Main menu

Background

ဘက်စုံဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းဆီသို့

Tue, 10/10/2023 - 08:57 -- journal_editor

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာ ကုန်သွယ်မှုကဏ္ဍများဖြင့် ဆောင်ရွက်လျက်ရှိ ရာတွင်  ကုန်သွယ်မှုလုပ်ငန်းသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတော်အနေဖြင့် ကုန် သွယ်မှုလျင်မြန်ချောမွေ့စေရန် နည်းလမ်းပေါင်းစုံနှင့်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသား အားလုံး ပူးပေါင်းပါဝင်နိုင်ပြီး တီထွင်ဆန်းသစ်မှုနှင့် ကြိုးပမ်း အားထုတ်မှုများဖြင့် တိုးတက်မှုရလဒ်ကောင်းများကို အစဉ် အဆက် ရယူထိန်းသိမ်းနိုင်မည့် စီးပွားရေးစနစ်တစ်ခုအဖြစ် ထူထောင်ရန် နိုင်ငံတော်မှ ရည်မှန်းချက်ထားပြီး လုပ်ဆောင် လျက်ရှိသည်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု ပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေ နိုင်သော မူဝါဒတစ်ရပ်အဖြစ် အကောင်အထည်ဖော်ရာ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေ ရန်ဦးတည်၍ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေ ရှည်ထိန်းသိမ်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး ပြည်တွင်း၊ ပြည်ပ  ရင်းနှီးမြှုပ်နှံမှု   လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေး အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု  ဥပဒေသစ်ကို ပြဋ္ဌာန်း ပေးခဲ့သလို   စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများကိုလည်း ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ပါ သည်။ ထို့အပြင် ပင်လယ်ရေကြောင်းကုန်သွယ်မှု၊ နယ်စပ် ကုန်သွယ်မှုတို့တွင် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးမှုမရှိ စေဘဲ လျင်မြန်ချောမွေ့စွာ ကုန်သွယ်မှုပြုနိုင်စေရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ 
ပို့ကုန်တင်ပို့မှုတွင်  နိုင်ငံတော်ဘဏ္ဍာ ပိုမိုရရှိစေရန် ပို့ကုန်တင်ပို့မှုကို အားပေးလျက်ရှိသည်။ ပို့ကုန်လုပ်ငန်းရှင် များအား ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက်လည်း ကုန် ထုတ်လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့်အခက်အခဲ၊ အတား အဆီးနှင့် အဟန့်အတားများကို ဖြေလျှော့ဆောင်ရွက်ပေး လျက်ရှိသည်။
ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန် ထွက်ပစ္စည်း၊  စက်မှုကုန်ချောအုပ်စုတို့  တင်ပို့ပြီး လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့်  အဓိကထားတင်ပို့သည့် ဆန်၊ ကောက်ညှင်းဆန်၊ နာနတ်သီး၊ ပြောင်း၊ ရော်ဘာ၊ ဖရဲသီးတို့ကို လည်း တင်ပို့လျက်ရှိသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့်စက်နှင့် စက်ပစ္စည်းများ၊  သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား                  ဖြန့်ဖြူးရေးနှင့်  တပ်ဆင်ပစ္စည်းများစသဖြင့် တင်သွင်းလျက် ရှိသည်။
ကုန်သွယ်မှုကဏ္ဍ တိုးတက်စေရန်အတွက် ကုန်ပစ္စည်း စစ်ဆေးရေးဌာနများ၊   ပို့ကုန်သွင်းကုန်   လုပ်ငန်းရှင်များ၊  သက်ဆိုင်ရာဌာနအသီးသီးမှ   တာဝန်ရှိသူ ဝန်ထမ်းများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပို့ကုန်/ သွင်းကုန်များတိုးတက်မှသာ နိုင်ငံတော်အခွန် ဘဏ္ဍာများ တိုးတက်ရရှိနိုင်မည်ဖြစ်သည်။ ပို့ကုန်သွင်းကုန်များ တိုးတက် စေရန်အတွက် ကုန်သွယ်မှုလျာထားချက်များကို နှစ်စဉ်ရေး ဆွဲပြီး လုပ်ဆောင်ကြလျက်ရှိသည်။ ထိုသို့လုပ်ဆောင်ကြရာ တွင်   မြေပြင်တွင်ဖြစ်ပေါ်နေသည့်  ကိန်းဂဏန်းတန်ဖိုးကို အခြေခံကာရေးဆွဲပြီးမှသာ မှန်ကန်တိကျသည့် ကုန်သွယ်မှု လျာထားချက်ကို ရရှိမည်ဖြစ်သည်။ တရားမဝင် တင်ပို့တင် သွင်းမှုများ  လျော့နည်းပပျောက်ရန် ပြည်နယ်/တိုင်းဒေသ ကြီး  အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနအသီး သီးမှ တာဝန်ရှိသူများပူးပေါင်းပြီး တားဆီးဆောင်ရွက်လျက်ရှိ သည်။ (ဆက်လက်ဖော်ပြပါမည်။)

 

ငြိမ်းဝေနှင်း (စားသုံး)