Main menu

Background

ပြည်ပပို့ကုန် (Export) နှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှု မြှင့်တင်နိုင်စေရန် စံချိန်စံညွှန်းကို အခြေခံ

Wed, 12/20/2023 - 10:44 -- journal_editor

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် ရာတွင် နိုင်ငံခြားငွေကြေး တောင့်တင်းခိုင်မာမှုသည်လည်း အရေးကြီးသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေ တောင့်တင်းခိုင်မာရန် အလေးအနက်ထားပြီး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ နိုင်ငံခြားငွေရှိရေးအတွက် ပြည်ပပို့ကုန် (Export) တိုးမြှင့်နိုင်ရန်အတွက် ပြည်တွင်းကုန် ထုတ်လုပ်မှုများ တိုးတက်အောင် နည်းလမ်းတစ်ရပ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်   ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌ တိုက်ရိုက်ငွေပေးချေသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိကြောင်း တွေ့ရသည်။ 
ကုန်သွယ်မှုတွင်လည်း  တစ်ဖက်မှBorder Tradeကို ဆောင်ရွက်လျက်ရှိသလိုNormal Trade  ကို တိုးတက်ရေး အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ စီးပွား ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ သားအားလုံးအတွက် လူနေမှုဘဝ အရည်အသွေး တိုးတက် စေရန်  ရည်ရွယ်၍ စံချိန်စံညွှန်း ရေးဆွဲခြင်းကဏ္ဍတွင် ဦး ဆောင်မှုပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ စံချိန် စံညွှန်းကဏ္ဍကိုမြှင့်တင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများကို အထောက်အပံ့ပေးရေး၊  စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန် ထုတ်လုပ်မှု၊ အရည်အသွေးနှင့် ဈေးကွက်ရရှိမှုကို တိုးတက် စေရေး အထောက်အပံ့ပေးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုကို မြှင့် တင်ခြင်းဖြင့် စားသုံးသူများ၏ အကျိုးစီးပွားကို အကာအကွယ်‌ အထောက်အပံ့ပေးရေး၊  နိုင်ငံတော်၏ဝင်ငွေနှင့် ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးပါသော ကုန်ထုတ်လုပ်မှုနှင့်  ပြည်ပ ပို့ကုန် မြှင့်တင်နိုင်ရေး အထောက်အပံ့ပေးရေးကို များစွာ အထောက်အကူပြုစေသည်။
ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့်လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော မြန်မာစံချိန် စံညွှန်းချမှတ်နိုင်ရန်၊  ယင်းမြန်မာ စံချိန်စံညွှန်းများအား ထိန်း သိမ်းရန်နှင့် အဆိုပါ စံချိန်စံညွှန်းများအား ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လုပ်ငန်းစဉ်များ အားလုံးတွင် အသုံးပြု မှုတိုးမြှင့်ရန်တို့အတွက်  တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စက်မှုလုပ်ငန်းကဏ္ဍနှင့် အခြားအသင်းအဖွဲ့များသို့ စံချိန်စံညွှန်းဆိုင်ရာ နယ်ပယ်တွင် အပြည်ပြည်ဆိုင်ရာ၊  ဒေသဆိုင်ရာ  အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး ၏ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများနှင့် သက် ဆိုင်သော အမျိုးသားအဆင့် စုံစမ်းရေးဌာနအနေဖြင့် ဆောင်  ရွက်ခြင်းနှင့် မြန်မာစံချိန်စံညွှန်းများ စဉ်ဆက်မပြတ် ဖော် ထုတ်နိုင်ရေးအတွက် အချက်အလက်များ စုဆောင်းခြင်းနှင့် သုတေသနလုပ်ငန်းများ  ပြုလုပ်ခြင်းကိုလည်း ဆောင်ရွက် လျက်ရှိသည်။
စံချိန်စံညွှန်းဆိုသည်မှာ  နယ်ပယ်တစ်ခုတွင်ရှိသော သက်ဆိုင်ရာ ကဏ္ဍတစ်ခု၌ အနိမ့်ဆုံး သတ်မှတ်ချက် ပြည့်မီ စေရန် ရည်ရွယ်၍ စံချိန်စံညွှန်းဆိုင်ရာ သက်ဆိုင်သည့် လုပ် ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများက အများသဘောတူညီချက် ကိုအခြေခံ၍ ပြုစုရေးဆွဲ အတည်ပြုထားသည့် ယေဘုယျနှင့် အကြိမ်ကြိမ် အသုံးချနိုင်သော  စည်းမျဉ်းစည်းကမ်းများ၊ လမ်း ညွှန်ချက်များ၊ ဆောင်ရွက်မှု သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အကျိုးဆက်များကို ဖွင့်ဆိုရှင်းပြသည့် သတ်မှတ် ချက်များကိုဆိုသည်။ 
စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုသည်မှာ လုပ်ကိုင်ဆောင် ရွက်မည့် ကိစ္စတစ်ခုတွင် ထုတ်လုပ်သူများနှင့် စားသုံးသူများ၏ အကျိုးအတွက် လက်တွေ့အသုံးဝင်မှု အခြေအနေနှင့် ဘေး အန္တရာယ် ကင်းရှင်းရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ပြီး စီးပွားရေးတိုးတက်မြင့်မားစေရန် သက်ဆိုင်ရာ ကျွမ်းကျင် သူများ စုပေါင်းပါဝင်၍ စံချိန်စံညွှန်း ရေးဆွဲသတ်မှတ်သည့် ဆောင်ရွက်မှုလုပ်ငန်းများကို ဆိုသည်။
မြန်မာနိုင်ငံ    စံချိန်စံညွှန်းဆိုသည်မှာ   အမျိုးသား စံချိန်စံညွှန်းကောင်စီက  သတ်မှတ်သော အမျိုးသား စံချိန် စံညွှန်းကို ဆိုလိုသည်။ ပြည်ပနိုင်ငံ စံချိန်စံညွှန်းဆိုသည်မှာ ပြည်ပနိုင်ငံ တစ်ခုခုတွင် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့ အစည်းက သတ်မှတ်သော ယင်းနိုင်ငံ၏ အမျိုးသားစံချိန် စံညွှန်းကိုဆိုသည်။ 
စံချိန်စံညွှန်းသတ်မှတ်ခြင်းကို အောက်ပါအချက် ၇ ချက်ဖြင့် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ -
    (က)    ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ယင်းတို့၏ ထုတ်ကုန်များ၊ ထုတ် လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ၏  အရည်အသွေးကို မြင့်မားစေပြီး ပြည်ပ ပို့ကုန်မြှင့်တင်နိုင်သော    စံချိန်စံညွှန်းများကို ဦးစားပေးနယ်ပယ်အလိုက်  ဖော်ထုတ်ချမှတ် သွားရန်၊
    (ခ)    အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်  အထောက် အကူပြုသော စံချိန်စံညွှန်းများ ဖော်ထုတ်ချမှတ် နိုင်ရန်၊
    (ဂ)     ပြည်သူများ၏  ကျန်းမာရေး၊ အစားအသောက် ဘေးကင်း လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ကာ ကွယ်ရေးတို့အတွက် မဖြစ်မနေ လိုက်နာရမည့် စံချိန်စံညွှန်းများ သတ်မှတ်ရန်၊
    (ဃ)    ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ ၏ စမ်းသပ်ခြင်းရလဒ်များ၊ စစ်ဆေးခြင်း အစီရင် ခံစာများ၊   ထောက်ခံချက်လက်မှတ်များအား နိုင်ငံတကာမှလက်ခံစေရန်အတွက် အသိအမှတ် ပြုခြင်း ဝန်ဆောင်မှုပေးနိုင်ရန်၊
    (င)    အမျိုးသားအဆင့် တိကျစွာတိုင်းတာရေး မူရင်း စံများကို ထိန်းသိမ်း၍ အပြည်ပြည်ဆိုင်ရာယူနစ် များနှင့် ကွင်းဆက်မပြတ် စံဖြင့် တိုက်ကြည့်ခြင်း ဆိုင်ရာ တိုင်းတာမှုများကို ဆောင်ရွက်ရန်၊
    (စ)    စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဓာတ် ခွဲခန်းများနှင့် အခြားသော တိုင်းတာရေးကိရိယာ အသုံးပြုသူများအတွက်    စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း ဝန်ဆောင်မှုပေးနိုင်ရန်၊

    (ဆ)    ဥပဒေအရတိကျစွာ တိုင်းတာခြင်း နည်းပညာဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ၏ တိုက်ဆိုင်စစ် ဆေးခြင်းလုပ်ငန်းများတွင် အသုံးပြုသောတိုင်းတာရေး  စံကိရိယာများကို ကွင်းဆက်မပြတ် စံဖြင့်တိုက်ကြည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်တို့ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  လူသုံးကုန်ပစ္စည်း၏ ထုတ်ကုန် ဘေးကင်းလုံခြုံရေးအတွက်  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။  (အစားအစာ၊ ဆေးဝါး၊ အလှကုန်၊ ဆေးဖက်ဆိုင်ရာကိရိယာ၊ အိမ် တွင်းထုတ်ကုန်) စက်မှုပစ္စည်းများ၏ ထုတ်ကုန်ဘေးကင်းလုံခြုံ စိတ် ချမှုများအတွက်  စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ ထုတ်လုပ်သော ကုန် ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများ၏ စံချိန် စံညွှန်းများ ကြီးကြပ်ရေး၊ အပင်ပိုးမွှားကာကွယ်ရေးနှင့် သွင်းကုန် ပစ္စည်းများအတွက် ထောက်ခံချက် လက်မှတ် နိုင်ငံတော်အဆင့်မီ စီမံခန့်ခွဲမှု၊ နိုင်ငံတကာ အပင်ပိုးမွှားကာကွယ်မှုအတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (လှည်းကူး) Commodity Testing and Quality Testing and Quality Management Center  မှ စားသုံးသူများ လုံခြုံ စိတ်ချရမှုအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 
တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ သည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်ဘေး ကင်းလုံခြုံမှုနှင့် မိမိ၏ ထုတ်ကုန်ဘေးကင်းစေရန် တာဝန်ယူမှုကို အပြည့်အဝ  သတိပြုမိရေး ပညာပေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ချမှတ်ထား သော စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းအတိုင်း လိုက်နာရန်လည်း ဆောင်ရွက်လျက်ပေးလျက်ရှိသည်။ ပြည်ပပို့ကုန် (Export)) တိုးမြှင့်နိုင်ရန်  နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုကို    မြှင့်တင်နိုင်စေရန် အတွက် သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက အဖွဲ့ အစည်း အသီးသီးသည် ထုတ်ကုန်ဘေးကင်းလုံခြုံမှုနှင့်  ထုတ်ကုန် တာဝန်ယူမှု အစီအမံများနှင့် စံချိန်စံညွှန်း၏ အခြေခံအချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း  ရေးသားလိုက် ရပါသည်။
Source : National

 

ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)