Main menu

Background

မကွေးတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး MSME ၏ အခန်းကဏ္ဍ

Tue, 11/05/2024 - 11:24 -- journal_editor

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSME )များ သည် အဓိကမောင်းနှင်အားများပင်ဖြစ်သည်။MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင် ဆောင်ရွက်ခြင်းနှင့်အညီ စီးပွားရေးတိုးတက်မြင့်မားလာကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တစ်ခုဆီသို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး စီးပွား‌ရေးနှင့် လူမှုရေး  ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီညီဖြစ်စေရန်အတွက်MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်ကြရ မည်ဖြစ်သည်။ 
MSMEလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရောင်းဝယ်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ရှိရာ ဒေသတွင်းစိုက်ပျိုးရေးလုပ် ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထား ထုတ်လုပ်ရန် အတွက် အဓိကလိုအပ်ချက်မှာ အခြေခံအဆောက်အဦ၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ် သည်။ 
MSMEလုပ်ငန်းများ၏ အားသာချက်မှာ ပြောင်းလဲနေသော ဈေးကွက်လိုအပ်ချက်အပေါ်  မူတည်၍ မြန်ဆန်စွာ တုံ့ပြန်ဆောင် ရွက်နိုင်ခြင်း၊ တီထွင်ကြံဆမှုရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီး သီးရှိ နေရာအနှံ့အပြားတွင် တည်ရှိခြင်း၊ ဈေးကွက်လိုအပ်ချက်ကို လုပ်ငန်းကြီးများထက်  လျင်မြန်စွာ ထုတ်လုပ်ဆောင်ရွက်နိုင်ခြင်း တို့ပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှလည်းMSME  လုပ်ငန်းသစ်များ စတင်ထူထောင်ရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် ငွေကြေးအရင်းအနှီး များ ထုတ်ချေးပေးခြင်း၊ နည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက် ခြင်းဖြင့် အဘက်ဘက်မှ အားပေး ကူညီဆောင်ရွက်လျက်ရှိသည်။ 
မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်က ချမှတ်ပေးထား သည့် မူဝါဒတစ်ရပ်ဖြစ်သောMSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ သီးနှံဖွံ့ဖြိုးတိုးတက်ရေး (One Region One Product) )  စီမံချက်များ   ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်း ဒေသကြီးရှိ MSME လုပ်ငန်းအများစုမှာ ကုန်ပစ္စည်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ခေတ်မီ နည်းပညာများ၊ နည်းစနစ်များကို အသုံးပြုလာ၍ ဈေးကွက်ခိုင်မာ စေရေး၊ ဈေးကွက်တွင်  နာမည်ကောင်းဖြင့်   ရေရှည် ရပ်တည်နိုင်စေ ရေး၊   ဈေးကွက်လိုအပ်ချက်၊   စားသုံးသူ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးလည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဒေသ ထွက်ကုန် ကုန်ကြမ်းများအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများ  ပို့ချပေးခြင်းနှင့်  အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးစေရေး စီမံ ကိန်းများကို   ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိ သည်။    
မကွေးတိုင်းဒေသကြီးMSME Agency  ကိုလည်း ဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး  ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊MSME HelpDesk  များ ဖွင့်လှစ်၍MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများနှင့်လုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်း ရှင်များ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်းနှင့် ပို့ကုန် လုပ်ငန်းရှင်များကို ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်နိုင်စေရန် အခွင့် အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 
MSME Agency  ၏  ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မကွေးဒေသထွက် ပဲယို၊နှမ်းယို၊Bakery ၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ နှမ်းလှော်မှုန့်၊  ခေါက်ဆွဲ၊ အာလူးကြော်လုပ်ငန်း၊ ဒိန်ချဉ်လုပ်ငန်း၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်းများ၊   တောင်တွင်းကြီးဒေသထွက်  ဝါစေ့ဆီနှင့်  ဝါထွက်ပစ္စည်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်း၊ နတ်မောက်ဒေသထွက် ပဲယို၊နှမ်းယို၊ စပျစ်ဝိုင်၊ စပျစ် ခြောက်လုပ်ငန်း၊ ရေနံချောင်းဒေသထွက် ပါပလာလုပ်ငန်း၊ ငရုတ်သီး မှုန့်လုပ်ငန်း၊ ချောက်(စလေ) ဒေသထွက် ဆီးနှင့် မန်ကျည်း ဖျော်ရည် လုပ်ငန်း၊ ပုန်းရည်ကြီး၊ မင်းဘူးဒေသထွက် စွမ်းအားမြှင့်မီးဖို၊ လက်မှု ပညာများ၊ သနပ်ခါး အခြေခံထုတ်လုပ်သည့် အလှကုန်များ၊ စလင်း ဒေသထွက် ကြာချည်လုပ်ငန်း၊ မင်းလှဒေသထွက် သဘာဝဆိုးဆေး၊ လက်ရက်လုပ်ငန်း၊ ကော်ဖီ၊ ဝိုင်၊ လက်ဖက်ခြောက်၊ သရက် ဒေသ ထွက် နို့မလိုင်လုပ်ငန်း၊ ပခုက္ကူဒေသထွက် ဝါကို အခြေခံထုတ်လုပ် သည့် ချည်ထည်၊ စောင်၊ ပဝါလုပ်ငန်းများ၊ သနပ်ခါး အလှကုန်လုပ် ငန်းများကို အားပေးမြှင့်တင်ရန်အတွက် ဒေသတွင်း MSME  ပြပွဲ/ ပြခန်း၊ ဈေးရောင်းပွဲတော်များကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ဒေသ တွင်းMSMEလုပ်ငန်းရှင်များမှ  ဒေသထုတ်ကုန်ပစ္စည်းများ လာ ရောက်ပြသခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်း၊ ဈေးကွက်ဖော်ဆောင် ခြင်း၊ ဈေးကွက်သတင်းများ ဖြန့်ဝေခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှုရယူ၍ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ခြင်း၊ ဈေးကွက်သတင်းအချက်အလက် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။  မိမိဒေသတွင်းမှ  ထုတ်လုပ်သည့်  ထုတ်ကုန်ပစ္စည်းများ ကို  အာဆီယံနိုင်ငံများရှိ  ကုန်စည်ပြပွဲများသို့  သွားရောက်ပြသနိုင်ရေး အတွက်  ဝိုင်းဝန်းပူးပေါင်းချိတ်ဆက်ကူညီခြင်းများလည်း ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ထွက် ရှိသည့် ဧရာပဒေသာ ဆန်အားGI လက်မှတ်ရရှိရေးနှင့် ဒေသတစ်ခု ထုတ်ကုန် တစ်ခု (One Region One Product) အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်MSME လုပ်ငန်းများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ပါဝင်ပြီး ဦးစားပေးအုပ်စု(က)အဖြစ် ရွေးချယ်ထားသော လုပ် ငန်းများဖြစ်သည့် အစားအစာလုပ်ငန်း၊ အဖျော်ယမကာ ထုတ်လုပ်မှု လုပ်ငန်း၊ ဝတ်ဆင်ရန်အထည်များ ထုတ်လုပ်မှုလုပ်ငန်း၊ အထည် အလိပ်လုပ်ငန်း၊ သားရေနှင့်ပတ်သက်သော ကုန်ပစ္စည်းများ ထုတ် လုပ်မှုလုပ်ငန်း၊ သစ်နှင့်သစ်အချောထည်လုပ်ငန်း၊ ဆေးဝါးနှင့် ရုက္ခ ဗေဒဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာနှင့် ပလတ် စတစ်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ အခြားသတ္တု တွင်းထွက်ပစ္စည်း များ ထုတ်လုပ်မှုလုပ်ငန်း၊ ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေး၊ တွင်းထွက်နှင့် သစ်တောထွက်ပစ္စည်း လုပ်ငန်းများကို ဒေသတွင်းထုတ်လုပ်မှု တိုးတက်အောင် အားပေးကူညီဆောင်ရွက် ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုနှင့် နည်းပညာများရရှိရေးတို့ကို ဆောင် ရွက်ပေးခြင်း၊ မကွေးတိုင်းဒေသကြီး ဝါလုပ်ငန်းရှင်များအသင်းမှ ဝါကုန်သည်၊ ဝါကြိတ်စက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများ ရောင်းချရာတွင် ထုပ်ပိုးမှုစနစ် ကောင်းမွန်ရန် လိုအပ်သည့် ပံ့ပိုးမှုများ ရရှိစေရေး၊ OROP အစီ အစဉ်များနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဆိုင်ရာWork Plan များကို ရေးဆွဲထားရှိသည့် အစီအစဉ်များအတိုင်း ဆက်လက် အောင် မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ၎င်းတို့အနက်မှ ပြည်ပ ပို့ကုန်အလားအလာရှိသော ကုန်ပစ္စည်းထုတ်ကုန်အမယ်များ ကို ရွေးချယ်သတ်မှတ်ကာ ပြည်ပပို့ကုန်   တိုးမြင့်လာစေရေးတို့ အတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိသည်။ 
MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်း ထုတ်လုပ် ရာတွင်လည်း  ပြည်တွင်းဈေးကွက် အခြေအနေကို နေ့စဉ်မပြတ် လေ့လာသုံးသပ်ရမည်ဖြစ်သည်။ မိမိကုန်ပစ္စည်းများကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေး ကွက်အလားအလာရှိသော၊ ဈေးကွက်ဝယ်လိုအားရှိသော ကုန် ပစ္စည်းအမျိုးအစားများကို ရွေးချယ်ထုတ်လုပ်ခြင်းဖြင့်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မည်ဖြစ်သည်။ ပြည်သူတို့၏ လူမှုစီးပွား ဘဝပြောင်းလဲလာသည်နှင့်အမျှ ပြည်တွင်းဈေးကွက် အသီးသီး၏ တောင်းဆိုမှုသည်  အရေအတွက်မှသည် အရည်အသွေးဆီသို့ ပြောင်းလဲနေပြီဖြစ်သည်။ ထို့ကြောင့် မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက်တွင် ရေရှည်တည်တံ့နိုင်စေရေး အရည်အသွေးပိုင်းကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်တွင်း စီးပွားရေးကို မြှင့်တင်ခြင်း၊ သွင်းကုန် အစားထိုးနိုင်စေရေး ပို့ကုန် များတိုးမြှင့်တင်ပို့ခြင်း၊MSMEလုပ်ငန်းများနှင့် အကြီးစား စက်မှု လုပ်ငန်းများ ချိတ်ဆက်နိုင်ရေး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်စေရန် ဒီဂျစ်တယ်စီးပွားရေးအသွင် ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းရှင်များမှ အရည်အသွေးပြည့်မီ၍ ဆန်းသစ်သော ထုတ်ကုန် များ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်းMSME လုပ်ငန်းများ ထွန်းပေါက်အောင်မြင်လာမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုူတိုးတက်ဖွံ့ဖြိုး မှုမှသည် ပို့ကုန်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်စေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ 
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီ ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့MSME လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များ  ထုတ်လုပ်၍ တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသည့် အဆင့်မှသည်  စီးပွားဖြစ်အမြောက်အမြားထုတ်လုပ်ကာ အရည် အသွေး ပြည့်မီပြီး ပြည်ပဈေးကွက်ဝင်သည့် ပို့ကုန်များ ဖြစ်စေရေး ကြိုးစား   ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း  အကြံပြု တိုက်တွန်း ရေးသားလိုက်ရပါသည်။              

 တင့်တင့်ထွန်း (မကွေး)