Main menu

Background

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် ဝင်ငွေ

Tue, 10/10/2023 - 15:09 -- journal_editor

ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့များသည် ပါတနာရှစ်ပုံစံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ပါတနာများအဖြစ် ပင်စင် ရန်ပုံငွေအဖွဲ့များ၊ အာမခံရန်ပုံငွေအဖွဲ့များ၊ ချမ်းသြွာကယ်ဝသည့် တစ်ဦးချင်း  ရင်းနှီးမြှုပ်နှံသူများ၊ ငွေပဒေသာပင် ရန်ပုံငွေများ၊ ဖောင်ဒေးရှင်းရန်ပုံငွေများ၊ အစိုးရများ၏ရန်ပုံငွေများဖြင့် ပါဝင်  ဖွဲ့စည်းထားပြီး   ၎င်းတို့ကိုယ်တိုင်   အထွေထွေပါတနာများ General  Partner)အဖြစ် ပါဝင်စီမံခန့်ခွဲလေ့ရှိသည်။ 
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ရာတွင် ရန်ပုံ ငွေအဖွဲ့များသည် ကုမ္ပဏီအသစ်များ  ဖွဲ့စည်းကာ ပတ်မှတ်ထား သည့် လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံကြသည်။ ကုမ္ပဏီ အသစ်တို့သည် ငွေချေးသည့်အဖွဲ့များထံမှ ချေးငွေများကို လည်း ကောင်း ၊ ရှယ်ယာရှင်များထံမှ ငွေကြေးများကို  လည်းကောင်း ပေါင်းစပ်ရယူကာ အဆိုပါပစ်မှတ်ထားသည့် ကုမ္ပဏီများသို့ ငွေ ကြေးများ ထည့်ဝင်ခြင်းဖြစ်သည်။ 
အဆိုပါ   ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့များ၏ ဖွဲ့စည်းမှု ပုံသဏ္ဌာန်မှာ အထွေထွေပါတနာများအတွက် အမြင့် ဆုံးသော ရလဒ်များရရှိစေရန် ရေးဆွဲထားသည်။ သို့အတွက် အခွန်သက်ညှာရေး ကိစ္စများမှာ အဓိကဖြစ်လာသည်။ အထွေ ထွေပါတနာများသည် ၎င်းတို့ထည့်ဝင်  ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှ စီမံခန့်ခွဲမှုစရိတ်အနေနှင့် စုစုပေါင်းစီမံခန့်ခွဲပေး ရသည့် ပိုင်ဆိုင်မှုတန်ဖိုး (Asset Under Management)  ၂% ကို ဝန်ဆောင်ခအဖြစ် ရယူလေ့ရှိသည်။ ထို့အပြင် လုပ်ငန်းအောင် မြင်မှုများမှ အကျိုးအမြတ်အဖြစ် ဆုကြေးရှယ်ယာများ (carried interest))ကိုလည်း ရယူလေ့ရှိသည်။ 
ရရှိသည့် ဆုကြေးရှယ်ယာများသည် အခွန်ပေးဆောင်ရ သည့် ဝင်ငွေများအဖြစ် မှတ်ယူလေ့ရှိသည်။ အထွေထွေပါတနာ များသည် ထည့်ဝင်ထားသည့်ငွေကြေးပေါ်မှ မြတ်စွန်သည့်အပေါ် ဆုကြေး ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ရယူလေ့ရှိသော်လည်း တစ်ခါတစ်ရံ  အကန့်အသတ်ဖြင့် ထည့်ဝင်ရင်းနှီးမြှုပ်နှံသူ Limited Partner   များနှင့် ညှိနှိုင်းကာ သတ်မှတ်လေ့ရှိသည်။ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များသည် အမေ ရိကန် စာရင်းစစ်ချုပ်ရုံး၏ လမ်းညွှန်ချက်နှင့်အညီ ငွေလုံးငွေ ရင်းအသုံးစရိတ်ကို အခွန်ကိစ္စအလို့ငှာ ထိန်းသိမ်းရမည့် တာဝန် ရှိသည်။  ထို့အတူ ပါတနာများသည်လည်း  မိမိတို့ကိုယ်ပိုင် ငွေလုံးငွေရင်းအသုံးစရိတ်ကို ထိန်းသိမ်းကြရသည်။ 
တစ်ဖက်ပိတ်ရန်ပုံငွေများ (Closed-end fund)
ရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့အများစုမှာ တစ်ဖက်ပိတ် ရန်ပုံငွေ (Closed-end fund) များဖြစ်သည်။ အဓိပ္ပာယ်မှာ ဤ ရန်ပုံငွေအဖွဲ့ထဲသို့ လစ်မစ်တက်ပါတနာများမှ သတ်မှတ်ထား သည့်ပမာဏအထိသာ ကန့်သတ်ထည့်ဝင်ခြင်းဖြစ်ပြီး ယင်းငွေကို  ရင်းနှီးမြှုပ်နှံမှုသက်တမ်းပြည့်သည်အထိ ပြန်လည်ထုတ်ယူခွင့် မရှိပါ။ အကျိုးတူ ရန်ပုံငွေအဖွဲ့ (Mutual Fund)များနှင့် ခြားနား သည့်အချက်မှာ အကျိုးတူရန်ပုံငွေအဖွဲ့များသည် ထည့်ဝင်ထား  သည့်ငွေကို ဖောက်သည်များမှ အချိန်မရွေး ပြန်လည်ထုတ်ယူ နိုင်ခြင်းဖြစ်သည်။ ရန်ပုံငွေအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသည့် ငွေ ပမာဏမှာ အထွေထွေပါတနာက ၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး အခြားရင်းနှီးမြှုပ်နှံသူများမှ ၉၉ ရာခိုင်နှုန်း  ထည့်ဝင်မည်ဆိုသည့်  အာမခံချက်  ထားရှိကြသည်။ အဆိုပါ  ရန်ပုံငွေအဖွဲ့များသည် ကုမ္ပဏီတစ်ခုသို့  လေးနှစ်မှ ငါးနှစ် ကြာအောင် ထည့်ဝင်မြှုပ်နှံလေ့ ရှိပြီး ငါးနှစ်မှ ရှစ်နှစ်အတွင်း ပြန်လည်ထွက်ခွာလေ့ရှိကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံထားသည့် ကာလအတွင်းတွင် လစ်မစ်တက် ပါတနာများအနေဖြင့် သဘောတူညီချက်များတွင် ပါဝင်သည့် ပုံမှန်ငွေကြေးထည့်ဝင်မည်ဟူသည့် ကတိကဝတ်ပြုသည်မှလွဲ၍ ရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခြင်းများ မပြု  လုပ်ကြပါ။ အချို့သော ငွေကြေးထည့်ဝင်သည့် ကတိကဝတ် (Covenants) များတွင် ပါတနာများသည် မည်သည့်လုပ်ငန်းများ သို့ ငွေကြေး မည်မျှ ထည့်ဝင်မည်။ မည်သည့်ပုံစံဖြင့် ထည့်ဝင်မည် ဟူသည့် အချက်များကိုပါ ထည့်သွင်းရေးဆွဲထားသည်။ အထွေ ထွေပါတနာများသည် တစ်ခါတစ်ရံ ၎င်းတို့ ထည့်ဝင်ထားသည့် လုပ်ငန်းများအပေါ်မှ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် စောင့် ကြည့်စစ်ဆေးခြင်းများအတွက် အဖိုးအခများ ရယူလေ့ရှိသည်။ 
အဆိုပါ  ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့သည့် ပုဂ္ဂလိက ကုမ္ပဏီများကို လက်ရှိရှယ်ယာဈေးထက်မြင့်သည့် အပိုကြေး (Premium) များပေးကာ ဝယ်ယူကြသည်။ အများအားဖြင့် မိမိ တို့ပစ်မှတ်ထားသည့်  ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေအပေါ်မူ တည်ကာ ပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိကို ဝယ် ယူလေ့ရှိကြသည်။ အဆိုပါကုမ္ပဏီကို ဝယ်ယူလိုက်သည့် ငွေ ကြေးများသည် အများအားဖြင့် ချေးငွေများဖြင့် ဝယ်ယူခြင်း ဖြစ်ပြီး အစဉ်အလာအရ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို ချေးငွေများဖြင့် ဖြည့်တင်းခြင်းဖြစ်သည်။ အဆိုပါ ချေးငွေပုံ သဏ္ဌာန်များမှာ  ခိုင်မာစိတ်ချရသည့် ချေးငွေပုံသဏ္ဌာန်များ  အပြင် အဆင့်နိမ့်  ချေးငွေပုံစံများဖြင့်လည်း  ရယူလေ့ရှိသည်။ ြွေကးမြီအကျပ်အတည်းဖြစ်ပေါ်ခဲ့သည့် ၂၀ဝ၇-၂၀ဝ၈ ကာလ များတွင် ြွေကးမြီများဖြင့် ရင်းနှီးငွေရယူမှုများ စွာလျော့ကျခဲ့ သည်။ ချေးငွေဖြင့် ဖြည့်ဆည်း၍ ထည့်ဝင်ရန်ကျန်ရှိသည့် ငွေ ကြေးများကိုမူ အစုရှယ်ယာပုံသဏ္ဌာန် Equity)) ဖြင့် ထည့်ဝင်လေ့  ရှိသည်။ ပမာဏ အများဆုံး ရယူထည့်ဝင်သည့် ချေးငွေများကို ဘဏ်များ၊ ပင်စင်ရန်ပုံငွေအဖွဲ့များ၊Hedge fund များ၊ အခြား သော ငွေကြေးအဖွဲ့အစည်းများထံမှ ရယူလေ့ရှိသည်။
ပြန်လည်ထွက်ခွာခြင်း (Ezits)
ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့များသည် ၎င်းတို့ပတ်မှတ်ထား သည့် ကုမ္ပဏီများကို စရိတ်အနည်းဆုံးဖြင့် လည်းကောင်း၊ ချေး ငွေပမာဏများများ ရယူခြင်းဖြင့်လည်းကောင်း ဝယ်ယူလေ့ရှိ ကြသည်။ ထို့အတူ ရယူထားသညြွေ့်ကးမြီများကို မည်သည့် အချိန်တွင် ရပ်ဆိုင်းရမည်၊ ထို့အပြင် ကုမ္ပဏီလုပ်ငန်းများကောင်း မွန်စွာလည်ပတ်၍ အမြတ်ဝေစုကို မည်သည့်အချိန်တွင် စတင် ခွဲဝေမည်ကိုလည်း  တွက်ချက်ကြရသည်။ နောက်ဆုံးတွင် ထည့် ဝင်ထားသည့်ရန်ပုံငွေများကို အများပြည်သူသို့ ရှယ်ယာများကမ်း လှမ်းရောင်းချသည့်နည်း Initial Public Offering)) ဖြင့် ထွက်ခွာ မည် (သို့မဟုတ်) မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများ Strategic investors) များသို့ပြန်လည်ရောင်းချမည် (သို့မဟုတ်) အခြားသော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များသို့ ရောင်း ချ၍ ပြန်လည်ထွက်ခွာမည်ကို ဆုံးဖြတ်ကြသည်။ 
အသုံးများသည့် ထွက်ခွာနည်းများမှာ အခြားသော ဗျူဟာ မြောက်ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခြင်း (၃၈ ရာခိုင်နှုန်း)၊ အခြားသော လုပ်ငန်းတူရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များသို့ ရောင်းချခြင်း (၂၄ရာခိုင်နှုန်း)၊ အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (၁၄ရာခိုင်နှုန်း) နှင့် ဒေဝါလီခံကာ ထွက်ခွာခြင်း (၆ ရာခိုင်နှုန်း) တို့ဖြစ်သည်။ 
အခကြေးငွေများ
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အဖွဲ့များရှိ အထွေထွေပါတနာနှင့် လစ်မစ်တက် ပါတနာများအကြားတွင် ကုန်ကျစရိတ်နှင့် အခ ကြေးငွေ ပုံသဏ္ဌာန် (၄)မျိုးခွဲခြားထားသည်။ 
(က) စီမံခန့်ခွဲမှု ဝန်ဆောင်ခ ။    ။ ရန်ပုံငွေများကို   စီမံခန့်ခွဲရ သည့်အတွက် စုစုပေါင်း  ထည့်ဝင်ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂ ရာခိုင်နှုန်း  (ရန်ပုံငွေ ထည့်ဝင်ထားသည့်ကာလ လေးနှစ်မှ ငါးနှစ် အတွင်း ကောက်ခံ)နှင့် ရန်ပုံငွေများ ပြန်လည်ရောင်းထုတ်၍ ကျန်ရှိသည့်ပမာဏအပေါ် ၂ ရာခိုင်နှုန်း ရယူလေ့ရှိသည်။ ယင်း ပမာဏများကို   လစ်မစ်တက်ပါတနာများထံမှ တစ်နှစ်လျှင် နှစ်ကြိမ် ကောက်ခံခြင်းဖြစ်သည်။
(ခ) ဆုကြေး ရှယ်ယာများ(ဃမေမငနိ ှုညအနမနျအ)။   ။ ဤဆုကြေးငွေ များသည် လုပ်ငန်းများဆောင်ရွက်ရာမှ သိသာသောဝင်ငွေများ ရရှိလာသည့်အချိန်တွင် ရန်ပုံငွေကြီးကြပ်သည့်အဖွဲ့သို့ ဆွဲ ဆောင်မှုပေးသည့်အနေဖြင့်  ပေးအပ်သည့် ဆုကြေးရှယ်ယာ များဖြစ်သည်။ အများအားဖြင့် ဆုကြေးရှယ်ယာများကို အထွေ ထွေ ပါတနာနှင့် လစ်မစ်တက်ပါတနာတို့အကြား ၈၀း၂၀ အချိုး ဖြင့်ခွဲဝေရယူလေ့ရှိသည်။  
(ဂ) ပေါ့ဖိုလီယိုကုမ္ပဏီများမှ ဝန်ဆောင်ခများ။  ။ ဤအခကြေး ငွေများမှာ ပေါ့ဖိုလီယိုကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဖွဲ့များ သို့ တိုက်ရိုက်ပေးအပ်သည့် ဝန်ဆောင်ခများဖြစ်သည်။  အထူး သဖြင့် ရန်ပုံငွေအဖွဲ့များ  ပြန်လည်ထွက်ခွာချိန်တွင် အရောင်း အဝယ်ပြုသည့်ပမာဏအပေါ်မှ ဝန်ဆောင်ခများ၊ စာရင်းကိုင်၊ အခွန်၊ တရားစရိတ် အစရှိသည့် ဝန်ဆောင်ခများ၊ အစည်းအဝေး စရိတ်များ၊ အကြံÓဏ်ပေးခများ၊ ကြီးကြပ်ပေးရသည့်အတွက် ဝန်ဆောင်ခများ ပါဝင်သည်။
(ဃ) အခြားဝန်ဆောင်ခများ။    ။ ရန်ပုံငွေအဖွဲ့များသည် အချို့ သော ကိစ္စရပ်များတွင် အပိုဝန်ဆောင်ခများ ကောက်ခံလေ့ရှိ သည်။ အထူးသဖြင့် ရှယ်ယာများဖြန့်ချိရောင်းချရာတွင် ကုန်ကျ စရိတ်များ၊ ငွေကြေး ထိန်းသိမ်းစောင့်ရှောက်ခများ အစရှိသည့် စရိတ်များ ပါဝင်သည်။ 
Reference : Investment Guide Book

ထွန်းသက်ထွန်း