စားသုံးဆီသည် မြန်မာတို့၏ နေ့စဉ်ကြော် လှော်ချက်ပြုတ်ရာတွင် မရှိမဖြစ် အခြေခံ စား သောက် ကုန်တစ်ခုဖြစ်သည်။ စားသုံးဆီဟုဆိုရာ ၌ ရှေးအစဉ်အဆက် ဘိုးဘေးများလက် ထက်မှပင် စားသုံးလာကြသည့် ပြည်တွင်းဖြစ် မြေပဲဆီနှင့် နှမ်းဆီတို့အပြင် ခေတ်ကာလ လိုအပ် ချက်အရ ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ၊ နေကြာ ဆီနှင့် ပဲပုပ်ဆီစသည်တို့လည်း ပါဝင်နေသည်။
မြန်မာတို့၏ စားသုံးဆီ စားသုံးရခြင်းအပေါ် နှစ်သက်မြတ်နိုးမှုကို ]]ဆီရွှဲ ဖွဲတောင် ဟင်းဖြစ်}} ဆိုသည့်စကားရပ်က သက်သေခံနိုင်သည်။ ထို့ပြင် ဟင်းချက်စားရာတွင် ဆီနည်းနေသည့်အခါ ဆီပြန် ဟင်းမဖြစ်ဘဲ ခြောက်ခြောက်ကပ်ကပ်ဖြစ်နေပါက ]]ဆီမပါ ပြားမပါ}}ဟု ထုတ်ဖော်ပြောဆိုရလောက် အောင် စိတ်မကျေနပ်မှုကို ပြသတတ်ကြသည်။ ဤမျှလောက် စားသုံးဆီစားသုံးမှုကို နှစ်သက်ကြ သော မြန်မာပြည်သူများအနေဖြင့် ]]မိမိတို့ ဝယ် ယူသုံးစွဲနေသော စားသုံးဆီအမျိုးမျိုးတို့၏ အရည် အသွေးပိုင်းဆိုင်ရာ အကြောင်းအရာများသည် မိမိတို့ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်စပ်နေ သည်}}ဟူသော အချက်ကို နှလုံးသွင်းထားရမည် ဖြစ်သည်။
စားသုံးဆီတို့၏ အရည်အသွေးပိုင်းဆိုင်ရာ အကြောင်းအရာများကို လေ့လာကြည့်မည်ဆိုလျှင် စားသုံးဆီ တစ်မျိုးချင်းစီ၏ အဆီအက်စစ်များ ဖွဲ့စည်းပုံနှင့် ပါဝင်မှုအချိုးအစားတို့က အဓိကကျ လှသည်။ စားသုံးဆီသည် ဓာတုဗေဒဖွဲ့စည်းပုံအရ အဆီအက်စစ် (Fatty Acid) နှင့် ဂလစ်စရော Glycero) တို့ ပေါင်းစပ်ပါဝင်နေသည်။ ယင်း အဆီအက်စစ်အပိုင်းတွင် မပြည့်ဝမှု တစ်ခုပါသော အဆီအက်စစ် (Mono Unsaturated Fatty Acid))၊ မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (Poly Unsaturated Fatty Acid) နှင့် ပြည့်ဝအဆီအက်စစ် Saturated Fatty Acid)) များသည် အချိုးအစား အမျိုးမျိုးတို့ဖြင့် ပါဝင်ပေါင်းစပ်လျက် တည်ရှိကြ သည်။ ၎င်းတို့၏ ပေါင်းစပ်မှုအချိုးပေါ်မူတည်၍ စားသုံးဆီများ၏ အရည်အသွေးနှင့် ကျန်းမာရေး ဆိုင်ရာ အကျိုးသက်ရောက်မှုများ ကွဲပြားနေရခြင်း ဖြစ်သည်။
မြန်မာ့စားသုံးဆီဈေးကွက်တွင် အရောင်း ရဆုံးစားသုံးဆီ အမျိုးအစားသည် စားသုံးသူများ သုံးစွဲမှု အများဆုံးစားအုန်းဆီဖြစ်သည်ဟုဆိုလျှင် မှားသည်ဟု ငြင်းနိုင်မည် မဟုတ်ပါ။ စားအုန်းဆီ ပြီးလျှင် မြေပဲဆီသည် သုံးစွဲမှုအများဆုံးဆီဖြစ် သည်။
မြန်မာစားသုံးသူတို့ အများဆုံးစားသုံးကြ သည့် စားအုန်းဆီသည် ဆီအုန်းသီး၏ အသားပိုင်း အား ကြိတ်ချေခြင်းမှ ရရှိလာသည့် ဆီကြမ်းအား နည်းပညာသုံး၍ အဆင့်ဆင့်ပြန်လည်သန့်စင်ပြီးမှ ရရှိလာခြင်းဖြစ်သည်။ ဆီကြမ်း(Crude Oil) အဆင့် တွင် အနီရောင်အဖြစ် ခပ်ပျစ်ပျစ်တည်ရှိပြီး သန့်စင်ပြီးသောဆီချော RBD Palm Oil) အဆင့် တွင် အဝါရောင်အဖြစ် ပြောင်းလဲလာကာ အရည် နှင့် အနှစ်ပိုင်းတွဲဆက်လျက် Semi-solid) တည်ရှိ သည်။ ၎င်းကို အအေးခံ၍ အရစ်ကျခွဲထုတ်ခြင်း (Fractionation)) ပြုလုပ်ပြီးမှသာ ဆီအရည်ပိုင်း RBD Palm Olein)) ကို ရရှိနိုင်သည်။
သန့်စင်ပြီးသောဆီချောများ RBD Palm Oil နှင့် အအေးခံခွဲထုတ်ပြီးသော ဆီအရည်ပိုင်း RBD Palm Olein) တို့သည် ဆီကြမ်းအဆင့်တွင် ပါဝင်နေသည့် မကောင်းသော အချဉ်ဓာတ်၊ အချွဲ ဓာတ်၊ အနံ့နှင့် အရောင်တို့ကင်းစင်ပြီးဖြစ်သော ကြောင့် စားသုံးဆီအဆင့်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ ဓာတုဖွဲ့စည်းပုံကို CODEX STANDARD စံချိန်စံညွှန်းတွင် လေ့လာမည်ဆို ပါက Palm Oil တွင်Palmitic ပြည့်ဝအဆီအက်စစ် (၃၉ ဒသမ ၃- ၄၇ ဒသမ ၅)၊ Stearic ပြည့်ဝအဆီ အက်စစ် (၃ ဒသမ ၅-၆) နှင့်Oleic မပြည့်ဝအဆီ အက်စစ် (၃၆-၄၄)ပါဝင်နေသည်။ ထိုနည်းတူ Palm Olein တွင် Palmitic ပြည့်ဝအဆီအက် စစ် (၃၈ -၄၃ဒသမ၅)Stearic ပြည့်ဝ အဆီအက်စစ် (၃.၅-၅) နှင့် Oleic မပြည့်ဝအဆီအက်စစ် ၃၉.၈-၄၆ ပါဝင်နေကြောင်း တွေ့ရမည်ဖြစ် သည်။
စားသုံးဆီဈေးကွက်တွင် ဒုတိယရောင်းအား အကောင်းဆုံးဖြစ်သည့် မြေပဲဆီကို အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ (ဂဲ) သန့်စင်ပြီးသော အခွံချွတ် ပြီး မြေပဲဆန်ကို မိရိုးဖလာအတိုင်း ဆုံဖြင့်ကြိတ်၍ ဖြစ်စေ၊ ခေတ်မီစက်ဖြင့် ကြိတ်၍ဖြစ်စေ ရရှိနိုင် သည်။ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အောက်ရှိ သော ထုတ်လုပ်မှုဖြစ်စဉ်ကို အသုံးပြုထားသော ကြောင့် အအေးကြိတ် သဘာဝဆီရိုင်း (Cold Pressed Virgin Oil) အဖြစ် တန်ဖိုးထား စားသုံးကြ သည်။ ၎င်း၏ ဓာတုဖွဲ့စည်းပုံမှာ CODEX စံချိန် စံညွှန်းအရ ဏောူငအငခ ပြည့်ဝ အဆီအက်စစ် (၈-၁၄)၊ Palmitic ပြည့်ဝအဆီအက်စစ် (၁ - ၄.၅)၊ Stearic မပြည့်ဝ အဆီအက်စစ် (၃၅-၆၉)၊ Oleic မပြည့် ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (၁၂-၄၃) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
]]အစာလည်းဆေး၊ ဆေးလည်းအစာ}}ဟု အယူအဆဖြင့် စားသောက်တတ်ကြသည့် မြန်မာ တို့၏ မိရိုးဖလာစားသုံးဆီတစ်မျိုးဖြစ်သော နှမ်း ဆီကို နှမ်းစေ့လေးများအား ကြိတ်၍ ထုတ်ယူရရှိ နိုင်သည်။ နှမ်းစေ့လေးများကို အခွံချွတ်၍ ကြိတ် သကဲ့သို့ အခွံပါအတိုင်းလည်း ကြိတ်ကြပါသည်။ နှမ်းဆီသည်လည်း အအေးကြိတ် သဘာဝဆီရိုင်း ဖြစ်ပြီး ၎င်း၏ ဓာတုဖွဲ့စည်းပုံသည်CODEX စံချိန် စံညွှန်းအရ Palmitic ပြည့်ဝအဆီအက်စစ် (၇.၉ -၁၂)၊Stearic ပြည့်ဝအဆီအက်စစ် (၄.၅ - ၆.၇)၊ Oleic မပြည့်ဝ အဆီအက်စစ် (၃၄.၄-၄၅.၅)၊Linoleic မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီ အက်စစ် (၃၆.၉-၄၇.၉) တို့ ပါဝင်နေသည်။
စားသုံးဆီတွင် ပါဝင်ဖွဲ့စည်းထားကြသော အဆီအက်စစ်များစွာရှိသည့်အနက် ရာခိုင်နှုန်း အများဆုံးဖြင့် ပါဝင်နေသော အဆီအက်စစ်အမျိုး အစားသည် ၎င်းစားသုံးဆီ၏ ဝိသေသလက္ခဏာ၊ ဂုဏ်အရည်အသွေးနှင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတို့ကို အဆုံးအဖြတ်ပေး ရာတွင် များစွာသက်ရောက်မှုရှိစေသည်။Palmitic အက်စစ်သည် ကာဗွန်အရေအတွက် ၁၆ လုံးပါ သော ပြည့်ဝအဆီအက်စစ် အမျိုးအစားဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားစေသော သွေးတွင်းကိုလက် စထရော မြင့်မားမှုနှင့် ဆက်စပ်နေသည်။ Oleic Acid သည် ကာဗွန် ၁၈ လုံးပါပြီး မပြည့်ဝမှုတစ်ခု ရှိသော မိုနိုမပြည့်ဝအဆီအက်စစ် Mono Unsa- turated Fatty Acid) အမျိုးအစားဖြစ်သည်။ နှလုံး ကျန်းမာရေးကို များစွာအထောက်အကူပြုသော အဆီအက်စစ်ဟုလည်း မှတ်သားဖူးသည်။ ထို့ပြင် မပြည့်ဝမှု တစ်ခုထက်ပို၍ ပါဝင်ပြီး ကာဗွန် ၁၈ လုံးရှိသောLinoleic Acid သည် Poly Unsatura- ted Fatty Acid ဖြစ်ကာ နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပြီး သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောပါဝင်မှုကိုလည်း လျော့ကျစေနိုင်သည်။
ဤသို့ဆိုလျှင် စားသုံးသူမိဘပြည်သူများ အနေဖြင့် မိမိတို့နှစ်သက်စွာ ဝယ်ယူစားသောက်နေ သော ဆီအမျိုးအစားများ၏ ဂုဏ်အရည်အသွေး များကို နှိုင်းယှဉ်စဉ်းစားနိုင်မည်ဖြစ်သည်။ စား အုန်းဆီတွင် ပါဝင်သော ပြည့်ဝအဆီအက်စစ်များ ၏ ပမာဏသည် မြေပဲဆီ၊ နှမ်းဆီတို့ထက် များစွာ မြင့်တက်နေသည်ကို တွေ့ရှိ နိုင်သကဲ့သို့ ကျန်းမာ ရေးအကျိုးပြု မပြည့်ဝအဆီ အက်စစ်အမျိုးအစား များသည် စားအုန်း ဆီတွင် ပါဝင်မှု ပိုနည်းနေသည် ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စားအုန်းဆီကို နှစ်ရှည်လများ ပမာဏအတိုင်းအတာ အချိန် အဆမရှိဘဲ စားသောက်နေကြသူများ အနေဖြင့် မိမိတို့၏ သွေးတွင်းကိုလက်စထရော အတိုင်းအတာ နှင့် နှလုံးအခြေအနေတို့ကို စစ်ဆေးထားသင့် သည်။
ကျန်းမာရေးစစ်တမ်း ကောက်ယူချက်များ အရ မြန်မာနိုင်ငံ၏ သေဆုံးမှုအများဆုံး ၁၀ မျိုး တွင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံး မှုအများဆုံးဖြစ်ပြီး သုတေသနတွေ့ရှိချက်များအရ စားအုန်းဆီတွင်ပါဝင်သော ကိုလက်စထရော ပမာဏသည် အခြား ဟင်းသီးဟင်းရွက်ဆီများ အောက် နည်းသော်လည်း ၎င်းတွင် ပြည့်ဝဆီ များ စွာ ပါဝင်နေသောကြောင့် နှလုံးရောဂါ၊ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် သွေးတိုးရောဂါတို့ကို ပိုမို ဖြစ်နိုင်စေကြောင်း လေ့လာသိရှိရသည်။
ကမ္ဘာ့နိုင်ငံများ၏ စားအုန်းဆီရောင်းဝယ် မှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံသည် စုစုပေါင်းစားသုံးဆီသုံးစွဲမှု ၆၃၀ဝ၀ဝ ြွှ ဝန်း ကျင်ရှိခဲ့ပြီး ၎င်း၏ ၉၀ရာခိုင်နှုန်း မှာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းသော စားအုန်း ဆီများဖြစ်ကြောင်း၊ ၂၀ဝ၈ ခုနှစ်အတွင်း စားသုံး ဆီတင်သွင်းမှုအတွက် ဒေါ်လာသန်းပေါင်း ၅၅၀ သုံးစွဲခဲ့ရာ ယင်း၏ ၈၈ ရာခိုင်နှုန်းသည်လည်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီ များဖြစ်ကြောင်း၊ ပြည့်ဝဆီ စားသုံးခြင်း၏ အကျိုး သက်ရောက်မှုအနေဖြင့် ၎င်းနိုင်ငံအတွင်း နှလုံး ရောဂါ (Cardiovascular Disease) ခံစားရသူ များ ပြားလာခဲ့ကြောင်း လေ့လာသိရှိရသည်။
စားအုန်းဆီသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဟင်းချက်ဆီ (Cooking Oil) အုပ်စုတွင်ပါဝင်သော စားသုံးဆီဖြစ်သော်လည်း ကျန်းမာရေး အထောက် အကူပြုစားသုံးဆီ Healthy Oil အုပ်စု ဝင်အဖြစ် ရပ်တည်နိုင်ခြင်း မရှိခဲ့သည်မှာ ၎င်းတွင် ပမာဏ များစွာပါဝင်နေသော ပြည့်ဝဆီကြောင့်ဖြစ်သည်။ ထို့ကြောင့် ၂၀ဝ၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO) နှင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO တို့ကလည်း ပြည့်ဝဆီ အလွန်အကျွံ စား သုံးခြင်းသည် နှလုံးရောဂါခံစားရန် ဖြစ်နိုင်ခြေများ ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆီကိုစား၍ အသားမဖြစ်သော်လည်း နေ့စဉ်လှုပ်ရှား သွားလာမှုများ ပြုလုပ်နိုင်ရန် အတွက် လိုအပ်သောစွမ်းအင်ကို ရရှိနိုင်ရန် စား သုံးဆီကို မစားမဖြစ် စားနေကြရမည်ဖြစ်သည်။ သို့သော်လည်း မိမိတို့၏ ကျန်းမာရေးကို ရှေးရှုပြီး ပြည့်ဝဆီများကို ရှောင်ရှားကြရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း မပြည့်ဝဆီ အများအပြားပါ ဝင်ပြီး ကျန်းမာရေးကို အထောက်အကူပေးနိုင် သော ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကို ရွေး ချယ်ဝယ်ယူကာ အနည်းဆုံးပမာဏ လျှော့ချပြီး စားသောက်နေထိုင် သွားသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ကျမ်းကိုးစာရင်း -
၁။1/ MWD Web Portal, Myawaddy.net.mm
၂။ https://www.jstage.jst.go.jp/Article/ jos/70/12/70
အိအိချော (CTQM)