Main menu

Background

ကျန်းမာရေးအတွက် စားသုံးဆီ

Mon, 09/02/2024 - 11:36 -- journal_editor

မြန်မာနိုင်ငံသည် ဆီစားသုံးမှုနှုန်းမြင့်မား သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများကို ပြည်တွင်းတွင်လည်း စိုက်ပျိုးပြီး ပြည်ပမှလည်း စားသုံးဆီများကို တင်သွင်းလျက်ရှိသည်။ စားအုန်း ဆီကို ပြည်တွင်းတွင် အများဆုံးစားသုံးကြပြီး မြေပဲ ဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကိုလည်း စားသုံးကြသည်။ 
အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် အိန္ဒိယ စသောနိုင်ငံများတွင် ပဲပုပ်မှဆီထုတ်လုပ် နေကြပြီး  ပဲပုပ်ဆီသည် ကမ္ဘာ့ဆီထွက်ရှိမှု၏ ၅၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။ ထို့အတူ စားသုံး ဆီအမျိုးအစားထဲတွင် ပါဝင်သော မုန်ညင်းဆီတွင် ဆီပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိကြောင်း၊ ဥရောပနှင့် တရုတ်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံများတွင် မုန် ညင်းဆီကို စိုက်ပျိုးကြပြီး မုန်ညင်းဆီသည် ကမ္ဘာ့ ဆီထွက်ရှိမှုနှုန်း၏ ၁၈ရာခိုင်နှုန်းရှိကြောင်း သိရ သည်။ 
ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှု၏ ၈ ရာခိုင် နှုန်းအထက်ရှိ သော နေကြာဆီတွင် ဆီပါဝင်မှုနှုန်း သည် ၂၂ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ နေကြာဆီသည် ကမ္ဘာ့ဆီ သီးနှံထွက်ရှိ မှုတွင် တတိယအများဆုံးဖြစ်ပြီး ရုရှား၊ ယူကရိန်း နှင့် အာဂျင်တီးနားနိုင်ငံများတွင် အများဆုံးစိုက်ပျိုး ထုတ်လုပ်ကြကြောင်း သိရသည်။ 
စားသုံးဆီအမျိုးအစားများအနက် နေကြာ ဆီသည် စားသုံးရန် အသင့်တော်ဆုံးဖြစ်ပြီး ပြည့်ဝ ဆီပါဝင်မှုမှာ ၁၀ ရာခိုင်နှုန်းသာရှိသည့်အတွက် အခြားဆီများထက်  ပိုမိုရောင်းချရပြီး ချက်ပြုတ် ရာတွင်သာမက အလှကုန်အဖြစ်လည်း သုံးစွဲကြ သည်။ ထို့အပြင် နေကြာဆီတွင် ဗီတာမင်အီး ြွကယ်ဝသည့်အတွက် အရွယ်တင်နုပျိုခြင်း၊ သွေး တွင်း ကိုလက်စထရောများကို လျှော့ချနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိစေသည်။
ထို့အတူ မြေပဲဆီတွင် မပြည့်ဝဆီပါဝင်ခြင်း၊ ကိုလက်စထရောမပါဝင်ခြင်း၊ ပြည့်ဝဆီ ပါဝင်မှု နည်းသည့်အတွက် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့ကို   ကာကွယ်ပေးနိုင် ကြောင်း သိရသည်။ စားသုံးဆီ ၁ ဂရမ်ကို စားပြီး တိုင်း အင်အားဓာတ် (စွမ်းအင်) ၉ ကီလို ကယ်လိုရီ ရရှိစေပြီး ထိုကဲ့သို့ရရှိလာသောစွမ်းအင်ကို နေ့စဉ် လှုပ်ရှားသွားလာမှုတွင်   အသုံးပြုကြရသည်။ 
ထို့ကြောင့်    စားသုံးဆီသည်    လူတို့အတွက် အင်အားဖြစ်စေသော   အစာအုပ်စုဝင်ဖြစ်သော် လည်း လိုအပ်သည်ပမာဏထက် ပိုမိုစားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကို  ဖြစ်ပေါ်စေနိုင်ပြီး ကိုယ်အလေးချိန်တိုးလာပြီး အဝလွန်လာနိုင်သည်။ ထို့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊  ဆီးချို ရောဂါ၊ အဆစ်ရောင်ရောဂါ  စသည့် နာတာရှည် ရောဂါဝေဒနာများကိုလည်း  ခံစားရလာနိုင်သည်။ ထို့ကြောင့် စားသုံးဆီကို လိုအပ်သည်ထက်ပိုမစားမိ စေရန် သတိပြုဆင်ခြင်ရမည် ဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံတွင်လည်း ဆီထွက်သီးနှံ များ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းဆီလိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်အစိုးရမှ ဆီထွက်သီးနှံစိုက်ပျိုးသော    တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးကာ စီမံကိန်း  များချမှတ်ပြီး အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။ 
ဆီထွက်သီးနှံများဖြစ်သော   မြေပဲ၊ နှမ်း၊ နေကြာ   စသည်တို့ကို   မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး  ဆီထွက်သီးနှံ  စိုက်ဧက ၈ ဒသမ ၃ သန်းခန့်ရှိကြောင်း သိရှိရသည်။

 

နေမျိုးဝင်း (တောင်ငူ)