Main menu

Background

မွန်ပြည်နယ်၏ ဈေးကွက်ဝင် ကွမ်းသီး ဈေးနှုန်းဈေးကွက် အခြေအနေနှင့် အသင်းဖွဲ့စည်းထားရှိမှု

Mon, 12/04/2023 - 12:48 -- journal_editor

မွန်ပြည်နယ်သည် နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၁၀ လက်မခန့်ရရှိကာ စိမ်းစိုသော တောင်ကုန်း တောင်တန်းများလည်း ပြည်နယ်အဝှမ်းတွင်တည်ရှိသည်။ မြေသြဇာကောင်းမွန်သည့် ကမ်းရိုးတန်း လွင်ပြင်နှင့် မြေပြန့်လွင်ပြင်များလည်းရှိသဖြင့် နှစ်တို၊ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာ ဖြစ်ထွန်းရန်အတွက် ရေခံ၊ မြေခံကောင်းများဖြင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည် နယ်အတွင်းရှိ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးသည့် တောင်သူများအဖို့ ကွမ်းသီးကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်စိုက်ပျိုးကြသည့်အလျောက် ကွမ်းသီးကဏ္ဍမှရရှိသော အကျိုးအမြတ်သည် ပြည်နယ်၏ စီးပွားရေးကဏ္ဍအတွက်လည်း ပမာဏတစ်ခုအထိ ကျောထောက်နောက်ခံ ပြုပေးနေသည့် အခြေ အနေတစ်ရပ်ဖြစ်သည်။
မွန်ပြည်နယ်တွင် မိရိုးဖလာမှသည် ယနေ့ထိတိုင် ကွမ်းသီးကို အစဉ်အဆက် စိုက်ပျိုးခဲ့သည့် နှစ်ရှည်သီးနှံတစ်ခုအဖြစ်  တည်ရှိနေသည်။ ကွမ်းစားခြင်းဓလေ့နှင့်ယှဉ်၍ ကွမ်းသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသည့် အခန်းကဏ္ဍသည်လည်း အလွန်ပင် အရေးပါလှပေသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ထိ ၅၆၂၆၁ ဧကရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၅၆၅၀၈ ဧကရှိသဖြင့် ၂၄၇ ဧက တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။
ဈေးနှုန်းဈေးကွက်အခြေအနေ
ဈေးနှုန်းအနေဖြင့် ဒေသအလိုက်ကွဲပြားမှုရှိပြီး ယခုတစ်ပတ်တွင် မော်လမြိုင်ပါးပုတ်သီး (အရိုင်း)တစ်ပိဿာ ကျပ် ၃၆၀ဝ၊ မော်လမြိုင်အညိုသီး(အသန့်)တစ်ပိဿာ ကျပ် ၃၈၀ဝ၊ မော်လမြိုင် အညိုသီး(ြွပမ်း) တစ်ပိဿာ ကျပ် ၃၂၀ဝ၊ရေးပေါင်းခြမ်း (၉၉%အခြောက်) တစ်ပိဿာ ကျပ် ၅၄၀ဝ၊ ရေးအံစာအသန့် (ခြောက်)တစ်ပိဿာ ကျပ် ၅၅၀ဝ၊ ကွမ်းသီးအခြမ်း အဝိုင်း(သန့်)တစ်ပိဿာ ကျပ် ၆၄၀ဝ-၇၅၀ဝ ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်နှစ် နိုဝင်ဘာလဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့်ဈေးနှုန်းကျလာသည်ကို တွေ့ရှိရသည်။
ပုံမှန်အားဖြင့် အိန္ဒိယဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရသောကြောင့် ဈေးကွက်ရွေးချယ် ဝယ်ယူနိုင်မှုနည်းပါးခြင်း၊ သယ်ယူပို့ဆောင်ခနှုန်း မြင့်မားလာခြင်းနှင့် ပြည်ပတင်ပို့ရာတွင် (အခွန် အခ)မြင့်မားလာခြင်းကြောင့် ယခုနှစ်တွင် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ကွမ်းသီးလုပ်ငန်းရှင် ထံများမှ သိရသည်။ မွန်ပြည်နယ်မှ ကွမ်းသီးလုပ်ငန်းရှင်များအနေဖြင့် ကွမ်းသီးကို ပြည်ပသို့ တိုက် ရိုက်တင်ပို့ခြင်းမရှိဘဲ ရန်ကုန်နှင့် မန္တလေးမြို့များမှ ကုန်သည်များကိုယ်တိုင် လာရောက်ဝယ်ယူခြင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်း၊ ဒေသတွင်း ဖြန့်ဖြူးရောင်း ချခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို အဓိကထား ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။

ပုံမှန်အားဖြင့် ကွမ်းသီးကို ရာသီတစ်နှစ်တွင်  နှစ်ကြိမ်  ဆွတ်ခူးနိုင်ပြီး နေရာဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည့်အတွက် တစ်ကြိမ်ရင်းနှီး စိုက်ပျိုးခြင်းဖြင့် နှစ် ၃၀ ကျော်အထိ ဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ကွမ်းသီးပင်အား ကြားသီးနှံနှင့်ရောနှောစိုက်ခြင်းဖြင့် ဝင်ငွေနှစ်ဆ တိုးစေသည့် ရာသီပေါ်နှစ်ရှည်သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် တွက်ခြေကိုက်သော နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်ကို စိုက်ပျိုးသင့်သည်။
မွန်ပြည်နယ်တွင် ရှေးယခင်ကတည်းကပင် ကွမ်းသီးကို မိရိုးဖလာ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုး သီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း တောင်သူများ၊ ကွမ်းသီး ကုန်သည်များနှင့် ဆက်စပ်ပတ်သက် ရာ လုပ်ငန်းရှင်များနှင့်စုဝေး၍ ကွမ်းသီးနှင့်ပတ်သက်သည့် အစုအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နိုင်ခဲ့ သည့်အနေအထား မရှိခဲ့သေးပေ။ ကွမ်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချမှုနှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်ရေး၊ ဈေးကွက်  စသည့် အရပ်ရပ်သော အခြေအနေတို့တွင် တောင်သူများ၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာ  ၍ စုပေါင်းဆောင်ရွက်နိုင်မည့် နေရာတစ်ခုကား လိုအပ်ချက်အဖြစ် ကာလရှည်ကြာ တည်ရှိနေခဲ့ သည်။
ထို့ကြောင့် ပြောင်းလဲလာသည့် ကွမ်းသီးစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့်ပတ်သက်သည့် ဈေးကွက်  နှင့်နည်းပညာအခန်းကဏ္ဍများကိုလည်း လျစ်လျူရှုထား၍မရဘဲ ကွမ်းသီးတောင်သူများအနေဖြင့် မပြတ်သတိချပ်နေရမည်ဖြစ်သည်။ ပြည်နယ်အတွင်းရှိ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူ များအနေဖြင့် မိမိတို့ တစ်သီးပုဂ္ဂလလုပ်ငန်းများအနေဖြင့်သာ နှစ်လရှည်ကြာစွာ သီးခြားလည်ပတ် လုပ်ကိုင်လာခဲ့ကြကာ လုပ်ငန်းရှင်များအစုအဖွဲ့  ဖွဲ့၍ အသင်းအဖွဲ့အနေဖြင့် စုပေါင်းလုပ်ကိုင်ခြင်း မရှိသည့်အတွက် အစုအဖွဲ့ပုံသဏ္ဌာန်ဖြင့် ကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပေ သည်။ ထိုအခြေအနေကြောင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချရာတွင် လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲကြုံတွေ့ရပါက တစ်ဦးချင်းစီကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရသည့် အခြေ အနေကို ရင်ဆိုင်ခဲ့ရသည်။
ထိုသို့  လိုအပ်နေသည့် အခြေအနေကိုဖြည့်ဆည်းနိုင်ရန်အတွက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့်  လုပ်ငန်းရှင်များမှ မွန်ပြည်နယ်၏ ကွမ်းသီးကဏ္ဍနှင့်ပတ်သက်သည့် အသင်း အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရန်အတွက် စတင်ကြိုးပမ်းခဲ့ကြသည်။
အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှု
၂၀၂၂ခုနှစ် သြဂုတ် ၄ရက်တွင် မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဟူသည့်အမည်ဖြင့် ကွမ်းသီးအသင်းအဖွဲ့အား အသင်းသား ၃၇ ဦးဖြင့် အောင်မြင်စွာ ဖွဲ့ စည်းနိုင်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ပြည်နယ်၏ စီးပွားရေးကဏ္ဍ၌ ကွမ်းသီး စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချမှုအခန်းကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍ တစ်ခုဖြစ်သည့်အား လျော်စွာ  ကွမ်းသီးလုပ်ငန်း  ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကွမ်းသီးထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအကြား ပိုမိုအားကောင်သည့် ချိတ်ဆက်မှုမှတစ်ဆင့် ကျယ်ပြန့်သည့် ဈေးကွက် ထိုးဖောက်နိုင်မှု ဖန်တီးနိုင်မည်ဖြစ်သည်။

 

အောင်မြင့်မြတ် (မွန်)