မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များနှင့် ပြည့်နှက်လျက် ရှိသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ့နြှဃဥ စာရင်းဝင်ခဲ့ပြီး ပုဂံဒေသတွင် နှစ်ပေါင်း ၁၀ဝ၀ ကျော်ကြာ တည်ရှိခဲ့သည့် ရှေးဟောင်းစေတီပုထိုးများနှင့် ကျောက် စာများ၊ နံရံဆေးရေးပန်းချီများတည်ရှိရာ လက်မှုအနုပညာ ပစ္စည်းများ ထွန်းကားရာ မြန်မာတို့၏ အသည်းနှလုံးဖြစ်သည်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဟူသည့် စကားနှင့်အညီ ဘုရားစေတီပေါင်း လေးသိန်း ကျော် တည်ရှိရာဒေသလည်းဖြစ်သည်။
ပုဂံဒေသသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် အမြဲစည်ကား လျက်ရှိသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကြီးတစ်ခုဖြစ်သည်။ ပုဂံ ဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သည် ပုဂံဒေသရှိ စေတီပုထိုးများကို ဖူးမြော်ခြင်း၊ ပုဂံတွင် ထီးနန်းစိုးစံခဲ့ သည့် မင်းဧကရာဇ်တို့၏ သမိုင်းကြောင်းများကို လေ့လာခြင်း၊ ဂူပုထိုး ဘုရားများရှိ နံရံဆေးရေးပန်းချီကားများကို သုတေသနလေ့လာခြင်း၊ ဒေသထွက်ကုန်များ၊ အစားအသောက်များကို အမှတ်တရလက်ဆောင် ဝယ်ယူခြင်း၊ ပုဂံဒေသ အလှအပများကို ခံစားကြည့်ရှုကြသည့်အပြင် လက်မှုလုပ်ငန်းများဖြစ်သော ယွန်းထည်လုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ပန်းချီ၊ သဲပန်းချီလုပ်ငန်းနှင့် ပုဂံဒေသထွက် အဝတ်အထည်လုပ်ငန်းများ ကို လေ့လာလေ့ရှိကြသည်။
ပုဂံဒေသတွင် လက်မှုအနုပညာ ထွန်းကားရာဒေသဖြစ်သည့်အညီ ရိုးရာယွန်းထည်လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဝါးမှနှီးဖြာ၍ အဆင့်ဆင့်ထုတ်လုပ်ရသော ယွန်းပစ္စည်းများဖြစ်သည့် ဆွမ်းအုပ်၊ လက် ဖက်အုပ်၊ ကွမ်းအစ်၊ ယွန်းချိုင့်၊ ယွန်းလင်ပန်း၊ ပန်းခြင်းများ၊ ပန်းအိုး၊ တစ်သျှူးဘောက်၊ ယွန်းသေတ္တာ၊ ဒေါင်းလန်း၊ ရေခွက် စသည့် လူသုံး ကုန်ပစ္စည်း မြောက်မြားစွာ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဒီဇိုင်းမျိုးစုံ၊ ဆိုဒ်မျိုးစုံဖြင့် ယွန်းဆေးကာလာ ရွှေဆေးများဖြင့်လည်း ထုတ်လုပ်လျက် ရှိရာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည်။ မြန်မာ့ရိုးရာ လက်မှုပညာ အစစ်အမှန်ဖြင့်ထုတ်လုပ်ခြင်းဖြစ်၍ အချိန်ပေးရပြီး အရေ အတွက်များစွာ ထုတ်လုပ်နိုင်မှုမရှိသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ဝါးထည်ပစ္စည်းများဖြစ်သည့် တစ်သျှူးဘောက်မျိုးစုံ၊ ဝါးနံရံ ကပ်နာရီနှင့် စားပွဲတင် မီးအိမ်များ၊ သစ်သီးထည့်ခြင်းဆိုဒ်စုံ၊ ဝါးအယ်လ် ဘမ်၊ ဝါးဒေါင်းလန်း၊ ဝါးသေတ္တာ၊ ဝါးဘုရားပန်းအိုး၊ ဝါးပလိုင်း၊ ဝါးဆွမ်း အုပ် စသည်တို့ကိုလည်း လက်ဖြင့် တီထွင်ထုတ်လုပ် ရောင်းချလျက်ရှိ သည်။
ပန်းချီကားများအနေဖြင့် ရေဆေးပန်ချီကားနှင့် သဲပန်းချီကားများ ရေးဆွဲရောင်းချလျက်ရှိရာ ပုဂံရှုခင်းပုံပန်းချီကား၊ ဘုရားစေတီပုံပန်းချီ ကားများ၊ ဇာတ်နိပါတ်တော် ပန်းချီကားများ၊ စေတီပုထိုးများအတွင်းရှိ ရေးဆွဲခဲ့သော ပန်းချီများကိုလည်း ပုံတူရေးဆွဲထားသည်မှာ လက်ရာ မြောက်လှသည်။ ဒေသထွက်ကုန်များအနေဖြင့် သနပ်ခါး၊ ပုန်းရည်ကြီး၊ ထန်းလျက်တို့ကိုလည်း ရောင်းချကြသည်။
ဘုရားဆင်းတုတော်များလည်း ထုတ်လုပ်ရောင်းချလျက်ရှိရာ ပြည်တွင်းခရီးသွားများမှာလည်း ပုဂံဒေသထွက် ဆင်းတုတော်များကို ကိုးကွယ်ရန်ဝယ်ယူလျက်ရှိကြသည်။ ပုဂံဒေသသို့ရောက်ရှိလျှင် ပုဂံဒေသ ထွက်အဝတ်အထည်များ ဝတ်ဆင်၍ ပုဂံဘုရားများအား လှည့်လည်ဖူး မြော်ကြပြီး ပျော်ရွှင်ကြည်နူးစွာဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးလေ့ ရှိကြသည်။ ပုဂံဒေသ၏ ရှုခင်းများကို ရှုခင်းကြည့်တောင်ကုန်းများမှ တက်ရောက်ကြည့်ရှုကြသည့်အပြင် သြူသာ စီး၍ ပုဂံ၏ အလှတရားများ ကိုအပေါ်စီးမှ ကြည့်ရှုမြင်တွေ့ရသည်မှာလည်း ခရီးသွားများအတွက် ထူးခြားသည့် ခံစားမှုကို ရရှိစေသည်။
ရှေးဟောင်း အမွေအနှစ်များနှင့်အတူ လက်မှုအနုပညာ ပစ္စည်း များ၊ ဒေသထွက် စားသောက်ကုန်များနှင့် ပြည့်နှက်လျက်ရှိသော ပုဂံ ဒေသသည် ယခုကာလဆောင်းရာသီတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား များ များပြားစွာ လာရောက်လည်ပတ်လျက်ရှိပြီး လာမည့်ပွင့်လင်းရာသီ တွင် ပိုမိုလာရောက်နိုင်ကြောင်း သိရသည်။
တင်မျိုးခိုင်