Main menu

Background

နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက်လုပ်ငန်းများအကြောင်း တစေ့တစောင်း

Tue, 11/05/2024 - 10:57 -- journal_editor

နွားနို့သည် အာဟာရတန်ဖိုး အလွန်မြင့်မား သည့် စားသောက်ကုန်ဖြစ်သည်။ နွားနို့သောက် သုံးခြင်းဖြင့်   ကိုယ်ခန္ဓာ   ကျန်းမာကြံ့ခိုင်စေပြီး အာဟာရ ပြည့်ဖြိုးÓဏ်ရည် တိုးတက်စေနိုင်သည်။ လူများသည် မွေးစမှခြောက်လအတွင်း မိခင်နို့ရည် တစ်မျိုးတည်းဖြင့်ပင် ရှင်သန်ဖွံ့ဖြိုးစေနိုင်သည်။  အသက်အရွယ်မရွေး  နွားနို့ကို သောက်သုံးသင့် သည်။ မြန်မာနိုင်ငံတွင်  နွားနို့သောက်သုံးသည့် အလေ့အထနည်းပြီး လက်ဖက်ရည်၊ ကော်ဖီတို့ကို သာ  သောက်သုံးသည့် အလေ့အထများသည်။ အမှန်အားဖြင့် နွားနို့ကို ပိုမိုသောက်သုံးသင့်သည်။
နွားနို့တွင် ရေဓာတ်၊ ပရိုတိန်းခေါ် အသား ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့်  မင်နရယ်ခေါ် သတ္တုဓာတ်များအားလုံးပါဝင်၍      အာဟာရ အပြည့်ဝဆုံးအစာဟု  ခေါ်ဆိုနိုင်သည်။ 
သို့သော် နို့တွင် အဏုဇီဝပိုးများ ပေါက်ပွား လွယ်၍  အထားမခံ ပျက်စီးလွယ်သည်။ သို့ဖြစ်၍ နို့ကို တာရှည်ခံရန်   လူတို့သည် အမျိုးမျိုး စမ်းသပ် သုတေသနပြုခဲ့ကြသည်။ အပူပေး၍ ပေါင်းတင်နို့ (ဏျေအနကမငဖန ာငုူ)၊ ပိုးသတ်ပြီးနို့ (ှအနမငူငျနိ ာငုူ)နှင့် တာရှည်ခံနို့(ူ့အမေ ံနအေ ွှမနအေနိ ာငုူ =ွှံ့ ာငုူ)တို့ ထုတ်လုပ်သုံးစွဲခြင်းနှင့် အချဉ်ဖောက်၍ ဒိန်ချဉ်၊ ထောပတ်၊ ဒိန်ခဲ စသည်တို့ကိုလည်း ထုတ် လုပ်၍ စားသုံးကြသည်။
ထို့အတူ မြန်မာ့ရိုးရာအရ  နို့ခဲ၊ နို့ဆီတို့ကို ထုတ်လုပ် သုံးစွဲလျက်ရှိကြသည်။ နို့ဆီ (ဃသညိနည- ျနိ ာငုူ )သည် နို့ထွက်ပစ္စည်းများအနက် မြန်မာ နိုင်ငံတွင် လူကြိုက်အများဆုံးနှင့် အသုံးအများဆုံး ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များရှိ ဟိုတယ်များ နှင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် မည်သည့် ဟိုတယ်များတွင်မှ နို့ဆီမသုံးစွဲကြဘဲ နွားနို့ကိုသာ သုံးစွဲကြကြောင်း  ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၆)တွင် နို့ဆီနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ  နွားနို့ကို နို့ဆီဖြစ်အောင် လုပ်သည်ဆိုသည်မှာ နွားနို့တွင် ပါသောရေကို ထုတ်ပယ်ရန် ကျိုချက်ချင်းပင်ဖြစ် ၏။ ဤသို့ ရေခန်းအောင် နို့ကိုကျိုရာတွင် နို့နှင့်ရေ တို့ပါဝင်သော  နှုန်းကိုလိုက်၍ နို့ဆီ အမျိုးမျိုးရှိ သည်။ သာမန်အရပ်အခေါ် နို့စိမ်းဘူးဟူသည်မှာ နွားနို့တစ်ပုလင်းကို  ပုလင်းဝက်ခန့် ကျန်အောင် ကျိုချက်၍ လေလုံသော သံစည်ဘူးတွင် ထည့် သွင်းထားသောနို့ဖြစ်သည်။ ထိုနို့စိမ်းဘူး နို့များ တွင် အဆီ ၇ ဒသမ ၈ ရာခိုင်နှုန်းပါဝင်၍ အခြား နို့နှင့်ဆိုင်သော  အစိုင်အခဲတို့မှာ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ရသည်။ နို့ ဆီမှာ သကြားနှင့်နွားနို့ ကိုရော၍ နို့စိမ်းဘူးမှရသော နို့ထက်ပို၍ ရေခန်း အောင် ကျိုချက်ထားသော နို့ဖြစ်သည်။ သကြားမှာ ကြံမှရသော သကြားဖြစ်သည်။ နို့ဆီထဲ၌ သကြား သည် (၄၀-၄၂)ရာခိုင်နှုန်းမျှ ပါဝင်သည်။ နို့ဆီထဲ တွင် အဆီ ရှစ်ရာခိုင်နှုန်းနှင့် နို့နှင့်ဆိုင်သော အစိုင် အခဲ၂၈  ရာခိုင် နှုန်း ပါဝင်ရသည်။ သကြားမပါဘဲ ကျိုချက်သောနို့ဆီဟူ၍လည်း  ရှိသေးသည်ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံတွင်  နှစ်စဉ်ထုတ်လုပ်လျက် ရှိသည့် နွားနို့များအနက် သုံးပုံနှစ်ပုံသည် နို့ဆီချက် လုပ်ငန်းများတွင် အသုံးပြုကြသည်။ နွားနို့အထွက် များသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် နို့ဆီချက် (ချက်နို့ဆီ)လုပ်ငန်းကြီးများရှိသည်။    နို့ဆီချက် လုပ်ငန်းသည် အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း ြှနျြ များတွင်ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့နယ်တွင် နို့ဆီချက်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် သုံး ဦးရှိကြောင်း လေ့လာသိရှိရသည်။ 
စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ နို့ဆီ ချက်လုပ်ငန်းသည် ၁၉၈၅ ခုနှစ်က စတင်လုပ်ကိုင် ခဲ့ပြီး နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက်လုပ် ငန်းနှင့် ဒိန်ချဉ်ထုတ်လုပ်သည့်လုပ်ငန်းကို လုပ် ကိုင်လျက်ရှိသည်။  ကုန်ကြမ်းနွားနို့ကို စစ်ကိုင်းမြို့ နယ် ဆင်မြေကျေးရွာ၊ ြွကယ်လူးကျေးရွာ၊ နောက် ကြည့်ကျွန်း စသည့်ကျေးရွာများမှ ဖောက်သည် လာရောက်သွင်းသူ  ၁၀ ဦးခန့်ထံမှ ရရှိပြီး နွားနို့ တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ-၂၈၀ဝ ဈေးဖြင့် တစ် ရက်လျှင် ပိဿာ ၇၀ဝ-၈၀ဝ ခန့် ဝယ်ယူသည်။ 
နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ် ငန်းများတွင်   နို့ဝယ်ယူရာ၌ အဆီပါဝင်မှုကို အဓိကထား၍ စစ်ဆေးရသည်။ အဆီပါဝင်မှု အပေါ်မူတည်၍   နို့ဈေးကို ဆုံးဖြတ်ကြသည်။ ဝယ်ယူရရှိသည့် နွားနို့များကို နမူနာ ပိဿာ ၁၀ စီယူ ကာ နွားနို့အရည်အသွေး စစ်ဆေးသည့်စက် ဖြင့် အဆီပါဝင် မှုရာခိုင်နှုန်းကို  စစ်ဆေးကြောင်း သိရသည်။ ထို့နောက်  အရည်အသွေးမတူသော နွားနို့အားလုံးကို မွှေစက်ဖြင့်မွှေကာ  နွားနို့အဆီနှင့် နွားနို့အရည်ကို ခွဲခြားသည်။ နွားနို့အဆီကို ၁၀ ပိဿာဝင် တစ်ပုံးလျှင် ကျပ်တစ်သိန်းခွဲဈေးဖြင့် မန္တလေးမြို့    ထောပတ်လုပ်သည့်   လုပ်ငန်းသို့ ရောင်းချကြောင်း သိရသည်။  ဆီ၊ သကြား၊ နို့မှုန့် အချိုးကျစပ်ပြီး နွားနို့အရည်များနှင့် ရောနှောကာ နွှေးကန်တွင်  သတ်မှတ်ထားသည့် အပူချိန်‌ပေးပြီး ပေါင်းအိုးဖြင့်   ထပ်မံပေါင်းကာ  ၁၅  မိနစ်ခန့် အအေးခံပြီးပါက  အသင့်စားသုံးနိုင်သော နို့ဆီကို ရရှိသည်။ နွားနို့မှ နို့ဆီရရှိသည်ထိ ကြာချိန် စုစု ပေါင်း  လေးနာရီခန့်ဖြစ်ကြောင်း သိရသည်။ တစ် ရက်လျှင် ပျမ်းမျှ နို့ဆီပိဿာ ၃၅၀ ခန့် ထုတ်လုပ် နိုင်ပြီး နို့ဆီရောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ ကျပ်တစ်သောင်း၊ လက်ကား ကျပ်ကိုး ထောင့်ရှစ်ရာဈေးများဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ လက် ဖက်ရည်ဆိုင်များနှင့်    မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စသည့် မြို့ကြီးများအနှံ့ ရောင်းချကြောင်း သိရသည်။
တစ်ရက်လျှင် ကုန်ကြမ်းနွားနို့  ပိဿာ ၁၅၀ ခန့်ကို ဒိန်ချဉ်ပြုလုပ်သည်။ နွားနို့မှ ဒိန်ချဉ်ရရှိရန် အချိန်တစ်ရက်ခန့်ကြာသည်။ ဒိန်ချဉ်ကို ပွိုင့် ၃ လီတာ ဘူးများတွင်ထည့်၍ တစ်ဘူးလျှင် လက်လီ ၉၀ဝ ကျပ်၊ လက်ကား ကျပ် ၈၅၀ ဖြင့် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဘူး ၁၅၀ဝ   ခန့် ထုတ်လုပ်ပြီး စစ်ကိုင်းမြို့နယ်တွင်းနှင့် မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်သို့  တင်ပို့ရောင်းချကြောင်း သိရ သည်။
 အဆိုပါ နို့ဆီချက်လုပ်ငန်းသည် အမျိုးသား၊ အမျိုးသမီး လုပ်သားကိုးဦးမှ ၁၈  ဦးအထိ ရှိပြီး တစ်ရက်လျှင် တစ်ဦး၏ လုပ်ခအနေဖြင့်  ကျပ် ၈၀ဝ၀ မှ ကျပ် ၁၂၀ဝ၀ ထိရရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ‌ ပေးနိုင်ကြောင်း သိရသည်။
နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက်လုပ် ငန်းအပြင် နွားနို့ခဲ၊ ဒိန်ချဉ်၊ ထောပတ်၊ ဒိန်ခဲ၊ နို့စိမ်း၊ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား နိုင်ငံတော်မှ ချေးငွေပံ့ပိုးကူညီခြင်း၊ နည်းပညာကူညီခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် နွားနို့မှတန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး ပြည်သူများအတွက် စားသုံးမှုလို အပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြင့် ပြည်ပသွင်းကုန်များကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း  ရေးသားတင်ပြ လိုက်ရပါသည်။                  

 

 သန်းသန်းတင် (မုံရွာ)