်းများကို ရှောင်ရှားနိုင်ရေး ၊ ပွင့်လင်း မြင်သာသည့် သတင်းအချက်အလက်  ထုတ်ပြန်ရေးစနစ်များ ကျင့်သုံးရေး စသည်တို့ကို ကျင့်သုံးနေပြီဖြစ်သည်။
အထူးသဖြင့် အများနှင့်သက်ဆိုင်သည်ကုမ္ပဏီများ၊ စတော့ ဈေးကွက်တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများအတွက် နိုင်ငံ တော်ငွေချေး  သက်သေခံလက်မှတ်လုပ်ငန်း   ကြီးကြပ်ရေး ကော်မရှင်များအနေဖြင့် ကောင်းမွန်ထိရောက်သည့် ကော်ပိုရိတ် စီမံခန့်ခွဲမှုစနစ်များ ကျင့်သုံးရေး၊ စဉ်ဆက်မပြတ် သတင်းအချက် အလက်များ  ထုတ်ပြန်ကြေညာရေး၊  ဆက်နွှယ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများRelated Partiesကြားတွင် ပမာဏ များပြားသော ရောင်းဝယ် လွှဲပြောင်းခြင်ဆိုင်ရာများကို ထုတ်ပြန်‌ ကြေညာရေး၊ လွတ်လပ်သည့် ဒါရိုက်တာများခန့်အပ်ရေး စသည့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ ရင်းနှီးမြှုပ်နှံသူ အများပြည်သူ တို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်‌ပေး လျက်ရှိသည်။                

 Source : Investment Guide Book

ထွန်းသက်ထွန်း