ကြက်သွန်နီသည် နေ့စဉ်စားသုံးရသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါ သော ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည်။ ကြက် သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် ဒေသစီးပွားဖြစ် အများဆုံး စိုက် ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးရာတွင် ဥစားကြက် သွန်နီကိုယူ၍ စိုက်ပျိုးခြင်း၊ အမြိတ်စား ကြက် သွန်နီကိုယူ၍ စိုက်ပျိုးခြင်း၊ အစေ့ပက် မျိုးဥကိုယူ ၍ စိုက်ပျိုးခြင်း၊ ဥစိုက် ကြက်သွန်နီမျိုးစေ့ကိုယူ၍ စိုက်ပျိုးခြင်းများကို ရာသီအလိုက် စနစ်တကျ စိုက် ပျိုးကြသည်။ အရည်အသွေးကောင်းပြီး အထားခံ သော ပိတောကြွ်ဗန်မျိုးကို အများဆုံး စိုက်ပျိုးကြ သည်။ ကြက်သွန်နီ မျိုးစေ့များမှ ပျိုးထောင်ပြီး ပျိုးပင်များကို စိုက်ပျိုးကာ ထွက်ရှိသော ကြက်သွန် နီများသည် နောင်လာမည့်ရာသီ ကြက်သွန်ပေါ် ချိန်အထိ သိုလှောင်အထားခံသဖြင့် ကြက်သွန် နီ(ပင်စိုက်) စိုက်ပျိုးမှုများ၍ ကြက်သွန်နီမျိုးစေ့ (အနှံယူ) စိုက်ပျိုးမှုကို ဒေသခံ တောင်သူများ စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။
ကြက်သွန်နီ အနှံယူစနစ်ဖြင့် စိုက်ပျိုးခြင်း
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ကျွဲရဲ ကျေးရွာတွင် ကြက်သွန်နီမျိုးစေ့(အနှံယူ)စနစ်ဖြင့် စိုက်ပျိုးမှုကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ (အနှံယူ)စိုက်ပျိုးမှုမှာ စိုက်ဧကနည်းပြီး တစ်ပိုင် တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် များက စိုက်ဧကနည်းပါးသော်လည်း ယခုနှစ်တွင် ကျွဲရဲကျေးရွာတွင် မျိုးစေ့(အနှံယူ)စိုက်တောင်သူ ၁၀ဝ၀ ဦးခန့်ရှိပြီး စိုက်ဧက ၃၀ဝ-၄၀ဝ ခန့်စိုက်ပျိုး ထားရှိကြောင်း၊ ဈေးကွက်ခိုင်မာ၍ မျိုးစေ့ယူစိုက် ခင်းများ များပြား လာခြင်းဖြစ်ကြောင်း သိရသည်။ ကြက်သွန်နီ (မျိုးစေ့)အနှံယူ စိုက်ပျိုးရာတွင် မျိုး စေ့အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်စေ ရန်အတွက် မျိုးကောင်းမျိုးသန့် ကြက်သွန်နီ(ဥ)ကို ရွေးချယ်စိုက်ပျိုးရကြောင်း၊ ကြက်သွန်နီသည် အပူအအေး သင့်တင့်မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်၍ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုး ပြီး ဧပြီလတွင် ပွင့်နှံခူး၍ မျိုးစေ့ရရှိကြောင်း သိရ သည်။
မျိုးစေ့ဈေးနှုန်းဈေးကွက်
ကြက်သွန်နီပင်စိုက်များ စိုက်ပျိုးချိန်တွင် ပျိုးခုံများပြုလုပ်ရန် ပြင်ဆင်ကြပြီး ကြက်သွန်နီ မျိုးစေ့များလည်း ဒေသတွင်း လှိုင်လှိုင်အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ပိတောကြွ်ဗန် ကြက် သွန်နီမျိုးစေ့ တစ်ပြည်လျှင် ဒေသပေါက်ဈေး ကျပ်နှစ်သိန်းခန့်၊ မျိုးစေ့တစ်တင်းလျှင် ကျပ် ၃၂ သိန်းခန့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် မျိုးစေ့ရောင်းချချိန်တွင် တစ်ပြည်လျှင် ကျပ် ၁၅၀ဝ၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း၊ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ဝယ်လိုအားအပေါ် မူတည်ပြီး မျိုးစေ့ဈေးကွက်မှာ လည်း ပြောင်းလဲမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက် ခိုင်မာမှုရှိ၍ ယခုအချိန်အတွင် မျိုးစေ့ဈေးနှုန်းများ လည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
တစ်ဧက ကုန်ကျစရိတ် ဝင်ငွေနှင့် အကျိုးအမြတ်ရရှိမှု
ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့ (အနှံယူ)စနစ်ဖြင့် စိုက်ပျိုးလျှင် စိုက်ပျိုးချိန်မှစ၍ ရိတ် သိမ်းချိန်ထိ ကုန်ကျစရိတ်မှာ ကြက်သွန်နီမျိုးစေ့ (အနှံယူ)တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့လေးပြည် ကုန်ကျပြီး တစ်ပြည်လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်ရှစ်သိန်း၊ မြေဆီတစ်လုံးလျှင် ကျပ် ၁၅၀ဝ၀ဝ နှုန်းနှင့် ကျပ်သုံးသိန်း ကုန်ကျကြောင်း၊ မြေပြုပြင် ခ၊ သွင်းအားစု အမျိုးမျိုး ဝယ်ယူခ၊ အလုပ်သမား ငှားရမ်းခနှင့် ရေသွင်းခြင်းနှင့်ဓာတ်ဆီဖိုး သုံးသိန်း ကျပ် ကုန်ကျခဲ့ပြီး ကြက်သွန်ပေါ်ချိန်တွင် စိုက်ခင်း မှ ဂိုဒေါင်အရောက် ငှားရမ်းခ ၆၀ ဦးအား ကျပ် သိန်း ၂၀ ဝန်းကျင်ခန့်နှင့် ငှားရမ်းပြီး တစ်ဧက ဝင်ငွေမှာ ကျပ် ၈၂ ကျပ်သိန်းခန့်ရရှိ၍ ကျပ် ၆၂ သိန်းကျော် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ် တွင် ကြက်သွန်နီမျိုးစေ့(အနှံယူ) စိုက်တောင်သူ များ အကျိုးအမြတ် များစွာရရှိကြပြီး မြေငှား စိုက်ပျိုးလျှင် ကျပ် ၁၀ သိန်းပေး၍ စိုက်ပျိုးရ ကြောင်း သိရသည်။
ကြက်သွန်နီ ဈေးနှုန်းဈေးကွက်
ဈေးနှုန်းဈေးကွက်အနေဖြင့် အနှံယူ ကြက် သွန်နီ တစ်ဧက စိုက်ပျိုးလျှင် ပိဿာ ၅၅၀ဝ ဝန်း ကျင်ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ဒေသပေါက် ဈေး ကျပ် ၁၅၀ဝ မှ ကျပ် ၃၀ဝ၀ နှုန်း ရရှိကြောင်း သိရသည်။ လက်ကားဈေးမှာ ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ/ ၂၀ဝ၀/၂၅၀ဝ ဖြင့် ရောင်းချရပြီး လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည်အသွေးကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကြက်သွန်နီ(မျိုးစေ့)ထုတ်ယူ ထိန်းသိမ်းပုံအဆင့်ဆင့်
အရည်အသွေးပြည့်ဝသော ကြက်သွန်နီမျိုး စေ့များရရှိရန်အတွက် ပန်းပွင့်ခိုင်ချိုးပြီး အခြောက် ခံခြင်းနှင့် ထားသိုသိမ်းဆည်းခြင်းမှာ အဓိကဖြစ် သည်။ ပွင့်ခိုင်များ ခူးပြီးလျှင် ပီနှံအိတ်ဖြင့်ထည့်၍ လေလုံအောင်ထုပ်ပိုးပြီး အရိပ်အောက်တွင် သုံး ရက်ခန့် ထားရှိရပြီး မိုးကာပေါ်တွင် ပွင့်နှံများ ဖြန့် ခင်းပြီး ငါးရက်ခန့် နေလှန်းရသည်။ ပန်းပွင့်ခိုင်များ အစိုဓာတ်ကင်းပြီး ခြောက်လျှင် ကျွမ်းကျင် အလုပ် သမားငှားရမ်းပြီး မျိုးစေ့များ အလေအလွင့်မရှိ စေရန် လက်ဖြင့် ညင်သာစွာ ပွင့်ဖတ်ကို ြွေခပြီး ရိုးတန် အသေးလေးများကို တုတ်ဖြင့် ညင်သာစွာ ရိုက်ပုတ်ရသည်။ ရရှိသော မျိုးစေ့များကို အရိပ် တွင် သုံးရက်ခန့်နေလှန်းပြီး သိမ်းရသည်။ သိမ်း ဆည်းရာတွင် မျိုးစေ့များသည် လေထဲမှ အစိုဓာတ် များကို စုပ်ယူ နိုင်ခြင်းကြောင့် လေလုံသော အိတ် များ၊ ပလတ်စတစ်ဘူး၊ သံပုံးများဖြင့် သိမ်းဆည်း ရကြောင်း သိရသည်။ လေဝင်ပြီး အစိုဓာတ်ရရှိပါ က မျိုးစေ့များ စိုက်ပျိုးချိန်တွင် အပင်ပေါက် မစုံ လင်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ဆိပ်ဖြူမြို့ နယ်အတွင်းရှိ ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ အောက်ဆိပ်၊ ကူရှည်၊ ရွာမ၊ ရွာသာအေးအုပ်စုနှင့် အခြားနီးစပ်ရာ ကျေး ရွာများတွင် နှစ်စဉ်ကြက်သွန်နီဥစိုက်၊ ပင်စိုက် အပြင် မျိုးစေ့အနှံယူစိုက်ခင်းများကိုလည်း တစ် ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအပြင် ဒေသစီးပွားဖြစ် လည်း စိုက်ပျိုးကြသည်။ ယခင်နှစ်များက မျိုးစေ့ ယူစိုက်ခင်းများကို တောင်သူများအနေဖြင့် မိမိ စိုက်ခင်းတွင် စိုက်ပျိုးရန် မျိုးအဖြစ်သာ စိုက်ပျိုးမှု များပြီး ယခုအခါတွင် ကြက်သွန်နီ ဈေးကွက်ခိုင်မာ မှုရှိ၍ တောင်သူများမှ ကြက်သွန်နီသီးနှံသည် အကျိုးအမြတ်များစွာရရှိသည့် သီးနှံဖြစ်သော ကြောင့်မျိုးစေ့ယူ စိုက်ခင်းများကိုလည်း တိုးချဲ့စိုက် ပျိုးလာကြောင်း သိရသည်။
ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်တွင် ကြက်သွန်နီ မျိုးစေ့ အနှံယူစိုက်ဧက ၇၀ ခန့် စိုက်ပျိုးထားရှိ ကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်း ကျွန်းမြေမာများတွင် စိုက်ပျိုးကြောင်း၊ မျိုးစေ့ အရည်အသွေးနှင့် မျိုးကောင်းမျိုးသန့် ကြက် သွန်နီကို စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်း တွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလကုန် မတ်လ တွင် ပွင့်နှံများဆွတ်ခူးပြီး အပြီးရိတ်သိမ်းကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ အရွယ်အစား လိုက်၍ ပိဿာချိန် ၃၅၀-၄၀ဝ ထိစိုက်ပျိုးရပြီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဈေးဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ အထွက်တင်း(၄-၅)တင်းထွက် ရှိပြီး ကုန်ကျစရိတ်မှာ ကျပ်သိန်း ၄၀ ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ် ကြက်သွန်နီမျိုးစေ့ ရောင်းချ ချိန် ဈေးကွက်ကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ကြက်သွန်နီမျိုးစေ့များကို တောင်သူများမှ ရောင်းချရာတွင် မျိုးစေ့တစ်ပြည် လျှင် ၂၀၂၂ ခုနှစ်တွင် ကျပ် ၂၅၀ဝ၀-၃၀ဝ၀ဝ၊ ၂၀၂၃ ခုနှစ်တွင် ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ၊ ၂၀၂၄ ခုနှစ် တွင် ကျပ် ၁၀ဝ၀ဝ၀-၁၃၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ် ကြက် သွန်နီမျိုးစေ့ ရောင်းချချိန်တွင် ကြက်သွန်နီဈေး ကွက် ပြည်ပဝယ်လိုအား ကောင်းခြင်းကြောင့် ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ် ၂၅၀ဝ-၃၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ကြက်သွန်နီမျိုး စေ့ ဈေးကွက်မှာလည်း စံချိန်တင်သည်အထိ ဈေး အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၉၀ ခန့် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စိုက်တောင်သူ များမှ ထွက်ရှိသော မျိုးစေ့များ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ခိုင်မာပြီး မျိုးစေ့ဈေးနှုန်း ကောင်းမွန်ပါက ယခင်နှစ်ကဲ့သို့ အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော ကြက်သွန်နီမျိုးစေ့များကို ဒေသတွင်း ရောင်းချမှု အပြင် ပွင့်ဖြူ၊ စလင်း၊ တညောင်၊ တောင်တွင်းကြီး၊ ချောက်မြို့နယ်အတွင်းရှိ စိုက်တောင်သူများမှ လာရောက်ဝယ်ယူကြောင်း ဒေသခံ တောင်သူများ ထံမှ သိရသည်။
ကြက်သွန်နီသီးနှံသည် ပြည်တွင်းစားသုံးမှု အပြင် ပြည်ပဝယ်လိုအား ဈေးကွက်ကောင်းမွန် ခြင်းကြောင့် စိုက်တောင်သူများအတွက် အကျိုး အမြတ်ရရှိသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက် သွန်နီဈေးကွက် ခိုင်မာခြင်းကြောင့် မျိုးစေ့အနှံယူ စိုက်တောင်သူများမှာလည်း ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာ ရရှိခြင်းကြောင့် နှစ်စဉ် မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (မုံရွာ၊ မြင့်မြင့်သန်း (ပခုက္ကူ)