Main menu

Background

ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်

Mon, 05/05/2025 - 10:15 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရေမြေသဘာဝရာသီ ဥတုပေါ်မူတည်၍ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရန် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ လယ်ယာကိုင်းကျွန်းသီးနှံ၊ သစ်သီးဝလံမျိုးစုံ ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်း ရွက်မျိုးစုံ၊  စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ် တောထွက်ပစ္စည်းများ အမယ်များစွာ စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ 
ဧရာဝတီတိုင်းအတွင်း ပြည်တွင်း၊ ပြည်ပဈေး ကွက်ဝင် သီဟိုဠ်ကိုလည်း စိုက်ပျိုးလျက်ရှိရာ သီဟိုဠ် ကို မူရင်းဒေသ တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင်  စတင်စိုက်ပျိုး၍ အိန္ဒိယနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ ပျံ့နှံ့ စိုက်ပျိုးခဲ့သည်၊ မြန်မာ နိုင်ငံအတွင်းသို့ သီဟိုဠ်ကျွန်းမှ ဝင်ရောက်လာပြီး ၁၉၈၈ ခုနှစ်မတိုင်မီ အနည်းအကျဉ်းသာ စိုက်ပျိုးခဲ့ သော်လည်း  ၎င်းနောက်ပိုင်း  ကာလများတွင် ရခိုင် ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများတွင်လည်း ရေ၊ မြေရာသီဥတုနှင့် ကိုက် ညီမှုရှိ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက် ဧက ၆၆၅၂၉ ဧက ရှိပြီး အထွက်နှုန်း ပိဿာ ၁၀ဝ၀ဝ၀ ဝန်းကျင်    အထွက်နှုန်းအနေဖြင့်   တစ်ဧကလျှင် ၁၅၅၆၇၇၈၆ ပိဿာခန့်ထွက်ရှိကြောင်း သိရသည်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက် ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးပတ်မှစတင် ၍  ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လတွင်  သီဟိုဠ်လှိုင်လှိုင်ပေါ်ပြီ ဖြစ်သည်။ သီဟိုဠ်ရာသီမှာ မိုး မရွာမီအချိန်အထိ  ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်၍ မေ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံး သွားပြီဖြစ်သည်။ 
ယခင်နှစ်က သီဟိုဠ်ကုန်ကြမ်း တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဈေးရှိပြီး ယခုနှစ်တွင် သီဟိုဠ် တစ်ပိဿာ ကို ကျပ် ၇၀ဝ၀-၇၂၀ဝ ဈေးရရှိသည့်အတွက် ယခင် နှစ်ထက် တစ်ပိဿာကို ကျပ် ၂၀ဝ၀-၂၂၀ဝ ဈေးပိုမို ရရှိပြီး သီဟိုဠ်တောင်သူများ  တွက်ခြေကိုက်လျက်ရှိ ကြောင်း ပုသိမ်မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်မှ သိရ သည်၊ တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပဈေး ကွက်ဝင် နှစ်ရှည်သီးနှံသီဟိုဠ်ကို ပုသိမ်ခရိုင်၊ ဟင်္သာတ ခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် အများဆုံးစိုက်ပျိုးလျက် ရှိပြီး လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုး ကြောင်း   သိရသည်၊    ပုသိမ်မြို့နယ်နှင့်  သာပေါင်း မြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့ကြီး၍ ရေကြည်မြို့ နယ် ထွက်သီဟိုဠ်မှာ အလယ်အလတ်ရှိသည်။ 
မြောင်းမြ မြို့နယ်ထွက် သီဟိုဠ်စေ့မှာ  အစေ့ သေးသော်လည်း အထွက်နှုန်းပို၍   ကောင်းမွန်သည်။  သီဟိုဠ်သည် စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ရသည်အထိ ငါးနှစ်စိုက်ပျိုးရပြီး အပင်သက်တမ်း နှစ်(၆၀)ရှိသဖြင့် ရေရှည်အကျိုးအမြတ်ရရှိသည့် နှစ်ရှည်သီးနှံအမျိုး အစားဖြစ်သည်။ သီဟိုဠ် ခူးဆွတ်ခြင်းကို ဖေဖော် ဝါရီလမှ စတင်ခူးဆွတ်၍  မေလမိုးမရွာမီအထိ  ဈေး ကွက်တွင် အရောင်းအဝယ်ဖြစ်၍ မိုးထိလျှင် သီဟိုဠ် စေ့မှာ မူလအရောင်ပျက်ကာ မည်းသွားပြီး ဈေးကွက် တွင်လည်း အရောင်းအဝယ်မဖြစ်တော့ကြောင်း သိရ သည်။
သီဟိုဠ်ပေါ်ချိန် ပုသိမ်မြို့တွင် အဝယ်ဒိုင် ၁၀ ဒိုင်ခန့်၊ သာပေါင်းမြို့ပေါ်တွင် သုံးဒိုင်ခန့်၊ မြောင်းမြမြို့ ပေါ် တွင် အဝယ်ဒိုင် နှစ်ဒိုင်နှင့် ရေကြည်မြို့ပေါ်တွင် အဝယ်ဒိုင် နှစ်ဒိုင်ဖြင့် ဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိ သော သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန်မြို့သို့ အဓိက တင်ပို့သည်။ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင် သီဟိုဠ် စေ့ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပ ဈေးကွက်အဖြစ် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချ လျက် ရှိကြောင်း သိရသည်။ 
သီဟိုဠ်စေ့ကို တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ချောကလက်၊ ရေခဲမုန့်၊ ထိုးမုန့်၊ ကိတ်မုန့်အမျိုးမျိုး၊ မုန့်မျိုးစုံ၊ ယိုမျိုးစုံ၊  ဒန်ပေါက်နှင့် ဟိုတယ်စာအဖြစ်နှင့် မုန့်အမျိုးမျိုးတို့တွင် ပါဝင်အသုံးပြုလျက်ရှိပြီး သီဟိုဠ် စေ့တွင် ဠငအောငညန-န ပါဝင်သဖြင့် ပြည်ပနိုင်ငံများတွင် ဆံပင်၊ အသားအရေလှပသည့် မိတ်ကပ်အကူ ပစ္စည်း ခေါင်းလိမ်းဆီ ထုတ်လုပ်ရာနှင့် အိန္ဒိယနိုင်ငံတွင် သီဟိုဠ် စေ့အခွံကို သင်္ဘောဆေးလုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် အသုံး ပြုလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက် ပျိုးသော ဧကများစွာရှိပြီး  ဆက်စပ်နေရာများတွင် စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများ ရှိနေခြင်း၊ နေရာမရွေး စိုက်ပျိုးနိုင်ပြီး  အထွက်နှုန်း သင့်တင့် ကောင်းမွန်၍ ပြည်တွင်း/ပြည်ပဈေးကွက်  ဝယ်လို အားရှိသည့်အပြင် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် တိုးမြင့်ထုတ်လုပ်၍ ပုဂ္ဂလိ ကကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ် သည်။ 
ထို့အပြင်  ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုး တက်မှုမှ ပို့ကုန်ကဏ္ဍတိုးမြှင့်  တင်ပို့နိုင်ရန်အတွက် တိုင်းသီဟိုဠ်အသင်းကို ဖွဲ့စည်းပြီး ဧရာဝတီတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတစ်ဆင့်  ရန်ကုန်မြို့ရှိ   ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ့ငြ်္ဃဃှု နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။ 
ထို့ကြောင့်  ဥညန ဠငေါူန ဥညန ဏမသိကခအ ကဲ့သို့ ပို့ကုန်အမယ်သစ်အဖြစ် ပြည်ပဈေးကွက် ပိုမိုထိုး ဖောက်နိုင်ရန်  တိုင်းဒေသကြီး သီဟိုဠ်လုပ်ငန်းရှင် များအသင်း သီဟိုဠ်စိုက်တောင်သူများ၊ ဒေသအာဏာ ပိုင်  သက်ဆိုင်ရာ ဌာနဆိုင်ရာများ   ပါဝင်၍ သီဟိုဠ် ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင် ရန် အားလုံးဝိုင်းဝန်းပါဝင်ကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်၊
မင်းမင်းဦး (ပသ)