Main menu

Background

အမျိုးသားအကျိုးစီးပွားတိုးတက်အောင်မြင်ရေးအတွက် ထိရောက်သော စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်

Tue, 09/26/2023 - 12:41 -- journal_editor

စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ရည်မှန်းချက်( ၇) ချက်များအနက်မှ “စားသုံးသူအခွင့်အရေးကာကွယ် ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချ ရမှုရရှိရေး ဆောင်ရွက်ပေးရန်”ဟူသော  အချက် နှင့်အညီ စားသုံးသူများ သိရှိသင့်သည့် စားသုံးသူ အသိပညာပေးလုပ်ငန်းများကို   ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေများအပြင်  သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၏   ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကိုလည်း   ထိရောက်စွာ   အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ စီးပွားရေးလုပ်ငန်း ရှင်များကိုလည်း  စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင် ရွက်နိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရန် လိုအပ်ချက်များ ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ တရားမဝင် ကုန်စည်များ  လျော့နည်းပပျောက်စေ ရေးအတွက်   သက်ဆိုင်ရာဌာန၊   အဖွဲ့အစည်းများ ဖြ င့်   ထိထိရောက်ရောက်   ဆောင်ရွက်ပေးခြင်း၊ ဘာသာပြန်ဆိုရန်    ခက်ခဲသော   ကုန်စည်အမျိုး အစားများနှင့်ပတ်သက်၍   တိကျသည့်    လုပ်ထုံး လုပ်နည်း သို့မဟုတ် ညွှန်ကြားချက်တစ်ရပ်  ချမှတ် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့်   သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအချင်းချင်း လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုထိရောက်စွာ  ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ငယ်များဖြင့် ဖွဲ့စည်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
စားသုံးသူကာကွယ်ရေးဥပဒေအရ    ဈေး ကွက်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန်  စစ်ဆေးရေး အရာရှိများလည်း ခန့်အပ်ထားပြီး  စားသုံးသူများ ဘေးအန္တရာယ်ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။    ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်မျက်နှာ ပြင်ပေါ်တွင်   ရာခိုင်နှုန်း မည်မျှဖော်ပြရသည်ကို လည်း စီးပွားရေးလုပ်ငန်းရှင်များက  လာရောက် ဆွေးနွေးသည့်အခါ ကုမ္ပဏီများနှင့်လည်း  ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။  သက်တမ်းကုန်ဆုံး ရက်များ ပြန်လည်ပြုပြင်ရောင်းချခြင်းကို   စီးပွား ရေးလုပ်ငန်းရှင်များ၏ကျင့်ဝတ်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် သတိပေးမှုများ ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသင်ခန်းစာများ တွင် ပတ်ဝန်းကျင် ဗဟုသုတအနေဖြင့် ထည့်သွင်း သင်ကြားလျက်ရှိသည်။ 
ကုန်စည်များတွင်      ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းသည်  ကောင်းမွန်သည့်အရာ တစ်ခုဖြစ်ပြီး စားသုံးသူများအနေဖြင့်လည်းကုန်စည် များကို ပိုမိုယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူသုံးစွဲလာ မှုရှိနိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး များကို ကြိုတင်သိရှိနိုင်ခြင်း၊   မိမိတို့  လိုအပ်သည့် ကုန်စည် ဟုတ်၊မဟုတ်ကို ခွဲခြားသိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိလာနိုင်မည်ဖြစ်ပြီး စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ ဌာန၊အဖွဲ့အစည်းများက ထုတ်ပြန်သော ညွှန်ကြား ချက်များကို တိကျစွာလိုက်နာခြင်းဖြင့်  ဈေးကွက် ပိုမိုထိုးဖောက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများ   ပိုမို ဖွံ့ဖြိုးတိုးတက်လာစေနိုင်ခြင်းနှင့် ြအေခ့ သြ. များ ကို   ထည့်သွင်းဖော်ပြခြင်းဖြင့်   ဘေးအန္တရာယ်ရှိ သည့် ကုန်စည်ကို ပြန်လည်သိမ်းဆည်းမည်ဆိုပါ က ြအေခ့ သြ. အလိုက်   ပြန်လည်သိမ်းဆည်းနိုင် သည့်အတွက် လွယ်ကူမြန်ဆန်စွာ  သိမ်းဆည်းနိုင် သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဆုံးရှုံးနစ်နာမှု   သက်သာနိုင်ခြင်း   စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဖြင့် ကုန်စည်နှင့် သက်ဆိုင်သည့်  သတင်းအချက်များကို စားသုံးသူ များသို့ ပေးအပ်ရမည်ဖြစ်ပြီး  ယခုနောက်ပိုင်းတွင် ကုန်အညွှန်းအမှတ်အသားဖတ်ရှုခြင်းဖြင့်ကုန်စည် နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို သိရှိနိုင်သည်ဟု စားသုံးသူ   အများအပြားက သိရှိ လာသော်လည်း   အမှန်တကယ်  ကုန်စည်များကို ဝယ်ယူရာတွင်    ကုန်စည်၏   ပုံပန်းသဏ္ဌာန်နှင့် ကုန်စည် အမှတ်တံဆိပ်ကို ကြည့်ရှု၍ ဝယ်ယူခြင်း ဖြစ်ရာ စားသုံးသူ  အသိပညာပေးလုပ်ငန်းများကို ယခုအခြေအနေများထက်  ပိုမိုတိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းသည် စားသုံးသူပြည်သူများအနေဖြင့် ၎င်းတို့ ဝယ်ယူသုံးစွဲသည့် ကုန်စည်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုသွားနိုင်မည်ဖြစ်ပြီး လိုအပ် သည့် အခြေခံလိုအပ်ချက်များလည်း  ပြည့်ဝသွား မည်ဖြစ်သည်။
စားသုံးသူများကို   လိုအပ်သည့်   သတင်း အချက်များ ဖြန့်ဝေပေးခြင်း၊ စားသုံးသူများအား ဘေးအန္တရာယ်ရှိမှုမှ    ကာကွယ်ပေးခြင်း၊ ကုန်စည် များတွင် ပါဝင်သည့်အချက်အလက်များကို ဖော်ပြ ပေးခြင်းနှင့်ကုန်စည်ကို    ဆွဲဆောင်မှုဖြစ်ပေါ်စေ ခြင်း၊ ကုန်စည်၏ထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်း တို့သည်     စားသုံးသူအခွင့်အရေးကာကွယ်ရေး၊ ကုန်စည်နှင့်    ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှု ရရှိရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ကုန်အညွှန်းအမှတ်အသား    ဖော်ပြခြင်း အဓိက လက္ခဏာများမှာ  ကုန်စည်နှင့်သက်ဆိုင် သည့် အခြေခံအချက်အလက်များ၊   ပါဝင်ပစ္စည်း များ၊ အသုံးပြုရမည့်နည်းလမ်း၊ ကြိုတင်သတိပေး ချက်တို့ကို မြင်လွယ်ပြီး မိမိတို့လူမျိုးများ ဖတ်နိုင် သည့် ဘာသာစာများဖြင့်  ဖော်ပြရမည်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားပါရှိမှုသည် စီးပွားရေး လုပ်ငန်းရှင်၏    လိုက်နာကျင့်သုံးရမည့် တာဝန် တစ်ရပ်ဖြစ်သည်။ 
စားသုံးသူများ     စားသုံးသူကာကွယ်ရေး ဆိုင်ရာ  အသိပညာဗဟုသုတများ တိုးပွားစေရေး အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိရာ   စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လိုက်နာရမည့်တာဝန်များကိုလည်း  မီဒီယာ များမှတစ်ဆင့် ဖြန့်ဝေမှုဆောင်ရွက်ခြင်း၊ အွန်လိုင်း မှတစ်ဆင့် ကြော်ငြာ၍  ရောင်းချနေသည့် တချို့ သော လုပ်ငန်းများသည် စားသုံးသူကို ထင်ယောင် ထင်မှား ဖြစ်စေနိုင်သောကြောင့် အဆိုပါ ကြော်ငြာ များကို မည်သည့်နည်းလမ်းများဖြင့် ထိန်းကျောင်း သင့်သည်ကိုလည်း ဆောင်ရွက်လျက်ရှိပြီး စီးပွား ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားမှုကို စည်း ကမ်းတကျ လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ဈေး ကွက်တွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ 
စားသုံးသူများအနေဖြင့်    ကုန်စည်များကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံး ပြုခွင့်ရရှိစေရေး၊   ကုန်စည်များနှင့်ပတ်သက်ပြီး လိုအပ်သော သတင်းအချက်အလက်များ အပြည့် အဝ ရရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့်လည်း လိုက်နာရမည့်တာဝန်များကို  ပိုမိုသိရှိ နားလည်စေရေးအတွက်   စားသုံးသူရေးရာ ဦးစီး ဌာနမှ အသိပညာပေးလုပ်ငန်းများဖြင့် အထောက် အကူများစွာ     ပေးလျက်ရှိရာ အမျိုးသားအကျိုး စီးပွားတိုးတက်    မြင့်မားရေးအတွက်သာမက စားသုံးသူ ပြည်သူများအတွက်ပါ အကျိုးကျေးဇူး များရရှိနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။                                                                      

ငြိမ်းဝေနှင်း (စားသုံး)