မြန်မာ့သနပ်ခါးဟုဆိုသည်နှင့် မြန်မာသာမက ကမ္ဘာ ကပါ အသိအမှတ်ပြုသည့် သဘာဝအလှကုန်ပစ္စည်း တစ်ခု အဖြစ် ထင်ရှားလှသည်။ သနပ်ခါးဆိုသည်မှာ မြန်မာလူမျိုး တိုင်း တန်ဖိုးထားရသည့် ပြည်တွင်းအလှကုန်တစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြန်မာအမျိုးသမီး များသည် သနပ်ခါးကို ရိုးရာယဉ်ကျေးမှုအဖြစ် လိမ်းခြယ်ကြ သည်။ မြန်မာနှင့် သနပ်ခါး ခွဲခြား၍မရသလို သနပ်ခါးလိမ်း ခြင်းသည်လည်း မြန်မာလူမျိုးများအတွက် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုဖြစ်သည်။
သနပ်ခါးပင်များကို သီရိလင်္ကာ၊ ထိုင်း၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် တွေ့ရှိရ သည်။ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာနှင့် အရာတော် မြို့နယ်များတွင် သနပ်ခါးပင်များကို အများဆုံး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ထွက်ရှိသော သနပ်ခါးများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသော ရွှေဘိုသနပ်ခါးနှင့် မကွေးတိုင်းဒေသကြီးမှထွက်ရှိသော ရှင်မတောင်သနပ်ခါး များသည် လူကြိုက်များ ထင်ရှားကျော်ကြားလှသည်။
သနပ်ခါးသည် လူ့ခန္ဓာကိုယ်အတွက် အကျိုးသက် ရောက်မှုကို ရရှိစေပြီး သနပ်ခါးလိမ်းခြင်းဖြင့် အသားအရေကို အေးမြစေပြီး အစိုဓာတ်ဖြစ်၍ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီး နေလောင်ဒဏ်ကို သက်သာစေသည်။ ထို့ပြင် ရောင်ရမ်းခြင်း၊ ယားနားဖြစ်ခြင်း၊ နေပူဒဏ်ကြောင့်ဖြစ် သည့် အင်ပျဉ်၊ မိတ်ဖု၊ အနီစက်များ၊ ဝက်ခြံကြောင့်ဖြစ်သည့် အမာရွတ်များကို သနပ်ခါးပုံမှန်လိမ်းပေးခြင်းဖြင့် သက်သာ စေသည်။ သနပ်ခါး ရနံ့မှာ မွှေးပျံ့ပျံ့ဖြစ်၍ စိတ်နှလုံးကို ကြည်လင်အေးမြစေပြီး လန်းဆန်းစေသည်။ သနပ်ခါးပင် သည် အရွက်၊ အသီး၊ ပင်စည်မှ အမြစ်အထိ တစ်ပင်လုံးအသုံး ဝင်သည်။ သနပ်ခါးပင်၏ အပွေးသည် သနပ်ခါးသွေး လိမ်းရုံ သာမက ကျန်းမာရေးအတွက် ဆေးဝါးဖော်စပ်ရာတွင် အသုံး ပြုကြသည်။ အရွက်မှာလည်း ကျန်မာရေးအတွက် ဝက်ရူး ပြန်ရောဂါ၊ ခွေးရူးပြန်ရောဂါဆေးများ ဖော်စပ်ရာတွင် အသုံး ပြုကြသည်။
မြန်မာ့သနပ်ခါးဈေးကွက်အရ သနပ်ခါးပင်၏ သက် တမ်း ၁၀ နှစ်ဆိုလျှင် ငွေကျပ် ၁၀ဝ၀ဝ မှ ၃၀ဝ၀ဝ ခန့်၊ သက် တမ်း နှစ် ၄၀-၅၀ ဆိုလျှင် ကျပ် ၃၅ သိန်းမှ ၄၅ သိန်းအထိ ရရှိပြီး စိုက်ခင်းပြတ်ဆိုလျှင် အပင်အရေအတွက်နှင့် အရည် အသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိသည်။ သနပ်ခါး ကို သားတက်သနပ်ခါးစိုက်ခင်းများတွင် အပင်သက်တမ်း ၅-၆ နှစ်တွင် စတင်ရောင်းချပြီး ၆နှစ် မှ ၈နှစ် သက်တမ်း ရှိ သနပ်ခါးသည် ဈေးကွက်တွင် ရောင်းချရန် အကောင်းဆုံးဖြစ် သည်။ တန်ဖိုးမြင့် အရည်အသွေးအကောင်းဆုံး သနပ်ခါး တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ်ခန့် လိုအပ်သည်။
၂၀၁၉-၂၀၂၀ ကိုဗစ်ကာလအလွန်၂၀၂၂-၂၀၂၃ခုနှစ် များတွင် သနပ်ခါးဈေးကွက် ပြန်လည်ကောင်းမွန်လာပြီး သနပ်ခါးကို တိုးချဲ့စိုက်ပျိုးလာကြသည်။ သနပ်ခါး ဈေးကွက် အနေဖြင့် ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြို့နယ်များမှ ထွက်ရှိသော သနပ်ခါး များ၊ သနပ်ခါးကုန်ကြမ်းမှ ကုန်ချော အဖြစ်သို့ ထုတ်လုပ်ထားသော တန်ဖိုးမြှင့် အလှကုန် အမျိုး မျိုးကို ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက် ရှိသည်။
မြန်မာ့သနပ်ခါးဖြင့် ထုတ်လုပ်သော တန်ဖိုးမြှင့်ထုတ် ကုန်များဖြစ်သည့် သနပ်ခါး မျက်နှာသစ်ဆပ်ပြာ၊ သနပ်ခါး အခဲ၊ သနပ်ခါး အရည်၊ သနပ်ခါးခရင်(မ်)၊ သနပ်ခါးပေါင်ဒါမှုန့်၊ သနပ်ခါး ကိုယ်တိုက်ဆပ်ပြာ၊ သနပ်ခါးမိတ်ကပ်၊ သနပ်ခါးလိုး ရှင်း၊ ရေမွှေးများနှင့် သနပ်ခါးပုတီး စသည်တို့သည် သုံးစွဲသူ များ သယ်ဆောင်ရ လွယ်ကူသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်သည်။ ထိုတန်ဖိုးမြှင့် ထုတ်ကုန်များကို သနပ်ခါးထွက်ရှိ သည့်ဒေသများတွင် တွင်ကျယ်စွာ ထုတ်လုပ်လာကြပြီး ဈေး နှုန်းအားဖြင့် ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ဝ ခန့်ရှိ ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် မြန်မာ့သနပ်ခါးအသင်းဖွဲ့စည်းထား ပြီး မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ရရှိစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရ သည်။
Sources: Google, Local New
ခင်နှင်းဝေ (ဃျြွှှ)