Main menu

Background

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံးဝင်းအား အနာဂတ် Commercial Complex အဖြစ် စိတ်ကူးပုံဖော်ကြည့်ခြင်း

Mon, 11/04/2024 - 12:16 -- journal_editor

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊   တိုင်းဒေသကြီး  ဦးစီးမှူးရုံးသည် မကွေးမြို့ အချက်အလက်ကျသော နေရာတွင် တည်ရှိပြီး ငါးဧကနီးပါးခန့် ကျယ်ဝန်းသည်။  ကုန်သည်လုပ်ငန်းရှင်များ အလွယ်တကူရှာဖွေ လာရောက်နိုင်သော နေရာဖြစ်ခြင်း၊ ကုန်တင် ယာဉ်ကြီးများ ဝင်ထွက်သွားလာနိုင်ခြင်း စသည့် အားသာချက်များရှိသည်။
မကွေးတိုင်းဒေသကြီးသည်  ရှေးယခင် ကတည်းက ဆီအိုးကြီးဟုတင်စားခြင်းခံရသည့် တိုင်းဒေသကြီးဖြစ်သည့်အားလျော်စွာ မြေပဲ၊ နှမ်း၊    နေကြာနှင့်  ဝါစေ့များမှ  စားသုံးဆီ အမြောက်အမြား ထုတ်လုပ်နိုင်သည်။ သို့သော် ဆီထွက်သီးနှံများ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းထက် ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချခြင်းက ပိုမို တွက်ခြေကိုက်သဖြင့် တိုင်းဒေသကြီး ပြင်ပသို့ တင်ပို့မှု  တစ်နှစ်ထက်တစ်နှစ်  ပိုမိုများလာ ကြောင်း တွေ့ရသည်။
မကွေးတိုင်းဒေသကြီးမှ   ထွက်ရှိသော မြေပဲ၊ နှမ်း၊ ပဲစင်းငုံတို့ကို   ကုန်ကြမ်းအဖြစ်နှင့် တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ်  ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များမှတစ်ဆင့် တင်ပို့ခဲ့ကြပြီး ကုန်သည်လုပ်ငန်း ရှင်များ ဝင်ငွေရရှိခဲ့ကြသည်။     
ထို့ကြောင့်  ကုန်သည်လုပ်ငန်းရှင်များက ကိုယ်တိုင် ကုမ္ပဏီထူထောင်ခြင်း၊ ပို့ကုန်သွင်း ကုန် လက်မှတ်ရယူ၍ တိုက်ရိုက်ကုန်သွယ်ခြင်း၊ နိုင်ငံတော်သို့ ပေးရမည့် အခွန်အခများ ကိုယ် တိုင်ပေးဆောင်ခွင့်ရရှိခြင်းများဖြင့် တိုင်းဒေသ ကြီးအတွက်   ဝင်ငွေရရှိလာစေခြင်း   စသည့် အကျိုးကျေးဇူးများအတွက် မကွေးမြို့တွင်One stop services   စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စဉ်း စားတီထွင်ရန် လိုအပ်လာသည်။
နိုင်ငံတကာတွင် Commercial Complex  များ ထားရှိလေ့ရှိသည်။  ဥပမာ တရုတ်နိုင်ငံ၏ စက်ရုံ အမြောက်အမြားတည်ရှိသော Chonqing  မြို့သည် စက်မှုမြို့တော်တစ်ခုဖြစ်ပြီး ယာဉ် အမျိုးမျိုးအပါအဝင် စက်ပစ္စည်း၊ အီလက်ထရွန် နစ်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းမျိုးစုံကို ရှန်ဟိုင်း ဆိပ်ကမ်းသို့ ကွန်တိန်နာကြီးများဖြင့် ပို့ဆောင်  ပြီး ၎င်းမှတစ်ဆင့်  ပြည်ပသို့  တင်ပို့ခဲ့သည်။ ပြည်ပတင်ပို့သည့် စာရွက်စာတမ်းနှင့် စစ်ဆေး ခြင်းများကို ၎င်း Chonqing မြို့တွင်One stop services  ဖြင့် ဆောင်ရွက်ပြီး ဆိပ်ကမ်းမြို့သို့ တင်ပို့ခြင်းဖြစ်သည်။  အကျိုးကျေးဇူးမှာ ဆိပ် ကမ်းတွင် အချိန်ကြန့်ကြာမှုသက်သာခြင်း၊ ဒေသ ခံများ အလုပ်အကိုင်ပိုမိုရရှိစေခြင်း၊ ဒေသဖွံ့ဖြိုး  တိုးတက်မှုဖြစ်စေခြင်း၊ ကုန်ကြမ်းရရှိသည့်နေရာ တွင် စက်ရုံအလုပ်ရုံများ တည်နိုင်သဖြင့် ကုန် ထုတ်လုပ်ငန်း ပိုမိုသွက်လက် မြန်ဆန်လာစေ ခြင်း စသည့်အကျိုးများစွာ ရရှိစေသည်။ 
မကွေးမြို့တွင် ပြည်ပသို့တိုက်ရိုက်တင်ပို့ တင်သွင်းခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးနိုင် မည့် Commercial Complexတစ်ခု  တည် ဆောက်နိုင်ပါက  မြန်မာနိုင်ငံ   အလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အနောက်မြောက်ဘက်ရှိ ချင်း ပြည်နယ်အထိပါ ဒေသဖွံ့ဖြိုးရေး အထောက် အကူပြုလာမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ သာမက ကုန်းဇောင်းဆန်ဟု ဒေသကခေါ်ဝေါ် သော  ဧရာပဒေသာဆန်၊ ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ ကြက်သွန်နီနှင့် အာလူးများ စီးပွားဖြစ် ထွက်ရှိပြီး ဧရာဝတီ စားသုံးဆီသန့်များနှင့် စား သောက်ကုန်  လုပ်ငန်းများသည် ကုန်သွယ်ရေး ကဏ္ဍတွင် မရှိမဖြစ် အရေးပါသည့် ပို့ကုန်များ အဖြစ်  တည်ရှိလာမည်မှာ  မြေကြီးလက်ခတ် မလွဲနိုင်ပါ။
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့် နှစ် နောက်ပိုင်းကာလများမှစ၍ မြေပဲဆန်ကို သန့်စင်ပြီး   ပြည်ပနိုင်ငံများသို့  ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် တင်ပို့ခြင်းများရှိနေ သည်။ ထို့ပြင် နှမ်းကိုလည်းသန့်စင်ပြီး ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့ခြင်း၊ နှမ်းလှော်စက် များတည်၍   နှမ်းလှော် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်  ပြည်ပနိုင်ငံများသို့   တင်ပို့ခြင်းများ ဆောင်ရွက်လာကြသည်။     
ထို့အပြင်  ပဲကြော်လုပ်ငန်းသည်လည်း တစ်နိုင်ငံလုံးတွင် အများဆုံးထုတ်လုပ်ပြီး ပြည်ပ ရှိ မြန်မာလူမျိုးတို့၏ အဓိကအစားအစာအဖြစ် တင်ပို့လျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးမှ လစဉ်  ပဲကြော်များကို  တိုင်းဒေသကြီးပြင်ပ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် စသည့်ဒေသ  များသို့  တင်ပို့လျက်ရှိသည်။ 
အိမ်တွင်းမှု   လုပ်ငန်းငယ်လေးများမှ လည်း နှမ်းပျစ်၊ ပဲအစာသွပ်မုန့်များ၊ ပဲကိတ်များ၊ မြေပဲ ဆန်ကြော်၊ မြေပဲနှင့်ပြုလုပ်သော မုန့်အမျိုး မျိုးတို့ကို တိုင်းဒေသကြီးပြင်ပသို့ လစဉ်တင်ပို့ လျက်ရှိသည်။
ပခုက္ကူစောင်သည်လည်း နောက်ပိုင်းတွင် ဒီဇိုင်းဆန်းသစ်လာမှုနှင့်အတူ ပြည်တွင်း၊ ပြည်ပ မှ လူကြိုက်များလာပြီး ရောင်းအားကောင်းသော ကုန်ပစ္စည်းတစ်ခုအဖြစ်     တည်ရှိလာသည်။ ယခင်က အိန္ဒိယ၊ တရုတ်နှင့် အနောက်နိုင်ငံ များသို့ တင်ပို့သော်လည်း ယခုအခါ အိန္ဒိယနိုင်ငံ သို့သာ တင်ပို့ခဲ့ကြောင်း တွေ့ရ သည်။
နာမည်ကြီးထုတ်ကုန်မှာ စားသုံးဆီဖြစ်ပြီး မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဝါစေ့ဆီ အစရှိ သည်ဖြင့် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့်   စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် ဆီစက်ပေါင်း ၅၆၉ စက်မှ ထုတ်လုပ် လျက်ရှိသည်။ ကျေးလက်ဒေသများတွင် ဆုံဆီ ထုတ်လုပ်လျက်ရှိပြီး  ပြည်တွင်းဈေးကွက်တွင် လူကြိုက်များခဲ့သည်။  မြေလတ် လက်ဆောင် အဖြစ် ဆုံဆီကို ယနေ့ထိအသုံးပြုလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးသည်    ပူပြင်း ခြောက်သွေ့သည့် အရပ်ဒေသဖြစ်သော်လည်း ဆည်တမံများ တည်ဆောက်လာခြင်း၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေရရှိမှု ပိုမို   လာသဖြင့်   စိုက်ပျိုးရေးကဏ္ဍအား   များစွာ အထောက်အကူဖြစ်စေသည်။ ဆီထွက်သီးနှံ များအပြင်  ပြည်ပဈေးကွက်ဝင် သီးနှံများစွာ ထွက်ရှိလျက်ရှိသည်။ အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်းတို့သည် မကွေးတိုင်း ဒေသကြီးအတွက် ဆီထွက်သီးနှံပြီးလျှင် ဒုတိယ ဝင်ငွေ   အများဆုံးရှာဖွေပေးသည့် သီးနှံများ ဖြစ်ကြသည်။  ၎င်းအပြင် မကွေးဒေသထွက် ဧရာပဒေသာ( ကုန်းဇောင်းဆန်)သည် ပြည် တွင်းတွင် အရောင်းသွက်လျက်ရှိသည်။ မကွေး တိုင်းဒေသကြီး မြောက်ပိုင်းမှ ထွက်သော သီးနှံ အများစုကို မန္တလေးမြို့ရှိ  ပွဲရုံများ၊ Exporter  များထံ ရောင်းချလျက်ရှိကြောင်းသိရသည်။      
မကွေးတိုင်းဒေသကြီးသည် နောင်တစ် ချိန်ချိန်တွင် တိုင်းပြည်အတွက် အဓိကဝင်ငွေရှာ ပေးသည့် ဒေသကြီးတစ်ခု ဖြစ်လာပါလိမ့်မည်။ 
မကွေးမှ  ရန်ကုန်ဆိပ်ကမ်းသို့ ကုန်စည် တိုက်ရိုက်တင်ပို့ခြင်းနှင့်  တင်သွင်းခြင်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသခံ တောင်သူ များနှင့် လုပ်ငန်းရှင်များအတွက် အကျိုးရှိမည် ဖြစ်သည်။ ဤသို့ ဆောင်ရွက်နိုင်ရန်အတွက်One stop service j ဖြင့် ဆောင်ရွက်နိုင်ရန် လို အပ်မည်ဖြစ်သည်။ 
Commercial Complex  ရပ်ဝန်း  တည် ထောင်လာပါက  လုပ်ငန်းစိန်ခေါ်မှု  အများ အပြားတွေ့ရနိုင်သည်။  စိန်ခေါ်မှုများအား One stop serviceစနစ်ဖြင့်commercial complex အစီအမံ အောင်မြင်ရေးအား ရှင်းလင်းခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ဗဟုသုတများအား  ရှင်း  လင်းခြင်းနှင့် စည်းရုံးပြောဆိုခြင်းများ စားသုံးသူ ရေးရာ တိုင်းဒေသကြီး  ဦးစီးမှူးရုံးက ယခုက တည်းကဆောင်ရွက်ရမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး၏   လက်ရှိဖွံ့ဖြိုး တိုးတက်မှုထက် အဆပေါင်းများစွာ တစ်ရှိန်ထိုး ထပ်မံတိုးတက်လာခြင်း၊ တောင်သူလုပ်ငန်းရှင် များ ပိုမိုအားစိုက်လာခြင်း၊ စိုက်ပျိုးရေးနည်း စနစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ တိုင်းဒေသကြီး အတွင်းရှိ တောင်သူနှင့် လုပ်ငန်းရှင်များက ကုန် သွယ်ရေးသဘောတရားများ မိုမိုသိရှိနားလည် လာသည်နှင့်အမျှ   ဝင်ငွေတိုးလာခြင်း၊ နိုင်ငံ တော်က အခွန်အခငွေ ပိုမိုရရှိလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးမှ   မြန်မာနိုင်ငံ အရပ်ရပ်သို့ အလွယ်တကူ သွားလာနိုင်ခြင်း၊ ဆည်မြောင်းတမံများ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် စိုက်ပျိုးရေးကဏ္ဍရပ်တွင် တိုးတက်လာ ခြင်း၊ ပြည်ပပို့ကုန် အမယ်စုံထွက်ရှိခြင်း၊ ကုန် သွယ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည့် ကုန်သည်ဦးရေများပြားသဖြင့်  မကွေး တိုင်းဒေသကြီး၏ ထုတ်ကုန်များ ပြည်ပနိုင်ငံများ သို့ တိုက်ရိုက်တင်ပို့မည့် ကုန်သွယ်မှုလုပ်ငန်း အောင်မြင်ရေးအတွက်    အားသွန်ခွန်စိုက် ကြိုးစားကြမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြ အပ်ပါသည်။

ခမ်လျန်းစွမ်း (စီးပွား/ကူးသန်း)