Main menu

Background

ဒစ်ဂျစ်တယ် စီးပွားရေးစွမ်းရည်များ၏ ဝင်ငွေနည်းလမ်းများ

Mon, 10/07/2024 - 11:20 -- journal_editor

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေး ထွန်းကားလာမှုသည် ဒစ်ဂျစ် တယ် ကျွမ်းကျင်မှုရှိသော လူတစ်ဦးချင်းစီအတွက် အခွင့်အလမ်းအသစ်များကို ပေးဆောင်နိုင်လျက်ရှိသည်။ ဒစ်ဂျစ်တယ် စီးပွားရေးချဲ့ထွင်လာသည်နှင့်အမျှ ဒစ်ဂျစ်တယ်စီးပွားရေး စွမ်းရည်များဟု လူသိများသော ပညာရှင်မျိုးကွဲ အသစ် များသည် ဝင်ငွေရရှိရန် ဆန်းသစ်သော နည်းလမ်းများကိုရှာဖွေ တွေ့ရှိခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် ဝင်ငွေလမ်းကြောင်းများစွာကို ဖန်တီးရန် နည်းပညာ၊ တီထွင် ဖန်တီးနိုင်စွမ်းနှင့် စီးပွားရေးစွမ်းရည်တို့ကို အသုံးချသည်။ ဂရပ်ဖစ်ဒီဇိုင်း၊ ပရို ဂရမ် ရေးဆွဲခြင်း၊ ရေးသားခြင်း၊ ဒစ်ဂျစ်တယ်  မားကတ်တင်းပိုင်းများတွင် ကျွမ်းကျင်သော အရည်အချင်းများ ပေးဆောင်နိုင်သည်။
ဒစ်ဂျစ်တယ်စီးပွားရေး စွမ်းရည်သည် နိုင်ငံတကာစီးပွားရေး၏ အရေး ပါသောအချက်တစ်ခုဖြစ်လာပြီး  ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်  တိုးတက်နေသော အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။ အင်တာနက်နှင့် နည်းပညာစွမ်းရည်များ၏ တိုးတက်မှုကြောင့် လူတိုင်းအွန်လိုင်း ပေါ်တွင် ဝင်ငွေရှာနိုင်သည့် အခွင့်အလမ်းများ ပိုမိုများပြားလာသည်။ ဒစ်ဂျစ် တယ်စီးပွားရေးမှ ဝင်ငွေရှာနိုင်သော နည်းလမ်းအချို့မှာ-

အကြောင်းအရာ ဖန်တီးခြင်း ( Content Creation)
ဘလော့ဂ်ရေးသားခြင်း၊ YouTube ဗီဒီယို ဖန်တီးခြင်း၊ ပရိုကတ်စတင်း များ (Procasting) စသည့် အကြောင်းအရာများ ဖန်တီးခြင်းသည် ဒစ်ဂျစ်တယ် စီးပွားရေးမှ ဝင်ငွေရရှိနိုင်သည့် နည်းလမ်းများဖြစ်သည်။ ဂေဟစနစ် (Moneti- zation) ပြုလုပ်၍ ကြော်ငြာများ (Advertisements) ထည့်သွင်းခြင်း၊ ပရိသတ် များမှ အခကြေးငွေပေးသွင်းခြင်း Sponsorship စသည့် နည်းလမ်းများဖြင့် ဝင်ငွေရရှိအောင် လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဝယ်ယူသူများထံမှ ထောက်ပံ့ ကြေးများ ရရှိနိုင်သည့် နည်းလမ်းများလည်းရှိသည်။ 

အွန်လိုင်းကုန်ပစ္စည်း ရောင်းဝယ်ခြင်း ( E- Commerce)
ဒစ်ဂျစ်တယ်စီးပွားရေးမှ ဝင်ငွေအများစုမှာ အွန်လိုင်းပေါ်မှ ကုန်ပစ္စည်း ရောင်းဝယ်ခြင်းဖြစ်သည်။  E- Commerce စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ထုတ် ကုန်များကို ဝယ်ယူသူများထံသို့ တိုက်ရိုက်ရောင်းချခြင်း၊ Dropshipping စနစ် နှင့်  သက်ဆိုင်သော Marketplace ပေါ်တွင် ရောင်းချခြင်းများပါဝင်သည်။ ကုမ္ပဏီတစ်ခုသည် အွန်လိုင်းပေါ်တွင် မိမိထုတ်ကုန်များ ရောင်းချခြင်းဖြင့် ဝင်ငွေအများအပြား ရရှိနိုင်သည်။ 

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ Digital Services
အွန်လိုင်းပေါ်တွင် ဝန်ဆောင်မှုများပေးခြင်းသည် ဝင်ငွေရရှိစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်Social Media Management , Graphic Design, Web Development ,SEO Consulting စသည့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့်ပေးနိုင်ပြီး ဝင်ငွေများရရှိနိုင်သည်။ အထူးသဖြင့်  ်မနနူညေခနမ စနစ်ဖြင့် လုပ်ဆောင်သူများအတွက် အွန်လိုင်း အလုပ်ခိုင်းမှုများသည် အလွန် လျင်မြန်စွာ ပြီးမြောက်နိုင်သည့် အခွင့်အလမ်းများကို ပေးစွမ်းနိုင်သည်။ 

မှတ်ပုံတင်ဈေးကွက်များ  (Affiliate  Marketing) 
Affiliate  Marketing သည် ဒစ်ဂျစ်တယ်စီးပွားရေးမှ ဝင်ငွေရရှိစေနိုင် သော နည်းလမ်းများအနက် သာမန်လူများ စိတ်ဝင်စားမှု အများဆုံးဖြစ်သည်။ အခြားကုမ္ပဏီများ၏ ထုတ်ကုန်များကို မိမိအွန်လိုင်းပေါ်မှ ကြော်ငြာပြုလုပ်ကာ သုံးစွဲသူများကို ဖော်ပြပေး၍ ထိုထုတ်ကုန်များကို ဝယ်ယူမည့် ဝယ်ယူသူများထံမှ တစ်ဆင့် ကော်မရှင်ရရှိနိုင်သည်။

အွန်လိုင်းပေါ်တွင် သင်တန်းပေးခြင်း ( Online Courses & Consulting) 
နည်းပညာ တိုးတက်လာသည်နှင့်အမျှ ကျွမ်းကျင်ပညာရှင်များသည် မိမိ တို့၏ အသိပညာများကို အွန်လိုင်းမှတစ်ဆင့် တာဝန်ခံ သင်တန်းများ၊ ဝန် ဆောင်မှုပေးခြင်းများ ဖြင့် ဝင်ငွေရှာနိုင်သည်။ ဥပမာအားဖြင့် မိမိကျွမ်းကျင်သော ဘာသာရပ်များကို Academy, Course စသည့် နေရာများတွင် သင်ကြားခြင်းဖြင့် ဝင်ငွေရရှိနိုင်သည်။ ထို့အပြင် Personal Consultingများဖြင့်လည်း ဝင်ငွေရရှိစေ နိုင်သည်။

ပြောင်းလဲသည့် ဈေးကွက်အသုံးပြုခြင်း ( Subscription Models)
ဝယ်ယူသူများထံမှ တစ်နှစ်စာဝင်ငွေ အမြဲရရှိနိုင်သည့်Subscription Models သည် အွန်လိုင်းလုပ်ငန်းများအတွက် အလွန်ထိရောက်သော နည်းလမ်း တစ်ခုဖြစ်သည်။ သီးသန့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများကို သုံးစွဲသူများ ထံမှ  တိုက်ရိုက်ဝယ်ယူစေရန်နှင့် များစွာသော ပရိသတ်များကို စနစ်တကျ ဖန်တီးထားခြင်းဖြင့် ဝင်ငွေတိုးတက်စေခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ် ထုတ်ကုန် အရောင်းအဝယ်များ (Selling Digital Products) ) 
E- books, Templates, software Tools, Music ,Artwork စသည့် ထုတ် ကုန်များကို အွန်လိုင်းမှ  ရောင်းချခြင်းသည်လည်း ဝင်ငွေတိုးတက်စေသော နည်းလမ်းဖြစ်သည်။ ထုတ်ကုန်တစ်ခုကို တစ်ကြိမ် ဖန်တီးခြင်းဖြင့် များစွာသော စားသုံးသူများထံသို့ မပြတ်ရောင်းချနိုင်သည်၊။
ဒစ်ဂျစ်တယ်စီးပွားရေးသည်   လက်ရှိ  ကမ္ဘာ့စီးပွားရေးစနစ်အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပြီး အထူးသဖြင့် အင်တာနက်နှင့် နည်းပညာ ရရှိမှုရှိသည့် လူတိုင်းအတွက် ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများ အများအပြားကို ဖန်တီးနိုင်သည်။
Source ;Digital Business Talents Income Methods in 
Myanmar’s 2024 Economy

 ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)