နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုရရှိစေရန်အတွက် အဓိကအားဖြင့် နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား တိုးတက် မြင့်မားမှုရှိရန် လိုအပ်သည်။ နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းအား မြင့် မားလာစေရေးအတွက် နိုင်ငံတော်တွင် လူသားအရင်းအမြစ်များ အား ခေတ်မီနည်းပညာများကို အသုံးပြုနိုင်အောင် လေ့ကျင့်မွေး ထုတ်ပေးပြီး ခေတ်မီနည်းပညာများကို အသုံးပြုရန် လိုအပ်သည်။ ယနေ့ခေတ် ခေတ်မီနည်းပညာများတွင် Digital နည်းပညာသည် အချက်အလက်(Data) မြောက်မြားစွာကို တိကျမှန်ကန်မြန်ဆန် အောင် တွက်ချက်ဆောင်ရွက်ပေးပြီး၊ တိကျမှန်ကန်သောလုပ်ဆောင် မှုများကို ဆောင်ရွက်စေခိုင်းနိုင်သည့် နည်းပညာဖြစ်သည်။
Programming Technology (ပရိုဂရမ် ရေးသားနည်း နည်း ပညာ)၊ Artificial Intelligence (AI)နည်းပညာ၊Internet of Thing (IoT) နည်းပညာ၊ Embedded Technology Database Technology ၊Data Communication and Network Technology စသောInformation and Communication Technology (ICT) နည်း ပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူIndustry 4.0 version ဖွံ့ဖြိုးမှုဖြင့် နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေရန် ဆောင်ရွက်နေသည်ကို ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ အနှံ့အပြားတွင် တွေ့မြင်ရမည်ဖြစ်ပေသည်။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော် ၏ လူသားအရင်းအမြစ်များသည်Digitalနည်းပညာများကို အသုံး ပြုတတ်ရန် လိုအပ်သည်။ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးရာ နေရာများဖြစ်သည့် တက္ကသိုလ်များ၊ ကောလိပ် များ၊ သိပ္ပံများ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံပညာ ကျောင်းများတွင် Digital နည်းပညာသုံး ခေတ်မီသင်ထောက်ကူ ပစ္စည်းများ Software & Hardware Tools)ကို အသုံးပြု၍ မိမိတို့ မွေးထုတ်ပေးရသော လူ့စွမ်းအားအရင်းအမြစ်များကို မိမိတို့နှင့် သက်ဆိုင်သော ဘာသာရပ်နယ်ပယ်အသီးသီးတွင် စာတွေ့ လက် တွေ့ ကျွမ်းကျင်မှုရှိစေပြီးIndustry 4.0 ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေအောင် လေ့ကျင့်မွေးထုတ် ပြုစုပျိုးထောင်ပေးရန် လိုအပ် သည်။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောIndustry 4.0 ဖွံ့ဖြိုး မှုကို အထောက်အကူဖြစ်စေမည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိသောကြောင့် နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်း အားကို တိုးတက်မြင့်မားစေမည်ဖြစ်သည်။ နိုင်ငံတော်သည် စိုက် ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သဖြင့် အဓိကစီးပွားရေးကဏ္ဍမှာ လယ်ယာကဏ္ဍဖြစ်ပြီး စားနပ်ရိက္ခာဖူလြွုံကယ်ဝရေးအတွက် သားငါး ကဏ္ဍသည်လည်း အရေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် စက်မှုလယ်ယာမှdigital နည်းပညာ၊ ဗကအသာအေငသည နည်း ပညာနှင့် ဗှု နည်းပညာအသုံးပြုသော ှာမေအ င်္မောငညါ စနစ်သို့ အသွင်ကူးပြောင်း လုပ်ဆောင်နေကြပြီး၊ သားငါးမွေးမြူရေးလုပ်ငန်း များတွင်လည်းIoT နည်းပညာ၊Automation နည်းပညာနှင့် AI နည်းပညာများကို အသုံးပြုနေသည့်Industry 4.0ခေတ်သို့ ရောက်ရှိ နေပြီဖြစ်သည်။
ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လယ်ယာနှင့်သားငါးကဏ္ဍများ၌IoT နည်းပညာ၊ Automation နည်းပညာနှင့် AI နည်းပညာ များကို အသုံးပြုကာ လိုအပ်သော သတင်းအချက်အလက်များကို သိပ္ပံနည်းကျData Analysis ဆောင်ရွက်နိုင်မှုကြောင့် လယ်ယာနှင့် သားငါးကဏ္ဍတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု Sustainable Development)ကို ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေကာ စားနပ်ရိက္ခာ ဖူလုံပြီး၊ ပြည်ပသို့ ပို့ကုန်များ တင်ပို့ရောင်းချနိုင်ခြင်းကြောင့် စီးပွား ရေးတိုးတက်ဖွံ့ဖြိုးမှုကို ရရှိနေကြပြီးဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လယ်ယာနှင့် သားငါးကဏ္ဍများတွင်IoT နည်းပညာ၊ Automation နည်းပညာနှင့် AI နည်းပညာများကို အသုံးပြုနိုင်အောင် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးပြီး ခေတ်မီနည်းပညာ များ အသုံးပြုနိုင်အောင် ဆောင်ရွက်မှသာ လယ်ယာနှင့်သားငါးကဏ္ဍတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု (Sustainable Development) ဖြစ် အောင် ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအား ကို တိုးတက်မြင့်မားစေမည်ဖြစ်သည်။ ယနေ့ခေတ်တွင် Computer Numerical Control (CNC) Machine များအသုံးပြုခြင်းဖြင့် လူသား များသည် Computer-aided Design များကို မိမိနှစ်သက်သလို တိကျ စွာ ဖန်တီးနိုင်ပြီး ထုတ်ကုန်၏ အရည်အသွေးကောင်းများကို အချိန် တိုအတွင်း အရေအတွက် များစွာကို မြန်ဆန်စွာထုတ်လုပ်နိုင်သဖြင့်Non-Computerized Machineများထက် ထုတ်လုပ်မှုစွမ်းအား မြင့် မားစွာ ထုတ်လုပ်နိုင်သည့်အပြင် တန်ဖိုးမြင့်ထုတ်ကုန်များ (Value-added Product)) ကို ထုတ်လုပ်နိုင်ကြောင်း တွေ့ရပေမည်။MSME လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေးကောင်းများကို ဈေးနှုန်း သက်သာစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီး ပြည်တွင်း စားသုံးသူများက လည်း လူကြိုက် များ၍ အသုံးပြုလာခြင်းကြောင့် ပြည်ပမှ သွင်းကုန် အစားထိုးမှုကို လုပ်ဆောင်နိုင်ပြီး ပြည်တွင်းစားသုံးမှု ပိုလျှံလာပါက ထုတ်ကုန်များကို ပြည်ပသို့ ရောင်းချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော် အတွက် ပို့ကုန်အမယ်များ ပိုမိုရရှိကာ ပို့ကုန်တင်ပို့မှုနှုန်း မြင့်မားလာ မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ဖြစ်စေမည် ဖြစ်သည်။
ဘဏ်လုပ်ငန်းများ၌Internet Banking Mobile Banking များ ဖွံ့ဖြိုးလာသည့်အချိန်မှစတင်၍Internet ပေါ်တွင် ကုန်စည်နှင့် ဝန် ဆောင်မှုများ ရောင်းဝယ်ခြင်းနှင့် ငွေပေးငွေယူ လုပ်ဆောင်သည့်Software Platform တစ်ရပ်ဖြစ်သည့် E-commerce Platform ဖွံ့ဖြိုး လာခဲ့သည်။ E-commerce Platform ဖွံ့ဖြိုးလာခဲ့မှုကြောင့်Website နှင့်Mobile Apps များမှတစ်ဆင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ စား သုံးသူလက်ထဲသို့ တိုက်ရိုက်ရောင်းချသည့် Online Shoppingများ ဖွံ့ဖြိုးလာခဲ့သည်။ Online Shopping များ ဖွံ့ဖြိုးလာမှုကြောင့် စားသုံး သူများသည် မိမိလိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မူများကို လျင် မြန်စွာရှာဖွေဝယ်ယူနိုင်သလို ထုတ်လုပ်သူများကလည်း မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို Online မှတစ်ဆင့်Digital Marketing ပြုလုပ်၍ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်သဖြင့်E-commerce Platform များ အသုံးပြုခြင်းသည် ပို့ကုန်တင်ပို့မှုနှုန်းမြင့်မားလာကာ နိုင်ငံတော်၏ စီးပွားရေးကို များစွာအထောက်အကူပြုသည်။
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ကဏ္ဍအသီးသီးတွင် ကောင်းမွန်မှန်ကန်သော ဖွံ့ဖြိုးမှုစီမံကိန်းများ၊ မူဝါဒများရှိရန် လိုအပ်သည်။ ကောင်းမွန်မှန်ကန်သော ဖွံ့ဖြိုးမှု စီမံ ကိန်းများ၊ မူဝါဒများ ချမှတ်နိုင်ရန်အတွက် တိကျမှန်ကန်ပြီး အရည် အသွေးကောင်းမွန်သော အချက်အလက်Data)များရှိရန် လိုအပ် သည်။ တိကျမှန်ကန်သော အရည်အသွေး ပြည့်ဝသော အချက်အလက် များရရှိပြီး ၎င်းအချက်အလက်များကိုအခြေခံ၍ Programming Technology အား အသုံးပြုပြီး လိုအပ်သော သိပ္ပံနည်းကျတွက်ချက်မှု များကို လုပ်ဆောင်ကာ တိကျမှန်ကန်သော သတင်းအချက်အလက် Information) များကို ထုတ်ယူ၍ သုတေသနများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ၎င်းသုတေသနများအပေါ် အခြေခံ၍ မိမိတို့ကဏ္ဍအလိုက် ကောင်းမွန်မှန်ကန်သော ဖွံ့ဖြိုးမှုစီမံကိန်းများ၊ မူဝါဒများကို ချမှတ်နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု Sustainable Development) ရရှိအောင် လုပ်ဆောင်နိုင်မည် ဖြစ် သည်။
ထို့ပြင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကဏ္ဍအသီးသီးတွင် တိကျမှန်ကန်ပြီး ကောင်းမွန်သည့် ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မူဝါဒများကို ချမှတ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏စီးပွား ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းSustainable Development Strategic Plan) ကို တိကျမှန်ကန်စွာ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။
ကိုးကား
၁။ လယ်ယာ၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုဘောဂဗေဒ
၂။ စီးပွားရေးစီမံကိန်းနှင့် မူဝါဒ ဘောဂဗေဒ
၃။ သတင်းအချက်အလက်နည်းပညာများ
၄။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်း မှုဆောင်းပါးများ
ဒေါက်တာထွန်းမြတ်အောင်