Main menu

Background

သတိပြုသင့်သည့် စားသောက်ကုန်များ၏ သက်တမ်းလွန်ရက်စွဲများ

Tue, 03/04/2025 - 13:46 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)    
သက်တမ်း ကျော်လွန်သွားသော အစားအသောက်များမှာ ဘက်တီးရီးယား Salmonella, E.coli, Listeria )၊ မှို၊ ရီးစ်များ ပေါက်ပွားလာပြီး လူတို့သတိမမူဘဲ စားသုံးမိပါက အစာအိမ် ရောင်ရမ်းခြင်း၊ အစာအဆိပ် သင့်ခြင်း၊ ဖျားခြင်း၊ ဝမ်းပျက်ဝမ်း လျှောခြင်း စသည့် ရောဂါများခံစားရစေနိုင်သည်။  ထို့အပြင် စည် သွတ် ဘူး များတွင်Botulism toxin များ ပါဝင်နိုင်သဖြင့် သက် တမ်းကုန်သော စည်သွတ်ဘူးများကို စားသုံးမိပါက သွေးတွင်း စီးဆင်းမှု ပြဿနာနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းစသည့် ဆိုးကျိုးများကိုပါ ဖြစ်ပွားစေနိုင်သည်။ 
အဆိုပါဆိုးကျိုးများရှိနိုင်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်သက်တမ်းကို မဖြစ်မနေဖော်ပြရန် တာဝန်ရှိ ပေသည်။ မြန်မာနိုင်ငံရှိ အများစုသော လုပ်ငန်းရှင်များသည် စားသောက်ကုန် သက်တမ်းကိုManufacturing/Expired Date  ဖြင့်လည်းကောင်း၊ျ့Use By date, Best Before ဖြင့်လည်းကောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ ပုပ်သိုးလွယ်သော အစားအစာ များ (အသားအစို/နွားနို့)ကို use by date ဖြင့်ဖော်ပြကြပြီး ပေါင်မုန့်ကဲ့သို့သော အစားအစာများကိုBest Before ဖြင့် ဖော်ပြ လေ့ရှိကြသည်။  Best Before Date ဖြင့်ဖော်ပြထားသော စား သောက်ကုန်များသည် ဖော်ပြပါရက်စွဲထက် ကျော်လွန်ပြီးစား သုံးပါက အန္တရာယ်ကင်းနိုင်သော်လည်း အာဟာရ အပြည့်အဝ မရနိုင်ပေ။  မိမိထုတ်ကုန်အလိုက်   သက်တမ်းကုန်ရက်စွဲကို တတ်သိနားလည်သည့် ပညာရှင်များနှင့်တိုင်ပင်ပြီးUse By Date  ဖြင့်သော်လည်းကောင်း၊ Best Before ဖြင့်သော် လည်းကောင်း၊ Expired Date ဖြင့်သော်လည်းကောင်း ဖော်ပြနိုင်သည်။ Expierd Date ဖြင့်ဖော်ပြထားသော စားသောက် ကုန်များသည် သတ်မှတ် ရက်မတိုင်မီတွင်သာ စားသုံးရန်နှင့် သတ်မှတ်ရက်စွဲတွင် စားသုံး ရန်မသင့်သော အခြေအနေသို့ ရောက်ရှိနေပြီး ဖော်ပြပါရက်စွဲ ထက် ကျော်လွန်၍ သုံးစွဲပါက စားသောက်ကုန် အရည်အသွေး ပျက်စီးကာစားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။Best Before Date  ဖြင့် ဖော်ပြခြင်းသည် ဖော်ပြပါရက်စွဲထိ စားသုံးနိုင်ပြီး Use By Date ဖြင့်ဖော်ပြခြင်းသည် ဖော်ပြပါရက်စွဲအတွင်း သုံးစွဲပါက မူလအရည်အသွေးအတိုင်း အပြည့်အဝ ရရှိနိုင်ပြီး ကျော်လွန်သုံးစွဲပါက မူလအရည်အသွေးများ အပြည့်အဝ ရရှိ နိုင်ခြင်း မရှိသော်လည်း စားသုံးသူကို ဘေးဥပဒ်မဖြစ်စေနိုင် ကြောင်း လေ့လာသိရှိရသည်။
စားသောက်ကုန်များ သက်တမ်းမလွန်ခင် ဖျက်ဆီးရခြင်း မှာ စားသောက်ကုန်အတွင်း မှိုပေါက်ပွားခြင်း၊ ဘက်တီးရီးယား များ ဝင်ရောက်ခြင်းတို့ကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင် အပူ ချိန်ကြောင့်လည်းကောင်း၊ စားသောက်ကုန် ထုတ်လုပ်သည့် နေရာတွင် ြွကက်၊ ယင်၊ ပိုးဟပ် စသော ဏPest  များ ဝင်ရောက်ခြင်း ကြောင့်လည်းကောင်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် စားသောက် ကုန် လုပ်ငန်းများအနေဖြင့်Good Hygiene Practices စနစ်ကို ကျင့်သုံးဖို့လည်း အထူးလိုအပ်သည်။ ဟင်းသီးဟင်းရွက်နှင့်အသား ငါးများသည် ၂၁ဒီဂရီဆဲလ်စီးယပ်တွင် နှစ်ရက်သက်တမ်း ရှိသော် လည်း မုန်လာဥနီကဲ့သို့သော ဥများ၊ အသီးအနှံများသည် ၂၁ ဒီဂရီဆယ်စီးယပ်တွင် တစ်ရက်မှ ခုနစ်ရက်ထိ သက်တမ်းရှိကြပြီး ငါးခြောက်များနှင့် ခြောက်သွေ့အောင် အခြောက်ခံထားသော အစေ့အဆံများသည် ရက် ၃၆၀ ထက်ကျော်သည်အထိ သက် တမ်းရှိကြသည်။ ရေခဲသေတ္တာအတွင်းထားသိုသော စားသောက် ကုန်များအနေဖြင့် အပူချိန်မှန်ကန်စွာ ထိန်းသိမ်းထားနိုင်ပါက စားသောက် ကုန်သဘာဝပေါ်မူတည်ပြီး သက်တမ်းကာလများ ကွဲပြားနိုင်ကြောင်း လေ့လာသိရှိရသည်။
စားသောက်ကုန်သက်တမ်းကို   သတ်မှတ်ရန်အတွက် အရေးကြီးဆုံးအချက်မှာ ကုန်ကြမ်းရယူသည့် စိုက်ကွင်းမှသည် စားပွဲပေါ်ရောက်သည်အထိ  Farm to Fork အဆင့်ဆင့်Supply Chain  တစ်လျှောက်တွင် ဘေးကင်းရေးစည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ၊ စားသောက်ကုန် ထုတ်လုပ်မှု နည်း စဉ်များ  မှန်ကန်မှုရှိ/မရှိ၊ ထည့်သွင်းအသုံးပြုသည့် ဖြည့်စွက် ပစ္စည်းများ မှန်ကန်တိကျမှုရှိ/မရှိနှင့် ကုန်စည်များ ထားသိုသိမ်း ဆည်းမှု မှန်ကန်မှုရှိ/မရှိ စသည့် အချက်များကို စိစစ်နိုင်ရန် လိုအပ်သည်။ အဆိုပါ လုပ်ငန်းစဉ်အဆင့်တစ်ခုခုတွင် အမှား အယွင်း ဖြစ်ပေါ်ပါက စားသောက်ကုန်များ သက်တမ်းမကုန်ခင် ပျက်စီးစေနိုင်သည်။ ထို့ကြောင့် မိမိထုတ်ကုန်များ ပျက်စီးစေ နိုင်သည့် အကြောင်းအရာများကို သိရှိအောင် လေ့လာထားရန် လိုအပ်သည်။
စားသောက်ကုန်သက်တမ်းကို သတ်မှတ်ရာတွင် မိမိတို့ ထုတ်လုပ်သည့် ထုပ်ပိုးပြီးသော ကုန်ချော၏ သက်တမ်းကိုဆိုလို ခြင်းဖြစ်သည့်အတွက် ထုပ်ပိုးပစ္စည်းမှန်ကန်စေရန်  ရွေးချယ်နိုင်ရန်  လည်း လိုအပ်သည်။ စားသောက်ကုန်သက်တမ်းကို တိုက်ရိုက် တိုင်းတာဖော်ပြသည့် စက်ပစ္စည်းကိရိယာများ မရှိပါ။ စားသောက် ကုန်သက်တမ်းကို အမျိုးအစားပေါ်မူတည်ပြီး ခြောက်လမှ တစ် နှစ်အထိ အများဆုံးသတ်မှတ်ပေးလေ့ရှိကြသည်။ ဓာတ်ခွဲခန်း များသို့ပေးပို့ပြီး ဓာတ်ခွဲခန်းမှ သတ်မှတ်ပေးသော  parameters  များအား သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသဖြင့် စစ်ဆေး ခြင်းဖြင့် မိမိထုတ်ကုန်၏ သက်တမ်းကို  လေ့လာသတ်မှတ်နိုင် သည်။  ဓာတ်ခွဲခန်း ရလဒ်များအပြင် စားသောက်ကုန်၏ အမျိုး အစားပေါ်မူတည်ပြီး ပါဝင်ပစ္စည်းအချိုးအစား မှန်ကန်မှု၊ ထုတ် လုပ်မှုနည်းစဉ်မှန်ကန်မှု (တစ်သတ်မတ်တည်း)၊ သိုလှောင်ထိန်း သိမ်းမှုအနေအထား၊ (အချိန်၊အပူချိန်၊ စိုထိုင်းစ စသည်)၊ သယ် ယူပို့ဆောင်မှု၊ ပတ်ဝန်းကျင်အပူချိန်နှင့် လေထုစိုထိုင်းဆများ၊ ပိုးမွှားကျရောက်နိုင်မှုများ  စသည့်အချက်များကိုလည်း ထည့် သွင်းစဉ်းစားသုံးသပ်ရန်လည်း လိုအပ်သည်။ စားသောက်ကုန်ကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး စားသောက်ကုန်၏ သတ်မှတ် အရည်အသွေးပြောင်းလဲမှုကို   ဓာတ်ခွဲစစ်ဆေးပြီးမှသာ စား သောက်ကုန်၏ သက်တမ်းကို သိရှိနိုင်မည်ဖြစ်သည်။ 
စားသောက်ကုန် သက်တမ်းကို ဓာတ်ခွဲစမ်းသပ်ရာတွင် အများအားဖြင့် အစားအစာထဲရှိ ဓာတုပစ္စည်းများ (pH, Acidity, Oxidation )ပြောင်းလဲခြင်းကို စစ်ဆေးခြင်း (Chemical Testing)? )၊ ပိုးမွှားများပေါက်ပွားခြင်း Yeast,Bacteria, aW, moisteure, temperature, E.coli,etc.) ကို စစ်ဆေးခြင်း (Microbiological Testing))နှင့် အနံ့၊ အရသာ၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်းကို စမ်းသပ် စစ်ဆေးခြင်းSensory Evaluation)တို့ ကို စစ်ဆေးလေ့ရှိသည်။  စားသောက်ကုန်၏  ျွှေယ စံနှင့် အပူချိန် ပေါ်မူတည်ပြီး စား သောက်ကုန်များ ပျက်စီးနိုင်သဖြင့်Molds, Yeasts and Bacteria  များပေါက်ပွားနိုင်သည့် ပမာဏအောက်တွင် စားသောက်ကုန် များကို  ထုတ်လုပ်ရသည်။ သက်တမ်းကုန်ဆုံးနေသော  စား သောက်ကုန်များကို စားသုံးမိပါက ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့ အန်ခြင်း၊ ယားယံခြင်း၊ နာမကျန်းဖြစ်ခြင်းအပြင် သေဆုံးနိုင် သည့် အခြေအနေများပါက ကြုံတွေ့ရနိုင်သဖြင့် စားသောက်ကုန် ထုတ်လုပ်သူများအနေဖြင့် မိမိစားသောက်ကုန်၏ သက်တမ်း ကိုဖော်ပြရန် အထူးလိုအပ်သည်။ စားသောက် ကုန်သက်တမ်း များ ထည့်သွင်းဖော်ပြခြင်းဖြင့် ဥပဒေကို လိုက်နာရာရောက်သည့် အပြင် မိမိကုန်ပစ္စည်းအတွက် သတ်မှတ်ကာလအတွင်း ကောင်း မွန်သော အရည်အသွေးရရှိရန် အာမခံပေးပြီး စားသုံးသူအား ဘေးကင်းစေသည့်အတွက် မိမိ၏ဂုဏ်သတင်း ထိန်းသိမ်းရာ လည်း ရောက်ပေသည်။ စားသုံးသူများမှလည်း မိမိတို့ ဝယ်ယူ သည့် စားသောက်ကုန်၏ သက်တမ်းကို သေချာရွေးချယ်ပြီးမှ ဝယ်ယူ သုံးစွဲခြင်းဖြင့် ကျန်းမာပျော်ရွှင်သော လူမှုဘဝကို ရရှိစေ ရန် ရည်ရွယ်ရေးသား မျှဝေလိုက်ပါသည်။

 

 အိအိထွေး (မန္တလေး)