Main menu

Background

ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုသည့် နေကြာ

Mon, 03/04/2024 - 09:57 -- journal_editor

ဆီထွက်သီးနှံများကို  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း သည့်  မြန်မာနိုင်ငံ အလယ်ပိုင်း၊   မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆီထွက်သီးနှံကို အဓိကထား ၍ စိုက်ပျိုးသည်။ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လည်း စိုက်ပျိုးကြောင်း သိရှိရသည်။ 
မကွေးတိုင်းဒေသကြီးသည် ယခုအခါတွင် ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ပျိုးမှု ဧက တစ်သိန်းခန့်ရှိသော်လည်း နိုင်ငံတော်အစိုးရမှ ပြည်တွင်း စားသုံးဆီ ဖူလုံရေးကို အထောက်အကူပြုမည့် နေကြာသီးနှံ များ တိုးချဲ့စိုက်ပျိုးမှုကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဧက ၄၆၀ဝ၀ဝ ခန့်ထိ တိုးချဲ့စိုက်ပျိုးလာပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် စိုက်ဧက  ငါးသိန်းခန့်အထိ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ 
နေကြာဆီထွက်ရှိမှု
နေကြာစိုက်ပျိုးရာတွင် အထွက်တိုးရန်အတွက် စိုက် ပျိုးသည့်မျိုးသည် မျိုးကောင်းမျိုးသန့်ဖြစ်ရန် လိုအပ်သည်။ ဒေသတွင်းစိုက်တောင်သူများသည် မြို့နယ်စိုက်ပျိုးရေးဌာနမှ ဖြန့်ဝေပေးလျက်ရှိသည့် နေကြာမျိုးစေ့များကို စိုက်ပျိုးကြ သည်။ ဆင်းရွှေကြာမျိုးကို အများဆုံးစိုက်ပျိုးသည်။ နေကြာ စေ့ တစ်တင်းလျှင် အရည်အသွေးပေါ်မူတည်၍ ဆီသုံးပိဿာ မှ လေးပိဿာထိ ထွက်ရှိသည်။ တစ်ဧကလျှင် မျိုးစေ့ကုန်ကျမှု အပေါ်မူတည်ပြီး တင်း ၂၅ မှ ၃၀ ထိထွက်ရှိ၍ ဆီပိဿာ ၁၀ဝ ကျော်ခန့်ထွက်ရှိကြောင်း သိရှိရသည်။ 
နေကြာစေ့မှ ကြိတ်ခွဲထွက်ရှိသည့် နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင် ပါဝင်သည်။ နေကြာစေ့သည် နေပူထဲတွင် အကာအကွယ်မရှိ ပွင့်သောပန်းပွင့်၏အစေ့ဖြစ် ပါသဖြင့် မှိုတက်နိုင်ခြေ အလားအလာနည်းပါး၍ သီးနှံတွင် အစိုဓာတ်နည်းပြီး မှိုဆိပ်ပါဝင်မှု နည်းခြင်းကြောင့် နေကြာစေ့ မှထွက်ရှိသော နေကြာဆီသည် လူတိုင်းကျန်းမာရေးအတွက် စားသုံးသင့်သည့် ဆေးဖက်ဝင်နေကြာဆီဖြစ်သည်။ နေကြာ ပင်သည် ရာသီဥတု ဖောက်ပြန်ချိန်တွင်လည်း အခြားသီးနှံများ နှင့်မတူ အပင်သည် ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိပြီး ရွက်ခြောက် ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိ၍ သဘာဝဘေးဒဏ်ကို ကာကွယ်နိုင်ခြင်းရှိသော နေကြာသီးနှံကို စိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးအကျိုးကျေးဇူးများ 
နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားဖြစ်၍ လူတို့ ကျန်းမာ ရေးအတွက် အထူးသင့်လျော်သည်။ နေကြာဆီတွင် ဠငအောငည-န များစွာပါရှိသဖြင့် နေရောင်ခြည်ကြောင့် အရေ ပြားပေါ်တွင် တင်းတိတ်၊ မှဲ့ခြောက်များကို ပျောက်ကင်းစေပြီး ပါးရေတွန့်ခြင်းများမှလည်းကာကွယ်ပေးနိုင်သည်။နေကြာဆီ တွင်ပါဝင်သည့် ဉာနေါ-၆ သည် ဆံပင်ကို နူးညံ့ပျော့ပျောင်း စေခြင်း ဆံပင်ကျွတ်ခြင်းကို သက်သာစေသည့် အကျိုးကျေးဇူး များကို ရရှိစေသည်။ နေကြာတွင် အခြားအာဟာရဓာတ် များလည်း ြွကယ်ဝစွာ ပါဝင်နေသဖြင့် ခန္ဓာကိုယ် ခုခံအားစနစ် ကို တိုးတက်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိသည်။
လူသားတိုင်းသည်  နေ့စဉ်နှင့်အမျှ ကျန်းမာစွာဖြင့် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် စားသောက်နေထိုင်ကြ ရာတွင်  အခြေခံစားကုန်များဖြစ်သည့် ဆန်၊ စပါးပြီးလျှင် ဒုတိယအများဆုံး စားသုံးဆီကို နေ့စဉ်နှင့်အမျှ  မပါမဖြစ် စားသောက်ကြသည်။ ယခုအချိန်တွင် နိုင်ငံတော်အစိုးရမှ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးရန် နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုး ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် နေကြာသီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ သည်။ ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် လုပ်သား အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ြှနျြ အကြီးစား၊ အလတ်စား၊  အသေးစား  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ 

မြင့်မြင့်သန်း (ပခုက္ကူ)