ခေတ်မီတိုးတက်လာသော ယနေ့ခေတ် တွင် အစားအစာများကို ရာသီအချိန်မရွေး အလွယ်တကူ စားသုံးနိုင်ရန်အတွက် ခေတ်မီ နည်းစနစ်များ အသုံးပြုကာ ထုတ်လုပ်လာကြ သည်။ မည်သို့ပင် နည်းပညာများအသုံးပြုစေ ကာမူ အချိန်ကာလတစ်ခုသို့ ရောက်ရှိပါက မူလအရည်အသွေးများ ပျက်စီးပြီး စားသုံးရန် မသင့်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ အဆိုပါ အခြေအနေကို စားသောက်ကုန်များ သက်တမ်းကုန်ဆုံးခြင်း (expired) ဟု ခေါ်ဆိုကြ သည်။
စားသောက်ကုန် သက်တမ်းဟုဆိုရာတွင် ဈေးကွက်သို့ တင်သွင်းရောင်းချရန် ထုပ်ပိုးပြီး သော စားသောက်ကုန်များ၏ သဘောသဘာဝ အရ ရေခဲသေတ္တာတွင်လည်းကောင်း၊ အခန်း အပူချိန်တွင်လည်းကောင်း သိုလှောင်ထားနိုင် ပြီး မိမိတို့သတ်မှတ်ထားသည့် အခြေအနေ အောက်တွင် မူလအရည်အသွေး အတိုင်း ထိန်း သိမ်းထားနိုင်သည့် ကာလတစ်ခုဟုဆိုသည်။စားသောက်ကုန်သက်တမ်းကို ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ ထုတ်ပိုးပစ္စည်းများနှင့် ထားသို သိမ်းဆည်းသည့် အခြေအနေ များပေါ် မူတည်၍ သတ်မှတ်ပေးနိုင်သည်။ မိမိတို့သတ် မှတ်ပေးထားသော သက်တမ်းကာလအတွင်း မူလအရသာ၊ ပုံသဏ္ဌာန်၊ အနံ့၊ အရောင်နှင့် အာဟာရတန်ဖိုးများ ပြောင်းလဲသွားခြင်းမရှိ ရပါ။ သက်ဆိုင်ရာ ထုတ်ကုန်အလိုက် အသုံး ပြုရန် သတ်မှတ်ထားသော ကာလအတွင်း အရည်အသွေး ပြောင်းလဲသွားပြီး စားသုံးသူကို ဘေးအန္တရာယ် မဖြစ်ပေါ်စေရန် အရေးကြီး သကဲ့သို့ မိမိတို့လုပ်ငန်း၏ နာမည် ဂုဏ်သတင်း ကျော်စောမှုအတွက်လည်း စားသောက်ကုန် သက်တမ်းကို တိတိကျကျ သတ်မှတ်ပေးရန်မှာ လုပ်ငန်းရှင်တိုင်း၏ အဓိက တာဝန်တစ်ရပ် ဖြစ် သည်။
စားသုံးသူရေးရာဦးစီးဌာန၏ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ ဥပဒေတွင်လည်း ကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ အသင့်ထုပ်ပိုးထားသော အစား အသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၈/၂၂)အရ လည်း ကောင်း အစားအစာများတွင် အမှတ်တံဆိပ် ဖော်ပြရာ၌ ပါဝင်ရမည့် အချက်များကို အတိ အလင်းဖော်ပြလျက်ရှိရာ စားသောက်ကုန် သက်တမ်းဖော်ပြချက်သည် တစ်ချက်အပါအဝင် ဖြစ်ပေသည်။
စားသောက်ကုန်သက်တမ်းအတိအလင်းဖော်ပြခြင်းဖြင့် မိမိကုန်အမှတ်တံဆိပ်ကို ထိန်း သိမ်းနိုင်ခြင်း၊ မိမိတို့ထုတ်လုပ်သည့်စားသောက် ကုန်နှင့်ပတ်သက်ပြီး အာမခံချက်ပေးနိုင်ခြင်း၊ ဥပဒေကို လိုက်နာခြင်း စသည့် အကျိုးကျေးဇူး များရှိနိုင်သလို စားသုံးသူများကိုလည်း ဘေး အန္တရာယ်ကင်းရှင်းစွာ သုံးစွဲစေနိုင်ခြင်း၊ အစား အစာများ လေလွင့်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင် ခြင်း၊ စားသုံးသူ၏ ယုံကြည်မှုများပိုမို ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ် သည်။
စားသောက်ကုန်သက်တမ်းသည် ထုတ် လုပ်သူအတွက်သာမက စားသုံးသူအတွက်ပါ အရေးပါသည့်အချက်ဖြစ်သည်။ ဥပမာ-သွင်းကုန်သိုလှောင်သူများအနေဖြင့်လည်း စား သောက်ကုန်၏ သက်တမ်းကို စိစစ်ပြီး First In First Out စနစ်ကို လိုက်နာခြင်းဖြင့် ကုန်ပစ္စည်း ၏အရည်အသွေးကို ထိန်းသိမ်းနိုင်သကဲ့သို့ချက် ချင်း အသုံးမပြုသေးဘဲ သိုလှောင်ထားမိပါက ပုပ်သိုးဆွေးမြည့်ပြီး လေလွင့်ပျက်စီးဆုံးရှုံးမှုမှ လည်း ကာကွယ်နိုင်မည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
အိအိထွေး(မန္တလေး)