Main menu

Background

ပြည်သူများကျန်းမာစေဖို့ မှိုဆိပ်အန္တရာယ်သတိပြုစို့

Tue, 10/10/2023 - 12:26 -- journal_editor

ရှေးမြန်မာ ဆိုရိုးစကားအတိုင်း  အာရောဂျံပထမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု  ရှေးစကားရှိခဲ့ပါတယ်။ လူတို့၏  တစ်ရက်တာလှုပ်ရှား၊ သွားလာ၊ နေထိုင်ဖို့အတွက် ကျန်းမာ ရေးက အရေးကြီးပါတယ်။ ကျန်းမာမှ မိမိတို့တစ်နေ့တာ လုပ်ဆောင် ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်စွာဆောင်ရွက်နိုင်မှာလည်း ဖြစ်တယ်။ လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် ခန္ဓာကိုယ်ကျန်းမာရေးလည်း  အပါအဝင်ဖြစ် တယ်။ လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့ အချက်တွေမှာ တစ်ခုမက ရှိနေနိုင်တယ်။ ဒီအချက်တွေထဲမှ စား သောက်ကုန်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး (food safety) သည် အရေးကြီးဆုံးအချက်တစ်ခုအဖြစ် ပါဝင်နေတယ်။
ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံး ရမှာဖြစ်ပါတယ်။ အာဟာရဓာတ် ပြည့်ဝစေရန် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပရိုတင်းဓာတ်ပြည့်ဝစွာပါ ဝင်ဖို့နဲ့စိတ်ချလုံခြုံ ရတဲ့ အစားအသောက်တစ်ခုဖြစ်စေရန် သတိထားရမှာဖြစ်ပါတယ်။ ပရိုတင်းဓာတ်ရရှိအောင် သား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးတို့ကို စားသုံးသင့်သည့်အပြင် စိတ်ချလုံခြုံရစေရန် အစား အစာများမှာ ပေါက်ပွားတတ်သော မှိုနှင့် ဘက်တီးရီးယားများ ကင်းရှင်းဖို့ လိုအပ်ပါတယ်။
အာဟာရပြည့်ဝစေရန် သန့်ရှင်းလတ်ဆတ်သော အစားအစာ ကို စားသုံးမှသာလျှင် ခန္ဓာကိုယ်အတွက်များစွာ အထောက်အကူပြု နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းပစ္စည်းများ ပါဝင်နေပါ က ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုင်တွယ်ထိန်းသိမ်းမှုမမှန်၍ သန့်ရှင်းမှုမရှိတဲ့ အစားအစာ၊ သာမန်မျက်စိနဲ့ မမြင်နိုင်သော်လည်း အဆိပ်သင့်နေနိုင်သည့် အစားအစာ၊ ရောဂါပိုးမွှားနဲ့ မှိုတက်နေတဲ့ အစားအစာများကို စားသုံးမိခြင်း စသည်တို့ကြောင့် နောက်ဆက်တွဲ အနေဖြင့် ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
မှိုအမျိုးအမည်ပေါင်းများစွာရှိသည့်အနက် အဆိပ်ဖြစ်စေနိုင် တဲ့ မှိုတွေကို အဆိပ်ရှိမှို၊ အဆိပ်သင့်မှိုဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ အဆိပ်ရှိမှိုဆိုသည်မှာ Toxigenic fungi အဆိပ်အတောက် ဖြစ် စေနိုင်တဲ့ ဒြပ်ပေါင်းများကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ၎င်းအဆိပ် တွေဟာ အစားအစာနှင့် အစာမှတစ်ဆင့် လူနှင့် တိရစ္ဆာန်များသို့ ဝင်ရောက်ရင် ပြင်းထန်တဲ့ (သို့) နာတာရှည် အဆိပ်သင့်ခြင်းဖြစ်စေပြီး အသည်း၊ ကျောက်ကပ်၊ အာရုံကြော၊ သွေးနဲ့အရေပြားကလာပ်စည်း များကို ပျက်စီးစေနိုင်ပါတယ်။ မှိုဆိပ်နှင့် ထိတွေ့တဲ့အခါအဖြစ်များသောလက္ခဏာများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊  ဓာတ်မထည့်ခြင်း၊ အရေပြား ယားယံခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှော ခြင်းနဲ့ အခြားပြင်းထန်တဲ့ အခြေအနေများတွင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း သို့မဟုတ် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
မိမိတို့စားသုံးတဲ့   အစားအစာများ၊   ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများတွင် မှိုပေါက်ရောက်ကြီးထွား မှုကို ပိုမိုဖြစ်ပေါ်စေတဲ့ အချက်များအနက် အရေးကြီးတဲ့အချက်မှာ မမှန်ကန်တဲ့  သိုလှောင်မှု၊ အပူချိန်နှင့် စိုထိုင်းဆတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ထိုသို့ဖြစ်ပါက သိုလှောင်စဉ်အတွင်း မှိုကြီး ထွားမှုနဲ့ အဆိပ်ထုတ်လုပ်မှု ပိုမိုဖြစ်ပေါ်နိုင်တယ်။ အဆိပ်အတောက် ဖြစ်စေသော မှိုအများစုက အပူချိန် (၄ မှ ၆၀) ဒီဂရီ စင်တီဂရိတ်တွင် ပေါက်ပွားနိုင်ပါတယ်။ အများအားဖြင့် အဆိပ်ဖြစ်စေတဲ့ မှိုများဟာ စိုထိုင်းဆနိမ့်တဲ့ နေရာများမှာ ပိုမိုကြီးထွားနိုင်ပါတယ်။ စိုထိုင်းဆ နိမ့်တဲ့ နေရာများသည် မှိုဆိပ်ကို ၈၃ ရာခိုင်နှုန်းထိ ပိုမိုထုတ်လုပ်ပေး နိုင်စွမ်းလည်း ရှိပါတယ်။
အဆိပ်ရှိမှိုများက သိုလှောင်ထားတဲ့အစားအစာတွေကို ပြန် လည်ပြုပြင်ထုတ်လုပ်ရန် မသင့်လျော်တဲ့အထိ ညစ်ညမ်းစေနိုင်ပါ တယ်။ ဒါ့အပြင် ကောက်ပဲသီးနှံများ၊ အခွံမာသစ်သီးများ၊ ဟင်းသီး ဟင်းရွက်များအပါအဝင် အော်ဂဲနစ်ဒြပ်အမျိုးမျိုးတွင် ရှင်သန်နေနိုင် ပါတယ်။ ဒါ့ကြောင့်  အစားအစာများတွင် မှိုဆိပ်ပါဝင်မှုကိုတားဆီး ထိန်းချုပ်ရန် မဖြစ်မနေလိုအပ်ပြီး အစားအစာနှင့် စိုက်ပျိုးရေးထွက် ကုန်အသီးသီးအတွက် သတ်မှတ်ထားသော အသင့်လျော်ဆုံးအပူချိန်၊ ရေငွေ့ပါဝင်မှုနဲ့ စိုထိုင်းဆ (Optimum Temperature, Moisture Content and Relative Humidity တို့တွင် သင့်လျော်စွာ သိမ်းဆည်း ခြင်းနဲ့ကိုင်တွယ်ခြင်းကို ပြုလုပ်ရန် ပညာရှင်များက ထောက်ခံအကြံပြု ထားခြင်းဖြစ်ပါတယ်။
အဆိပ်ရှိမှိုများထဲမှ အပြင်းထန်ဆုံး မှိုမျိုးစိတ်များမှာ Aspergillus flavus, Aspergillus parasiticus နှင့်  Aspergillus ochraceus အစရှိ သည့် မှိုမျိုးစိတ်များပါဝင်ပါတယ်။  Aspergillus flavus နဲ့ Aspergillus parasiticusတို့က ကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့ မှိုဆိပ်အာဖလာ တော့ဆင် aflatoxin)) ကိုထုတ်ပေးနိုင်ပြီး မြေပဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နို့ နှင့် နို့ထွက်ပစ္စည်းများနှင့် သစ်ပင် အစေ့များကို ဆိုးရွားစွာညစ်ညမ်း စေနိုင်ပါတယ်။ ဒါ့အပြင် အခွံမာသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ အပါအဝင် အော်ဂဲနစ်ဒြပ်စင်အမျိုးမျိုးမှာ ရှင်သန်နိုင်တယ်။Aflatoxins  ochraceus  သည် ကျောက်ကပ်ပျက်စီးမှုနဲ့ ဆက်စပ်နေတဲ့မှိုဆိပ်တစ် မျိုးဖြစ်သော အော်ခရာတော့ဆင် (ochratoxin)  ကို ထုတ်ပေးနိုင်ပါ တယ်။
လယ်ယာထွက်ကုန်ပစ္စည်းများမှာ  ကျရောက်တတ်သည့် အဓိကကျသော မှိုဆိပ်များမှာ  Aflatoxin, Zeralenone, Ochartoxin, T-2 toxin, Deoxynivalenol, Fusarium moniliforme နှင့်  Citrinin  တို့ဖြစ်တယ်။ အာဖလာတော့ဆင် aflatoxin)) ကို အဓိကအားဖြင့် Aspergillus flavus နဲ့  Aspergillus parasiticus  တို့မှ ထုတ်လုပ်ပေး ပါတယ်။ Aflatoxin  သည် နို့စားနွားများတွင် နွားနို့ထွက်နှုန်းကို ကျဆင်းစေသည့်အပြင် အရွယ်ရောက်ပြီးသူများတွင် အသည်း ပျက်စီးစေခြင်း၊ ခုခံအား  ကျဆင်းစေခြင်း၊ ကင်ဆာဖြစ်စေခြင်းကို ဖြစ်ပေါ်နိုင်ပါတယ်။    
Zearalenone  မှိုဆိပ်ကို   အဓိကအားဖြင့်    Fusarium နှင့် Gibberella မျိုးစိတ်တို့မှ  ထုတ်လုပ်ပေးနိုင်ပါတယ်။   Fusarium ပန်းရောင်၊  Fusarium vulgaris,    Fusarium triline    နှင့်  အခြား  Fusarium  တို့ကလည်း ၎င်းအဆိပ်ကို   ထုတ်လုပ်နိုင်ပါတယ်။ Zearalenone  က မဟော်မုန်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့  အဆိပ်အတောက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေ သွေးတိုးရောဂါနှင့် ကလေးအသေမွေးခြင်း စတဲ့ ရောဂါများ ခံစားရနိုင်ပါတယ်။ မွေးမြူရေးကဏ္ဍမှာလည်း မျိုးပွား မှုဆိုင်ရာများကို ထိခိုက်စေနိုင်ပါတယ်။
T-2 toxinသည်   Fusarium tritheca  မှိုအမျိုးမျိုးမှ  ထုတ်လုပ် သော trichothecenes(TS) ဒြပ်ပေါင်းများထဲမှ တစ်ခုအပါအဝင် ဖြစ်တယ်။ ယင်းမှ လယ်ယာစိုက်ခင်းများနဲ့ ကောက်ပဲသီးနှံများကို ညစ်ညမ်းစေတဲ့     သာမန်အဆိပ်အတောက်တစ်ခုဖြစ်ပြီး   လူနဲ့  တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေပါတယ်။ အဓိကအားဖြင့် ပြောင်း၊ ဂျုံနဲ့ မုယောများတွင် အဖြစ်များတာကိုလည်း တွေ့ရှိရပါတယ်။ ၎င်း  တို့ဟာ တိရစ္ဆာန်များတွင် မျိုးပွားမှုစနစ်ကို  ထိခိုက်စေပြီး မျိုးမပွား နိုင်ခြင်း၊ အစာစားသုံးမှု လျော့နည်းခြင်း၊ အော့အန်ခြင်း၊ သွေးဝမ်း လျှောခြင်းနဲ့ သေဆုံးခြင်းတို့ ဖြစ်ပွားနိုင်တာကိုလည်း  တွေ့ရှိရပါ တယ်။  ဒါ့အပြင် ကြက်၊ ငှက်များတွင်လည်း မျိုးဥထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်နိုင်ပါတယ်။ 
Deoxynivalenol (DON)  သည်  အော့အန်စေသော မှိုဆိပ် (vomitoxin) ) အဖြစ်လူသိများပြီးTrichothecene Type B ဒြပ် ပေါင်းလည်းဖြစ်ပါတယ်။ Deoxynivalenol  သည်  အဖြစ်များတဲ့  အဓိက    အဆိပ်အတောက်တစ်ခုဖြစ်ပြီး    သိုလှောင်သီးနှံများမှာ အချိန်ကြာမြင့်စွာ တည်ရှိနိုင်သည့်အပြင် ပြင်းထန်တဲ့အပူချိန်ကိုလည်း ကောင်းစွာခုခံနိုင်စွမ်း ရှိပါတယ်။ အဓိကအားဖြင့် တိရစ္ဆာန်များ၊ ဂျုံ၊ ပြောင်းနှင့် မုယောတို့တွင် အဖြစ်များတာကို တွေ့ရှိရပါတယ်။  ၎င်း သည် တိရစ္ဆာန်မျိုးပွားနှုန်းကို လျော့ကျနိုင်ပြီး  လူ၏ခန္ဓာကိုယ်တွင် သက်ရောက်မှုရှိခဲ့ပါက အာရုံကြောဆိုင်ရာ  ချို့ယွင်းခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားယားယံခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။ Fusarium moniliforme  အဆိပ်အတောက်တွင်B1, B2, B3, B4, A1, A2    ဆိုပြီး အမျိုးအစား ခြောက်မျိုး ရှိပါတယ်။ ၎င်းတို့အနက် အဆိပ်ပြင်းထန်ဆုံးမှာ B1 နှင့်B2 ဖြစ်ပါတယ်။              

   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး World Health Organization, WHO)၏ အချက်အလက်များအရ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု၏ ၅၉ ရာခိုင်နှုန်းနှင့်  ၎င်းနဲ့ထွက်ကုန်များသည်  Fusarium vulgaris မှို အဆိပ်ကြောင့်   ညစ်ညမ်းစေတယ်လို့   သိရှိရပါတယ်။  ၎င်းတို့ဟာ မြင့်မားတဲ့  အပူချိန်(၁၅၀) ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင်  တိရစ္ဆာန်အများစုမှာ ခုခံအားကျဆင်းမှု၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်းကို    ဖြစ်စေပါတယ်။  အဓိကအားဖြင့် Fusarium moniliforme က ဝက်များတွင် မျိုးမပွားနိုင်ခြင်း၊ အသက် ရှူရခက်ခဲခြင်း၊ အဆုတ်ရောင်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေပါ တယ်။
Citrinin  မှိုဆိပ်က carboxyl      အုပ်စုတွင် တစ်ခုအပါအဝင်ဖြစ် ပြီး ionic state နှင့် non-ionic state  ဆိုပြီး ပုံစံနှစ်ခုရှိပါတယ်။ ယင်းမှို ဆိပ်သည် ကြာရှည်စွာ သိုလှောင်ထားသော အစားအစာများမှာ ပေါက်ဖွားပြီး ညစ်ညမ်းစေပါတယ်။ ကျောက်ကပ်၊ အသည်းနှင့် ဆဲလ် ကလာပ်စည်းများကို ပျက်စီးစေတဲ့  မှိုဆိပ်ကို ထုတ်လုပ်ပေးနိုင်ပြီး အများအားဖြင့် သိုလှောင်သီးနှံများအပြင် တစ်ခါတစ်ရံတွင် အသီး အနှံနှင့် အပင်ထွက်ပစ္စည်းများမှာ တွေ့ရှိနိုင်သော မှိုဆိပ်တစ်မျိုးဖြစ် ပါတယ်။ 
မိမိတို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ ဖြစ်ရာ လယ်ယာထွက်ကုန်သီးနှံများမှာ မှိုဆိပ်ကျရောက်မှုကင်းစင် ပြီး အရည်အသွေးကောင်းမွန်စေရန် Supply Chain တစ်လျှောက် လိုက်နာ ဆောင်ရွက်ရမည့် ကျင့်စဉ်ကောင်းများအတိုင်း အလေး ထားဆောင်ရွက်သင့်ပြီး ရောဂါအန္တရာယ် ကင်းဝေးစေဖို့အတွက် နေ့စဉ်စားသုံးသော အစားအစာများကိုသာမက နေထိုင်ရာပတ်ဝန်း ကျင်ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ထို့ကြောင့် ပြည်သူများ ကျန်းမာစေဖို့ မှိုဆိပ်အန္တရာယ်သတိပြုစို့}ဟူသည့်အတိုင်း စားသုံးသူ ပြည်သူများက   တန်ဖိုးတစ်ခုဖြင့်   ဝယ်ယူစားသောက်ကြရတဲ့ အစား အစာများမှာ မှိုဆိပ်ပါဝင်မှုမရှိစေရန်၊ သတိထားပြီး ဝယ်ယူသုံးစွဲ တတ်စေရန်နှင့် မှိုဆိပ်အမျိုးမျိုးနဲ့တကွ ၎င်းတို့ကြောင့် ဖြစ်ပွားတတ် တဲ့ ရောဂါများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ရေးသားတင်ပြ လိုက်ရပါတယ်။

 

ယုယုအောင် (CTQM)