လူသားများ အသက်ရှင်နေထိုင်နိုင်ရေးအတွက် နေ့စဉ် စား သုံးနေသည့် အစားအစာများတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ရရှိစေသည့် အသားဓာတ် (ဏမသအနငည) အဆီဓာတ်(င်္အေ)၊ ကစီဓာတ် (ဃမေဘသ့ပိမေအန) တို့ပါဝင်ပြီး ခန္ဓာကိုယ်ကြီးထွားမှုနှင့် ပြုပြင်မှုတို့အတွက် အသားဓာတ် (ဏမသအငသည)၊ သတ္တုဓာတ် (ာငညနမေူ) ရေ (ျွှအေနမ) နှင့် ခန္ဓာကိုယ်ကမ္မဖြစ်စဉ်များအတွက် လိုအပ်သော ဗီတာမင်(ဠငအနာညငည) အစရှိသော သဘာဝဓာတုပစ္စည်း (ဃ့နာငချေူ) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကျန်းမာရေး စာစောင်များတွင် ဖတ်မှတ်ခဲ့ရဖူးသည်။ ထိုကဲ့သို့ လူတို့၏ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်များ ကို ထိန်းသိမ်းပေးရန်အတွက် သဘာဝဓာတုပစ္စည်းများဖြစ်သည့် အသားဓာတ်၊ သတ္တုဓာတ်၊ ရေ နှင့် ဗီတာမင်တို့ကို ညီညွတ်မျှတအောင် စားသောက်နေထိုင်မှသာ လူ့ လောကမှာ ကျန်းမာသက်ရှည် ရှင်သန် ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဂရုပြုသင့်သည်မှာ လယ်ယာ စိုက်ပျိုးရေးတွင် အသုံးပြုသော ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ သည် ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များအတွင်းသို့ ရောက်ရှိ နိုင်သကဲ့သို့ မွေးမြူရေး တိရစ္ဆာန်များအတွက်သုံးသော ပဋိဇီဝဆေး များသည်လည်း အသား/ငါးများတွင် ပါလာနိုင်ပြီး ထုပ်ပိုးပစ္စည်း များဖြစ်သော ပလတ်စတစ်မှထွက်သည့် ဓာတုပစ္စည်းများသည်လည်း အစားအစာများထဲသို့ ရောက်ရှိလာနိုင်သည်။ စားသုံးသင့်သော မူလ အစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်၊ အနံ့၊ အရသာ ပိုမို ကောင်းမွန်စေရန်အတွက် ဓာတုပစ္စည်းများကို သုံးစွဲလာခြင်းကြောင့် ၎င်းတို့နှင့်ပတ်သက်သည့် နောက်ဆက်တွဲ ပြဿနာများကိုလည်း သတင်းများတွင် မကြာခဏ တွေ့နေရသည်။ အထူးသဖြင့် အစား အစာကို လှလှပပနှင့် အမျိုးမျိုးပြုလုပ် စားသောက်တတ်သူများ သော်လည်း အစားအစာနှင့် ဆက်နွှယ်နေသော ဓာတုပစ္စည်းများ၏ အန္တရာယ်ကို သိသူနည်းပါးလှသည်။ ထို့ကြောင့် အစားအစာများတွင် ပါဝင်နေသော ဓာတုပစ္စည်းအချို့၏ အန္တရာယ်များကို သိရှိနားလည် ပြီး ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် ရည်ရွယ်တင်ပြလိုက်ရခြင်းဖြစ် သည်။
တာရှည်ခံ ဓာတုဆေး ကော်ဖီအနံ့နှင့် အုန်းခွံ၊ ပဲနီစေ့ အမှုန့် များတွင်ပါဝင်သော ကော်ဖီမစ်များ၊ အရောင်ချွတ်ထားသော အစား အသောက်များ၊ ဆိုးဆေးများ အသုံးပြုထားသော အစားအသောက် များ၊ ဓာတုဟိုမုန်းဆေးများ အသုံးပြုထားသော မုန်လာဥ၊ ပဲပင် ပေါက်၊ ပိုးသတ်ဆေးပြင်းများသုံးစွဲထားသော ဂေါ်ဖီထုပ်၊ ပန်းမုန်လာ ထုပ်၊ မုန်ညင်းထုပ်များတွင် ပိုးသတ်ဆေး အြွကင်းအကျန်များ၊ ဆေး ဖျန်း၍ မှည့်အောင်ပြုလုပ်ထားသော အသီးများ၊ ဗီဇ ပြုပြင်ထားသော အသီးများ၊ ပဲဆီ၊ နှမ်းဆီအတုများ၊ အချဉ်ရည် အသုံးပြုထားသော အကင်များနှင့် အသုပ်စုံများသည် စားသုံးသူများ၏အသက်အန္တရာယ် ကိုခြိမ်း ခြောက်နေသည့် အစားအစာများဖြစ်သည်။ မြန်မာတို့ ကြိုက်နှစ်သက်ပြီး ရိုးရာအစားအစာတစ်ခုဖြစ်သည့် မုန့်ဖတ်တွင် ဖော်မလင် ဓာတုပစ္စည်းများကို တွေ့ရှိရသကဲ့သို့ ငါးပိရည်ပြုလုပ်ရာ တွင်လည်း ငါးအရိုးဆွေးမြည့်စေရန် ဓာတ်မြေသြဇာများကို ထည့် သွင်းပြုလုပ်တတ်ကြောင်း ဖတ်ရှုလေ့လာရသည်။
လူအများ စားသုံးသည့် မုန့်ဖတ်၊ ပဲပြား၊ နွားနို့နှင့် ချက်နို့ဆီ တို့တွင် လူကိုမပုပ်သိုးစေရန်အတွက်ထည့်သော ဖော်မလင်ထည့်ခြင်း၊ အစားအစာများကို မပုပ်မသိုး၊ မဆွေးမြည့်စေဘဲ တာရှည် အထားခံ နိုင်စေရန် အမျိုးမျိုးပြုပြင် ဖန်တီးလာကြသည်နှင့်အမျှ ဓာတုပစ္စည်း များ၏ အန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရောဂါဘယ ပေါင်းစုံမှာလည်း တစ်နေ့တခြား တိုးပွားလျက်ရှိနေသည်။
ထို့ကြောင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များနှင့် အသီး အနှံများကိုစားသုံးရာတွင် ဓာတုပစ္စည်းအန္တရာယ် ကင်းရှင်းစေရန် အတွက် ဂေါ်ဖီထုပ်၊ ပန်းမုန်လာကဲ့သို့ အထပ်ထပ်ပါသော အရွက် များကို စားသုံးမည်ဆိုပါက ၎င်းတို့ကို အိမ်သုံးဆားဖြင့် အချိန်အနည်း ငယ်စိမ်၍ ဆေးကြောခြင်း၊ နေ့စဉ်သုံး ဟင်းသီးဟင်းရွက်များကို အစိမ်းစားခြင်းထက် ရေနွေးဖြင့်ပြုတ်၍ စားသုံးခြင်းဖြင့် ပါဝင်နိုင် သော ပိုးသတ်ဆေးဓာတြွ်ကင်းများကို လျှော့ချစေနိုင်သည် ။
ပိုးသတ်ဆေးဓာတြွ်ကင်းများကြောင့် မျက်စိဝေ၀ါးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ တက်ခြင်း၊ ပျို့အန်ခြင်း တို့ကိုခံစားရစေနိုင်သည်။ စားသောက်ကုန်ပစ္စည်းများကို အလေးချိန် တိုးလာစေရန်အတွက် ပြုလုပ်နည်းများဖြစ်သည်။ ဥပမာအားဖြင့် နွားနို့ကိုရေရောရာတွင် သိပ်သည်းဆများစေရန် ဆားထည့်ခြင်း၊ မျှင်ငါးပိအလေးချိန် တိုးစေရန် ကော်ထည့်ခြင်း၊ တန်ဖိုးကြီးသော ထောပတ် ထဲသို့ တန်ဖိုးနည်းသော ဟင်းသီးဟင်းရွက်ဆီ ခဲရောခြင်း၊ သကြားတွင် ဆေးသကြားရောခြင်း၊ ရှာလကာရည်တွင် အက်စစ်ရော ခြင်း၊ လက်ဖက်ခြောက်တွင် အခြားအရွက်ခြောက်များ ရောခြင်းတို့ ဖြင့် မူလအလေးချိန်ထက် တိုးပွားအောင် လုပ်ဆောင်ကြသည်။ ထိုဓာတုပစ္စည်းများဖြင့် ရောနှောပြုလုပ်ထားသည့် စားသောက်ကုန် များကို စားသုံးရန်မသင့်ကြောင်း လွန်ခဲ့သည့် ငါးနှစ်ကျော်၊ ခြောက် နှစ်ခန့်ကစားသုံးသူရေးရာဦးစီးဌာနက စားသုံးရန်မသင့်သော အစား အသောက်များ၊ ဓာတုဆေး စားသောက်ကုန်များအား စားသုံးခြင်းမပြု ကြရန် စာသင်ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာမှ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ သင်တန်းကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၊ ဌာနဆိုင်ရာများသို့ ကွင်းဆင်းလှည့် လည်ဟောပြောခဲ့သည်မှာ အတော်အတန်ပင် ထိရောက်ခဲ့သည်။
စားသုံးသူများအနေဖြင့်လည်း အရသာကို ဦးစားပေးစားသုံး ခြင်းထက် ကျန်းမာရေးကို ဦးစားပေး၍ စားသုံးတတ်သော လူနေမှု ဘဝပုံစံကို ကြိုးစားကျင့်ယူရန်လိုအပ်သည်။ လူတိုင်း ကျန်းမာမှ ဘဝ တွင်ပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်သောကြောင့် ကျန်းမာစွာနေထိုင် နိုင်ရေးအတွက် ဓာတုစားသောက်ကုန်များအား ရှောင်ကြဉ်ကြစို့ဟု အကြံပြုရေးသားလိုက်ရပါသည်။
ဧဧခိုင် (တောင်ကြီး)