Main menu

Background

ဆန်လုံးညိုခေါ် (လုံးတီးဆန်) ကို စားသုံးပေးသင့်

Mon, 12/04/2023 - 10:56 -- journal_editor

ကမ္ဘာပေါ်ရှိ လူတိုင်းလိုလို အသက်ရှင်ရန်အတွက် ဆန်ကို ချက်ပြုတ်စားသုံးကြသည်။ အချို့ တိုင်းရင်းသားများနှင့် အချို့ နိုင်ငံများတွင် လူး၊ ဆပ်၊ အာလူး၊ ဂျုံ စသော သီးနှံများများကို စားသုံးကြသော်လည်း အများစုမှာ ထမင်းကိုသာ ချက်ပြုတ်စား သောက်ကြသည်။ လူးနှင့်ဆပ်သည် နှံပြောင်းအမျိုးအစားထဲတွင် ပါဝင်ပြီး မိုးခေါင်ရေရှားရပ်ဝန်းတွင် စားသုံးလေ့ရှိသည့် သီးနှံ တစ်မျိုးဖြစ်သည်။
ဆန်ဟုပြောရာတွင် လူတို့နေ့စဉ်စားနေသော ဆန်ဖြူဖြူ လေးများသည် အဆင့်ဆင့်ပြုပြင်ပြီးမှ ရလာသော ဆန်များဖြစ် သည်။ ဆန်လုံးညိုဆိုသည်မှာ ပြုပြင်ထားခြင်းမရှိဘဲ သဘာဝ ဆန်စေ့အတိုင်း ထုတ်လုပ်ထားပြီး အာဟာရဓာတ်များစွာ ပါဝင် သည့် အညိုရောင်ဆန်ဖြစ်သည်။ ဆန်လုံးညိုသည် စပါးကို အခွံ ချွတ်ပြီးနောက် စား၍ရသည့် အဆင့်ဖြစ်အောင် ဖွတ်ကာ ရလာ သောဆန်ဖြစ်သည်။ ပုံမှန်စားသုံးနေကြသော ဆန်များသည် စပါး ကို အခွံချွတ်ပြီးနောက် စား၍ရ‌သော ဖွဲနုအလွှာတစ်ခုကို ထပ်မံ ဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးအောင် အကြိမ်ကြိမ် ဖွတ်ထား သော ဆန်များဖြစ်သည်။ ဆန်လုံးညိုမှာမူ ထိုသို့မဟုတ်ဘဲ အပေါ် ယံ စပါးခွံကို ဖယ်ရှားပြီးနောက် အကြိမ်ကြိမ်မဖွတ်ဘဲ စား၍ရ  သော အတိုင်းအတာထိထားပြီး အပေါ်ယံနုလွှာပါးကို မဖယ်ရှား ထားသောဆန်ဖြစ်သည်။
အကြိမ်ကြိမ်ဖွတ်ထားသော ဆန်များသည် အပေါ်ယံလွှာ ရှိ အဖိုးတန်  ဗိုက်တာမင်များ  အမျှင်များစွာ ကုန်ဆုံးသွားကာ အာဟာရဓာတ်ကို လိုသလောက် မပေးနိုင်တော့ပါ။ ဆန်ဖြူများ နှင့် မတူခြင်းက ဆန်လုံးညိုမှာ အပြင်ဘက်ဆုံးအလွှာ  ရှိနေသော ကြောင့် အာဟာရတန်ဖိုး အများအပြား ကပ်ငြိနေခြင်းဖြစ်သည်။ ဆန်ဖြူကို ကြိတ်ခွဲလိုက်သည့်အခါ ဗီတာမင် B 3  ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B 1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B 6  ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ် ဖရပ်စ်တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင် နှုန်းနှင့် အမျှင်ဓာတ်အားလုံး ဆုံးသွားသည်။ ဆန်လုံးညိုသည်  အပေါ်ယံအလွှာ ပါးသောကြောင့် သာမန်ဆန်များကဲ့သို့ နှစ်ရှည် မခံတတ်ပါ။ သာမန်အားဖြင့် ခြောက်လခန့်သာ  အထားခံသည်။ အာဟာရဓာတ် မြင့်မားသော ဆန်လုံးညိုကို ဝိတ်ချရာမှာလည်း အသုံးပြုကြသည်။
ကိုလက်စရောနှင့် ကယ်လိုရီပါဝင်မှုကလည်း သာမန် ဆန် ထက်ပိုနည်းသဖြင့်  ဝိတ်ချသူများ  ရွေးချယ်ရန် အထူးသင့်တော် သည်။  ဆန်လုံးညို၏ အပြင်ဘက်ဆုံး အလွှာကြောင့် အမျှင် ဓာတ်ပါဝင်မှု မြင့်မားကာ ဆာလောင်မှုကို ထိန်းချုပ်ပေးသည်။ ထို့ကြောင့်  ဝိတ်ချနေသူများကလည်း ထမင်းဖြူအစား ဆန်လုံး ညိုကို အစားထိုးစားသင့်သည်။ ဆီးချို၊ သွေးချိုရှိသူများလည်း စားသုံးသင့်သော ဆန်တစ်မျိုးဖြစ်ပြီး အများကြီး မစားသင့်ပေ။ ဆန်လုံးညိုသည်  အမျှင်ဓာတြွ်ကယ်ဝကာ ဗိုက်ပြည့်လွယ်ပြီး ပမာဏများများ စားမည်ဆိုလျှင် ဆီးချိုတက်နိုင်ပြီး ဝမ်းချုပ်စေ နိုင်သည်။ ဆန်လုံးညိုမှာ ဖောလစ်အက်စစ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးသင့်သည်။ ဖောလစ်အက်စစ် သည် အမျိုးသမီးများအတွက်ကောင်းမွန်ပြီး နေ့စဉ်စားသောက် မှုမှာ မရှိမဖြစ်ပါဝင်သည့် အာဟာရတစ်မျိုးဖြစ်သည်။ ဆန်လုံးညို သည် ကလေးများအဖြစ်များသည့် ပန်းနာရင်ကျပ်  ရောဂါကို လည်း ပျောက်ကင်းစေသည်။
ဆန်လုံးညိုမှာ   Lignan  (လီနမ်) ဓာတ်  ပါဝင်ခြင်းကြောင့် နှလုံးရောဂါ ဖြစ်ခြင်းကိုလည်း ဟန့်တားပေးသည်။ Antioxident ပါဝင်သောကြောင့်  ကင်ဆာဖြစ်ခြင်းကို လျော့နည်းစေသည်။  ဆန်လုံးညိုသည်  အူမကြီးကင်ဆာ၊ ရင်သားကင်ဆာများ အပါ အဝင် အခြားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။
ဆန်လုံးညိုသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အမျှင်ဓာတ်၊ အဆီနှင့် ကာဗိုဟိုက်ဒရိတ်တို့ကို ထောက်ပံ့ပေးသည့် ကောက်နှံ တစ်ခုဖြစ်ပြီး  အစိတ်အပိုင်းသုံးမျိုး ပါဝင်ကြောင်း သိရသည်။ အမျှင်ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်၌ ရှိနေသည့်အဆီများကို စုပ်ယူ နိုင်‌သောကြောင့် သွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေး  နိုင်သည်။ ထမင်းဖြူမှာ အစာချက်မှု ပိုမိုလွယ်ကူသောကြောင့် အစာအိမ်နာခြင်းကို ရှောင်ရှားပေးသည်။  ထို့အပြင် စွမ်းအင်ပံ့ပိုး မှုကို ပိုမိုမြန်ဆန်ပြီး  အားကစားသမားများအတွက် ပြီးပြည့်စုံ သော အစားအစာဖြစ်လာသည်။
ဆန်လုံးညိုတစ်ခွက်တွင် မဂ္ဂနီဆီယမ် ၂၁ ရာခိုင်နှုန်း ပါဝင် သည်။ မဂ္ဂနီဆီယမ်သည် အရိုးများအတွက် ကောင်းမွန်စေပြီးကြွက်သားများကို ပြေလျော့စေသည်။ ဆီးချိုသမားများအတွက်လည်း ကယ်လိုရီပါဝင်မှုနည်းသော ဆန်လုံးညိုကို ဆန်ဖြူအစားထိုးစား သုံးနိုင်သည်။  ဗီတာမင်နှင့် အခြားအာဟာရများ ြွကယ်ဝသဖြင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေသည်။ အာဟာရဓာတ် များြွကယ်ဝသော  ဆန်လုံးညိုကို ချက်ရာတွင်လည်း သာမန် ထမင်းချက်သကဲ့သို့ ချက်နိုင်သည်။ ဆန်လုံးညိုကို ညအိပ်ခါနီး အချိန်မှာ အလွန်အမင်းစားသုံးပါက အစာမကြေခြင်းကို ဖြစ်စေပြီး ထမင်းဖြူအစား တစ်ခါတစ်ရံတွင် ဆန်လုံးညိုကို အစားထိုး စားပေးသင့်ကြောင်း  အကြံပြုရေးသားလိုက်ရပါသည်။

DOCA (kayin)