နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပပ်အပင်ကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ ရှားစောင်း လက်ပပ်အပင်သည် မြေကြီးအစိုဓာတ် အသင့်အတင့်ရရှိရုံဖြင့် စိုက် ပျိုးနိုင်ပြီး နေ့စဉ်လုပ်အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေ ရရှိနိုင်သည့် အပင်လည်းဖြစ်သည်။ အိမ်တိုင်းအိမ်တိုင်းတွင် စိုက် ထားသင့်သည့် အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပပ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမည်ဖြစ်သည်။
ရှားစောင်းလက်ပပ် စိုက်ပျိုးသင့်သည့်မြေမျိုး
ရှားစောင်းလက်ပပ်အပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင် နေရောင်ခြည် လုံလုံလောက်လောက်ရရှိရပါမည်။ ရေလောင်းသည့် အခါ အကြိမ်ရေကို လျှော့လောင်းရမည်၊ ရှားစောင်းလက်ပပ် စိုက် ပျိုးသင့်သည့် မြေအမျိုးအစားမှာ လေဝင်လေထွက် ကောင်းစေသည့် မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီးထားနိုင် သည့် မြေမျိုးဖြစ်ရမည်။ အိမ်တွင် အိုးနှင့် စိုက်မည်။ ဆိုင်ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူနိုင်သည့် အဆင်သင့်မြေကို မြေဆွေးများနှင့် ရောမွှေ၍ စိုက်ပျိုး၍လည်းရသည်။ ရှားစောင်းလက်ပပ်အပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ် အသင့်အတင့်ရရှိရုံနှင့် စိုက် ပျိုးနိုင်သည်။ စိုက်ပျိုးမည်ဆိုလျှင် မြေထဲသို့ သဲကြမ်းနည်းနည်း၊ သစ်ရွက်ဆွေး နည်းနည်း၊ မီးသွေးမှုန့် နည်းနည်း ဖြည့်စွက်ရောနှော စိုက်ပျိုး၍လည်းရသည်။
ရှားစောင်းလက်ပပ်အပင် စိုက်ပျိုးနည်းများ
မြေကြီးတွင် ချစိုက်သည့် ရှားစောင်းလက်ပပ်အပင်က ပန်းအိုး ထဲထည့်စိုက်သည့် အပင်ထက် အပေါက်မြန်ပြီး အကြီးထွား သန်မာ စေသည်။ ရှားစောင်းလက်ပပ်အပင်ကို တစ်ပင်နှင့် တစ်ပင် (၅)ပေ ခြား စိုက်ပျိုးရပြီး စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် အပင်အလက် များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင်လာမည်ဖြစ်သည်။ ရှားစောင်းလက်ပပ်အပင်လက်များသည် နွေဥတုတွင် အတွင်းအနှစ် က အနည်းငယ်သာရှိပြီး မိုးဥတုနှင့် ဆောင်းဥတုတွင် အတွင်းအနှစ် များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့် လှီးဖြတ်လျှင် အတွင်း အနှစ်များသည် ဂျယ်လီသဏ္ဌာန် အိတွဲတွဲဖြင့် ဆေးဖက်ဝင်သည်။ ရှားစောင်းလက်ပပ် စိုက်ပျိုးရန် အချိန်အခါ ကောင်းမှာ ဆောင်းကုန်ပြီး မြူနှင်းကင်းစင်သည့် မတ်လဖြစ်ကြောင်း သိရသည်။
ရှားစောင်းလက်ပပ်ကို ယခုအခါ လူများပိုမို အသုံးပြုလာကြ သည်။ စားသောက်ကုန်များ၊ လူသုံးကုန်များကို ဥပဒေနှင့်အညီ ထုတ်လုပ်လာကြသည်။ ရှားစောင်းလက်ပပ်နှင့် ပြုလုပ်ထားသော စားသောက်ကုန်များမှာ ရှားစောင်းလက်ပပ် သကြားလုံး၊ လက်ဖက် ခြောက်၊ ရှားစားလက်ပပ် အမှုန့်၊ ရှားစောင်းလက်ပပ် လျက်ဆား၊ ရှားစောင်း လက်ပပ်ယို၊ ရှားစောင်း လက်ပပ်ခေါက်ဆွဲ၊ အုန်းတစ်လုံး ဆေး၊ ရှားစောင်းလက်ပပ် အချိုရည် အစရှိသည့် ပစ္စည်းများကို ဈေး ကွက်ထဲတွင် ဝယ်ယူ၍ ရရှိနေပြီဖြစ်သည်။
အခြားလူသုံးကုန် အလှကုန် ပစ္စည်းအနေဖြင့် ရှားစောင်း လက်ပပ်ခေါင်းလျှော်ရည်၊ ရှားစောင်းလက်ပပ် ဆံပင်သန်ဆေး၊ အလှဆီ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရှားစောင်းလက်ပတ်မျက်နှာသစ်၊ မျက်နှာပေါင်းတင်ဆေး၊ ဆံပင်လိမ်းသည့်ဂျယ်၊ စနိုး၊ မိတ်ကပ်၊ ကိုယ်လိမ်းပေါင်ဒါ၊ လိုးရှင်း၊တိုနာ စသည့် နေ့စဉ်သုံးပစ္စည်းအလှကုန် တွေမျိုးစုံကိုလည်း ထုတ်လုပ်လာကြသည်။
တစ်ဖက်တစ်လမ်းက ဝင်ငွေတိုး
ရှားစောင်းလက်ပတ်ပင်များကို ယခင်နှစ်များထက် ယခုနှစ် များတွင် တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးလာကြသည်။ ဈေးကွက်တွင် လည်း ယခင်နှစ်ထက် ဈေးပိုရလာသည်။ စိုက်ပျိုးသူအနေနှင့် ရှား စောင်းလက်ပပ်ကို အပင်လိုက်လည်းကောင်း၊ အလှပန်းအိုးနှင့်လည်း ကောင်းရောင်းချကြသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်း ဆေးဆရာများ၊ ၊ ယိုထိုးပြီးရောင်းချသူများ၊ ကုန်ကြမ်း အဆင့်မှ ကုန် ချောအဆင့်သို့ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များက ရှားစောင်းလက်ပပ် အပင်ကို ဝယ်ယူရာ ယခုနှစ်တွင် အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်း တစ်ခုကို ကျပ် ၃၀ဝ၀ဝ ဝန်းကျင်ပေါက်ဈေးရှိပြီး အနိမ့်ဆုံး စိုက်ခင်း တစ်ခုကို အပင်ကိုကြည့်ပြီး ကျပ် ၄၀ဝ၀ဝ ခွဲမှ ၄၅၀ဝ၀ ကျပ် ပေးဝယ် ကြောင်း၊ ယခင်နှစ်က အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်း တစ်ခုကို ကျပ် ၂၀ဝ၀ဝ၊ အနိမ့်ဆုံးစိုက်ခင်းတစ်ခုကို ကျပ် ၃၀ဝ၀ဝ မှ၃၅၀ဝ၀ ဖြင့်ရောင်းချကြောင်း သိရသည်။ ဧကအလိုက် မဟုတ်ဘဲ နှင့်သာရောင်းချကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက ဈေး ပိုမိုရလာကြောင်း သိရသည်။ များသောအားဖြင့် ခြံဝင်းများကို အလ ဟဿမထားဘဲ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရန် ရှားစောင်း လက်ပပ်အပင်ကို ဆားလင်းကြီးမြို့နယ်တွင် ပိုမိုစိုက်ပျိုးလာကြ ကြောင်း သိရသည်။
ရှားစောင်းလက်ပပ်ကို ဠေူကန ေိနိ ပြုလုပ်၍ စားသုံးနိုင်သည့် နည်းလမ်းများ
ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် ရှားစောင်းလက်ပပ်ကို ရှားစောင်းလက်ပပ်ယို၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကျပ်သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာပျောက်ကင်းစေသည့်ဆေး၊ ဆီးပူခြင်း၊ အပူကန်ခြင်းအတွက်လည်း တကယ့်ဆေးစွမ်းကောင်း တစ်လက်ဖြစ်သလို ကျန်းမာရေးနှင့် ကိုက်ညီသည့် လူသုံးကုန်၊ အလှ ကုန်၊ စားသောက်ကုန်များစသည့် ဠေူကန ေိနိ များ အမျိုးမျိုးပြုလုပ် ၍ ထုတ်လုပ်လာကြသည်။ ရှားစောင်းလက်ပပ်ကို သဘာဝပစ္စည်းများ ဖြစ်သော ပျားရည်တို့ဖြင့် ကျိုချက်စားသုံးပါက အမျိုးသမီးများအတွက် အသားအရေလှပကာ ကျန်းမာဝဖြိုး အလှတိုးစေသည်။ ရှားစောင်း လက်ပပ်သည် လူတို့၏ကျန်းမာရေးအတွက် အထောက်အကူရသဖြင့် ကိုဗစ် (၁၉) ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ရှားစောင်းလက်ပပ် အပင်ကို ဆေးအဖြစ် အသုံးများလာကြသည်ကို တွေ့ရှိရသည်။ ရှား စောင်းလက်ပပ်အပင်သည် အောက်ဆီဂျင်ဓာတ်ကို ပေးနိုင်သဖြင့် သုံးစွဲသူများပြားလာပြီး တစ်နှစ်ထက်တစ်နှစ် ဈေးပိုမိုရရှိလာကြောင်း ရေးသားလိုက်ရသည်။
သင်းသင်းအေး (မုံရွာ)