မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူ မြို့သည် စိုက်ပျိုးရေးအခြေခံပြီး ဒေသထွက်ကုန် များစွာထွက်ရှိရာမှ မန်ကျည်းသီးမှည့်သည်လည်း တစ်မျိုး အပါအဝင်ဖြစ်ပြီး ပခုက္ကူဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နိုဝင် ဘာလ စတုတ္ထပတ်တွင် မန်ကျည်းသီးမှည့် အသား များ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မန် ကျည်းပင် ပေါက်ရောက်ပြီး ရာသီဥတုပူပြင်းသော မြန်မာနိုင်ငံ အထက်အညာဒေသများတွင် အများ ဆုံးတွေ့ရှိရသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင်သည် အပူပိုင်းဒေသတွင် တည်ရှိ၍ မန်ကျည်း ပင်များ နေရာဒေသအနှံ့ ပေါက်ရောက်ပြီး ဈေး ကွက်သို့လည်း မန်ကျည်းသီးမှည့်များ ပေါများစွာ ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပခုက္ကူ မန်ကျည်းဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များနှင့် ယောနယ်ဒေသ များအပြင် အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ရာသီဥတု အနေအထားနှင့် မန် ကျည်းပင် အသီးသီးမှုအပေါ် မူတည်ပြီး နှစ်စဉ် ကုန်ချိန်ပိဿာ သိန်း(၃၀-၃၅) ပိဿာခန့် ဝင် ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မန်ကျည်းပင် စိုက်ပျိုးထွက်ရှိရာ အညာ ဒေသများတွင် နွေရာသီ အသီးမှည့်ချိန်တွင် အစေ့ ထုတ်ပြီး မန်ကျည်းအသားများ ပြုလုပ်ကာ ပွဲရုံ လှောင်လက်သမားများမှ ဝယ်ယူ ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ယခုလက်ရှိ နိုဝင်ဘာ တတိယပတ်တွင် မန်ကျည်းသီးမှည့်ဈေး မြင့်တက် ၍ အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဒေသတွင်း မန်ကျည်းလက်ကျန် နည်းလာ၍ မန်ကျည်းမှည့် ဈေး မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ယခု လက်ရှိအချိန်တွင် မန်ကျည်း စတင်သီးချိန်ဖြစ်ပြီး ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလကုန်ခန့် တွင် မန်ကျည်းသီးမှည့်များ ဈေးကွက်သို့ အများ အပြား ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုလက်ရှိ ပခုက္ကူ မန်ကျည်းဈေးကွက်၌ နိုဝင်ဘာလဆန်းမှစ၍ မန်ကျည်းဈေးနှုန်း မြင့် တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ရာ နိုဝင်ဘာ ပထမ ပတ်တွင် မန်ကျည်းအသား လက်ကားဈေး တစ် ပိဿာ ကျပ် ၆၅၀ဝ၊ လက်လီဈေး ကျပ် ၈၀ဝ၀၊ မန် ကျည်းအစေ့ပါ လက်ကား တစ်ပိဿာ ကျပ်၂၅၀ဝ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်း မန်ကျည်း လက်ကျန်နည်းချိန်ဖြစ်ပြီး ဒေသတွင်းသုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှ မန်ကျည်းသီးနှင့် အသားများ ဝယ်ယူမှုများ၍ ဈေးနှုန်း ဆက်လက်မြင့်တက်ခဲ့ရာ မန်ကျည်းသီးမှည့်အသား လက်ကား တစ်ပိဿာ ကျပ် ၁၆၀ဝ၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ မန်ကျည်းအစေ့ပါ လက်ကားတစ်ပိဿာ ကျပ်၅၀ဝ၀၊ လက်ကား တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်လ အတွင်း မန်ကျည်းတစ်ပိဿာ ကျပ် ၁၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။
နှစ်အလိုက် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါ က ယခင်နှစ် ကာလတူက မန်ကျည်းဈေးကွက် အနေဖြင့် မန်ကျည်းသား တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ၊ မန်ကျည်းအစေ့ပါ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ-၁၇၀ဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ် ခဲ့၍ ယခုနှစ်တွင် မန်ကျည်းသီး တစ်ပိဿာ ကျပ် ၁၅၀ဝ၀ ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်သို့ ဝင်ရောက်လာသည့် မန်ကျည်းသီးမှည့်များကို ဒေသတွင်း စားသောက် ကုန်မျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စားသုံးပြည်သူများသို့ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ပခုက္ကူမန်ကျည်းပွဲစားများမှ ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိ သည်။ ထိုမှတစ်ဆင့် ပြည်ပနိုင်ငံ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး စင်ကာပူနှင့် ပါကစ္စတန်နိုင်ငံများသို့လည်း ရေ လမ်းမှ ပြည်ပပို့ ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း မန်ကျည်းသီးအပြင် မန်ကျည်းစေ့များကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
မန်ကျည်း ဈေးကွက်အနေ ဖြင့် ပြည်တွင်း သုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုရှိ၍ ယခုနှစ် မန်ကျည်းရာသီ ကုန်ချိန်တွင် ပြည်တွင်း မန်ကျည်းဈေးကွက် မြင့်တက်လာကြောင်း သိရ သည်။
မန်ကျည်းပင်သည် အမြဲစိမ်းလန်းပြီး အပင် ကြီးတစ်မျိုးဖြစ်၍ အရိပ်အာဝါသကောင်းမွန်သော ဆေးဖက်ဝင်အပင်ဖြစ်သည်။ မန်ကျည်းပင်မှ ရရှိ သော မန်ကျည်းသီးများကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ရောင်း ချလျက်ရှိသည်။ မန်ကျည်းစိုက်ပျိုးသူများအနေ ဖြင့်လည်း ကုန်ကျစရိတ်နည်းပါးပြီး နှစ်စဉ် ဝင်ငွေ ရရှိခြင်းနှင့် မန်ကျည်းဈေးကွက် ခိုင်မာမှုရှိခြင်း ကြောင့် ပိုမိုစိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရပါ သည်။
မြင့်မြင့်သန်း (ပခုက္ကူ)