နှမ်း
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်ရှိ ယခုနှစ် မေလဆန်းတွင်စိုက်ပျိုး၍ ဇူလိုင်လ စတုတ္ထပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ဆားတိုင်ကန် ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်း နက်သုံးဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ အကြာတွင် ရိတ်သိမ်း ရကြောင်း၊ သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး တစ်ဧက လျှင် မျိုးသုံးပြည်ခန့် ကုန်ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူ အချင်းချင်းဆီမှ ဝယ်ယူပြီး တစ်ပြည်လျှင် ကျပ် ၁၉၀ဝ၀ ပေး ရကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ် ၅၀ဝ၀ဝ၀ ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်း အားစုစရိတ်မြင့်တက်လာ၍ ကျပ် ၆၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်းရေ ၁၃ တင်း ထွက်ရှိပြီး သြဂုတ်လ စတုတ္ထပတ်တွင် နှမ်းနက်တစ် တင်းလျှင် ကျပ် ၂၆၀ဝ၀ဝ အထိ ဈေးရရှိ၍ အကျိုးအမြတ် အနေဖြင့် ကျပ် ၂၇၈၀ဝ၀ဝ အထိ ရရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် တွင်မူ မိုးရွာသွန်းမှုများ၍ နှမ်းပင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော် လည်း အထွက်နှုန်းကောင်းသည့်အပြင် နှမ်းနက် (စမုန်နက်)မှာ ဈေးကောင်းလည်း ရရှိသောကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
မယ်ဇလီတောကျေးရွာနေ တောင်သူတစ်ဦးမှ ၎င်း အနေဖြင့် ပဲတီစိမ်းကို နှစ်ဧကခန့် စိုက်ပျိုးခဲ့ကြောင်း၊ ယခင် နှစ် မိမိစိုက်ခင်းမှထွက်ရှိသည့် ပဲတီစိမ်းစေ့များကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးပြီး ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးလေးပြည်ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က လုပ် အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် ကျပ် ခြောက်သိန်းခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မှု လုပ်အားခစရိတ် မြင့်တက်လာ၍ ကျပ် ၇ သိန်းခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခုနှစ် ဇူလိုင်လ (တတိယ ပတ်)တွင် စတင်ထွက်ရှိခဲ့ပြီး တစ်ဧကလျှင် ၁၀ တင်းမှ ၁၃ တင်းထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၁၃၅၀ဝ၀ ခန့်ရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် တစ်ဧက လျှင် ကျပ် ၆၅၀ဝ၀ဝ-၁၀၅၅၀ဝ၀ ခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ထို့ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တိုက်ရိုက်တင်ပို့ ကြကြောင်း သိရသည်။ သြဂုတ် စတုတ္ထပတ်တွင် ပဲတီစိမ်းတစ် တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ပဲတီစိမ်းသီးနှံသည် ပြည်ပဝယ်ယူရှိသည့် သီးနှံ ဖြစ်သည့်အတွက် ယခုနှစ်တွင်မူ ရာသီဥတုသမမျှတ၍ ဈေး ကောင်းရသည့်အပြင် အထွက်နှုန်းပါ ကောင်းမွန်သည့် အတွက် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်များ ရရှိခဲ့ကြောင်း သိရှိရသည်။
မြေပဲ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆူးတပ်ကျေးရွာ ၌ မိုးမြေပဲများကို မေလ ဒုတိယပတ်မှစတင်၍ စိုက်ပျိုးထား ကြောင်း သိရသည်။
ဆူးတပ်ကျေးရွာနေ မြေပဲစိုက်တောင်သူတစ်ဦးသည် မိုးမြေပဲ စိုက်ပျိုးရာတွင် မြေပဲဆန်(ဖြူ)နှင့် မြေပဲဆန်(နီ)ကို စိုက်ပျိုးကြောင်း၊ မိုးမြေပဲတစ်ဧကလျှင် မျိုးနှစ်တင်းခန့် ကုန် ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မိမိယာခင်းမှ ထွက်ရှိ သော မြေပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ် ကြောင်း၊ မြေပဲစိုက်ရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ ပထမပတ်တွင် စတင်ရိတ် သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖျန်းခ၊ ရိတ်သိမ်းခ အပါအဝင် စုစုပေါင်း ကျပ် ၉၀ဝ၀ဝ၀ - ၁၀ဝ၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မိုးမြေပဲတောင့် တင်း ၆၀ ထွက်ရှိပြီး သြဂုတ်လ စတုတ္ထပတ် တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ခန့်ရရှိ၍ အကျိုး အမြတ်အနေဖြင့် ကျပ် ၅၀ဝ၀ဝ၀-၆၀ဝ၀ဝ၀ ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့နှင့် ကျောက်ပန်းတောင်းမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရသည်။
ရဲမင်းသာ၊ နှင်းလွင်ဦး၊ သန္တာဝင်း (မကွေး)