Main menu

Background

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရည်မှန်းချက်

Wed, 04/09/2025 - 11:05 -- journal_editor

အရှေ့တောင်အာရှ နိုင်ငံများအနက် ခရီး သွားလုပ်ငန်း အဖွံ့ဖြိုးဆုံးဖြစ်သည့် ထိုင်းနိုင်ငံသည် ယခု ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ရည်မှန်း ချက်ကို ကြီးကြီးမားမားထားရှိကာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိနေသည်။ 
ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ခရီးသွားဧည့် သည် ၃၉ သန်း ဝင်ရောက်ရန် မျှော်မှန်းထားသည်။ အဆိုပါပန်းတိုင်ဆီသို့ ရောက်ရှိရေးအတွက် ခရီး သွားများ ဘေးကင်းရေးနှင့် ကြောက်ရွံ့မှုကင်းရေး က လွန်စွာ အရေးပါနေသည်။ အဘယ်ကြောင့် ဆိုသော် ထိုင်း-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်း တွင် ဖြစ်ပေါ်ခဲ့သည့် ကျားဖြန့်လုပ်ငန်းက ထိုင်း နိုင်ငံမှအစပြုသည့် လူကုန်ကူးမှုများကြောင့် ထိုင်း ခရီးသွားလုပ်ငန်းကို များစွာ အဟန့်အတားဖြစ် ပေါ်စေခဲ့သည်။
ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် နိုင်ငံ၏ လုံခြုံရေးအပေါ်  ယုံကြည်မှုကင်းမဲ့ခြင်းသည် ထိုင်းနိုင်ငံအတွက် များစွာ နစ်နာခဲ့ရသည်။ ယင်း ကို  ပြန်လည်ကုစားနိုင်ရေးအတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းတာဝန်ရှိသူများ က ခရီးသွားများအတွက် အာမခံချက် ပေးထားမှု နှင့်အတူ ဝန်ကြီးချုပ်ကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ခရီးသွားများ ဝင်ရောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ 
ယခုနှစ်အတွင်း  ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှု ၃၉ သန်းကို မရောက်ရှိစေ ရန် ကျားဖြန့်လုပ်ငန်းက တားဆီးသလို ဖြစ်ခဲ့ရ သည်။ ထိုင်းခရီးသွားအေးဂျင့်များအသင်း (ATTA)  မှ ဥက္ကဋ္ဌဖြစ်သူSisdivachr Cheewarattanaporn  က ယခုနှစ်တွင် နိုင်ငံခြားဧည့်သည် ၃၇ သန်းထက် ပိုနိုင်ကြောင်း မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 
ထိုင်းနိုင်ငံသည် နိုင်ငံခြားဧည့်သည်များကို ဆွဲဆောင်ရန်  ၎င်းတို့၏ ခရီးသွားလုပ်ငန်းကို အပြင်းအထန် မြှင့်တင်နေသည်။ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများနှင့် ပြိုင်ဆိုင်နေရချိန်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးပန်းတိုင်ကို အပျက် သဘောဆောင်သည့်  အကြောင်းရင်းများစွာက ဟန့်တားသလို ဖြစ်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။ 
"ဂျပန်နိုင်ငံကို တရုတ်နိုင်ငံသားတွေ ဝင် ရောက်မှုဟာ လူပေါင်း ၆ ဒသမ ၉၈ သန်း ရှိခဲ့ချိန် မှာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူက ၆ ဒသမ ၇ သန်းသာ ရှိခဲ့တာကြောင့် ဂျပန်က ကျွန် တော်တို့ ထိုင်းနိုင်ငံကို ကျော်တက်ခဲ့ပါတယ်"ဟု ထိုင်းခရီးသွား အေးဂျင့်များအသင်း (ATTA) မှ ဥက္ကဋ္ဌဖြစ်သူSisdivachr Cheewarattanaporn က ပြောသည်။ 
ဗွှွှဗက ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ခုနစ်သန်း ရောက်ရှိ မည်ဟု ခန့်မှန်းထားပြီး  ကိုဗစ်(၁၉)ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် စံချိန်တင်အဖြစ် ၁၁ ဒသမ ၁၃ သန်းကျော် ဝင်ရောက်ခဲ့ဖူးသည်ဟု ပြောသည်။  တရုတ်အစိုးရသည် ၎င်း၏နိုင်ငံသား များအား ပြည်တွင်းခရီးသွားလာရန် တိုက်တွန်းနေ ချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် ကုန်သွယ်ရေးစစ်ပွဲအသစ် ဖြစ်နိုင်ခြေတို့ကိုလည်း ၎င်းတို့က စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုထားသည်။
ထိုင်းနိုင်ငံ၏  ဘေးကင်းရေးနှင့် လုံခြုံရေး အတွက် ဧည့်သည်များ၏ ယုံကြည်မှုကို ပြန်လည် ရရှိရန် အစိုးရက ဦးစားပေးလုပ်ဆောင်ရမည်ဟု ှငျိငလခေ့မ က ပြောကြားခဲ့သည်။ နိုင်ငံတော် အတွင်း ခရီးသွားလာသူအားလုံး အဆင်ပြေချော မွေ့စေရန်အတွက် တရားဥပဒေစိုးမိုးရေးသည် ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်းဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းအစိုးရသည်   ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထိုင်းဘတ် ၃ ဒသမ ၄ ထရီလီယံ   (အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ ဘီလီယံ) ဖြင့် နိုင်ငံတကာ ခရီးသွား သန်း ၄၀ ကို ဆွဲဆောင်နိုင်ရန် ကြီးမားသော ခရီးသွား မဟာဗျူဟာကို ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
]]Amazing Thailand Grand Tourism Year 2025}}လှုပ်ရှားမှု၏  တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် အစိုးရ သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ရည်ရွယ်ချက် မှာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ စုစုပေါင်း ဘတ် ၃  ဒသမ ၄ ထရီလီယံ  (အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ ဘီလီယံ) နှင့် ညီမျှသော ခရီးသွားလုပ်ငန်း ဝင်ငွေ ၇ ဒသမ ၅ရာခိုင်နှုန်း တိုးမြင့်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း စွမ်းဆောင် ရည်မှာ ယခုနှစ်သည် ၂၀၂၄ ခုနှစ်ထက် သိသိ သာသာ တိုးတက်လာမည်ဟု မျှော်လင့်ရသည်။ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရ  ခရီးသွားလုပ်ငန်းသည် ၂၀၂၄ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၆ ထရီ လီယံခန့် ရရှိပြီး  ယခုနှစ်တွင်မူ ၂၅ ရာခိုင်နှုန်းခန့် တိုးလာမည်ဟုဆိုသည်။ ပြည်တွင်းခရီးသွားများ ၇ ဒသမ ဝ၆ ရာခိုင်နှုန်း တိုးလာမှုကြောင့် ပြည်တွင်း ခရီးသွား ၃၅ ဒသမ ၃၂သန်း  (၂၆ ဒသမ ၇၇ ရာခိုင်နှုန်း) နှင့် ပြည်တွင်းခရီးသွားကဏ္ဍမှ ဝင်ငွေ ဘတ် ၉၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံ) ရာခိုင်နှုန်းအားဖြင့် ၁၁ ဒသမ ၆၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။  သို့သော်လည်း ယင်းမှာ အစိုးရ၏ ရည်မှန်းချက်ကို ပြည့်မီခြင်း မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့ သော နှစ်သစ်အခမ်းအနားများသည် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများ အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေး လုပ်ငန်းများတွင် ဘတ်ငွေ ၆၂ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ)  ကျော်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ခဲ့ကြောင်း     ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့   အုပ်ချုပ်ရေးမှူ Thapanee Kiatphaiboon  က ပြောသည်။
အဆိုပါပွဲများသည် ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၁ ဒသမ ၅၆ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ၁၆ ရာခိုင်နှုန်း    တိုးလာကာ ဝင်ငွေ ဘတ် ၄၅ ဘီလီယံ ရရှိခဲ့ခြင်းကြောင့် ၂၀ ရာခိုင်နှုန်း တိုးခဲ့ သည်။
Source; Nation Thailand, Khaosod English

စိုင်းဗညား