မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ်သည် စက်ရက်ကန်း၊ လက်ရက်ကန်းများဖြင့် ကျားဝတ်၊ မဝတ် ချည် ချောနှင့် ချည်ကြမ်းဖြင့် ရက်လုပ်သည့် လုံချည်များကို မြန်မာပြည် အနှံ့ ရောင်းချလျက်ရှိသည်။ အမရပူရမြို့နယ်အတွင်းရှိ ရက်ကန်း စက်ရုံများသို့ သွားရောက်လေ့လာရာတွင် စက်ရုံများအနေဖြင့် ချည်ကုန်ကြမ်း ၂/၈၀ နှင့် ၂/၁၀ဝ ချည်များကို တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝင်ရောက်သည့် ချည်များကို ဝယ်ယူအသုံးပြုရ ခြင်း၊ ပိုးချည်အနေနှင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ပိုးချည်ကို အသုံးပြုခြင်း၊ ပြည်တွင်းချည်အသုံးပြုမှုအနေနှင့် ဝမ်းတွင်းချည် ၁/၄၀၊ ၁/၂၀ ကိုသာ အသုံးပြုမှုရှိကြောင်း သိရသည်။ လတ် တလော လုပ်ငန်းရှင်များ ဝယ်ယူအသုံးပြုသည့် ချည်ဈေးနှုန်းများ မှာ အောက်တိုဘာလ စတုတ္ထပတ်တွင် ၂/၈၀၊ ၂/၁၀ဝ ချည် ၁၀ ပေါင် တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၀ဝ မှ ၁၆၀ဝ၀ဝ ရှိပြီး ပိုးချည် အနေနှင့် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ၀ မှ ၅၅၀ဝ၀ဝ ရှိကြောင်း သိရသည်။
ရက်ကန်းစက်ရုံများမှ တစ်ရုံလျှင် ချည်ထည်ထုတ်လုပ်မှု အနေဖြင့် ယခင်က လုပ်သားဦးရေ ၁၀ဝ ဝန်းကျင်နှင့် တစ်ရက် လျှင် အထည် ၁၀ဝ၀ ကျော်ထုတ်လုပ်နိုင်ပြီး ယခုအခါ ဝယ်လိုအား နည်းလာသည့်အတွက် ထုတ်လုပ်မှုအနေနှင့် လုပ်သားဦးရေ ၃၀ ဝန်းကျင်နှင့် တစ်ရက်လျှင် အထည် ၁၅၀ မှ ၂၀ဝ ဝန်းကျင်အတွင်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ပိုးထည်အနေနှင့် ပွဲထိုင်များမှ အော်ဒါအပ်သည့်အခါ လက်ခံဆောင်ရွက်ခြင်း၊ ပိုးထည်နှင့် ချည် ထည်များကို ဒေသတွင်း ဈေးကွက်နှင့် ဌာနဆိုင်ရာနှင့် ကုမ္ပဏီ များမှ ယူနီဖောင်းများအတွက်ထုတ်လုပ်ပြီး ပိုးပဝါများကို နိုင်ငံ ခြားခရီးသွား ဝင်ရောက်မှုများသည်။ အင်းလေးဒေသနှင့် ပုဂံ ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ အိန္ဒိယ မှတင်သွင်းသည့် ချည်ကုန်ကြမ်းများဖြစ်သော ၂/၈၀၊ ၂/၁၀ဝ ချည်ဈေးနှုန်းများအနေဖြင့် အောက်တိုဘာလ စတုတ္ထပတ်တွင် ၂/၈၀ ချည်ရိုးရိုး ၁၀ ပေါင် တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ မာစ ရိုက်၂/၈၀ ချည် ၁၀ ပေါင် တစ်ထုပ်လျှင် ကျပ် ၂၀ဝ၀ဝ၀ နှင့် ဝယ်ယူအသုံးပြုလျက်ရှိကြသည်။
ယခုလက်ရှိအချိန်တွင် ပြည်တွင်းရက်ကန်းလုပ်ငန်းများ အနေနှင့် လျှပ်စစ်မီးအခြေအနေ၊ ကုန်ကြမ်းဝင်ရောက်မှု အခြေ အနေ၊ ပြည်တွင်း လုပ်သားအင်အားရှားပါးမှု၊ ချည်နှင့် ဆိုးဆေး များ ဈေးနှုန်းပြောင်းလဲမှု၊ သယ်ယူပို့ဆောင်မှုစရိတ်များ ပြောင်း လဲမှုနှင့် ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ထုတ်လုပ်မှုအင်အား လည်း အနည်းငယ် ကျဆင်းလျက်ရှိသည်။
ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများအား လေ့လာရာ တွင် စက်ရုံများအနေဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ချည်များ ထုတ်လုပ်လျက် ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးလျက်ရှိသည်။ ချည်ထုတ်လုပ်မှုအနေနှင့် ၁/၄၀ ချည် နှင့် ၁/၈၀ ချည်များ ထုတ် လုပ်လျက်ရှိပြီး ဝမ်းတွင်းမြို့နှင့် အမရပူရမြို့ရှိ စက်ရက်ကန်းများမှ ဝယ်ယူအသုံးပြုကြောင်း သိရှိရသည်။
အမရပူရမြို့ရှိ စက်ရက်ကန်းများမှ ထုတ်လုပ်သည့် ချည် ထည် ဈေးနှုန်းဈေးကွက်အနေနှင့် ကျားဝတ် ချည်ချောလုံချည် တစ်ကွင်းလျှင် ကျပ် ၁၂၀ဝ၀ ကျပ်မှ ၁၅၀ဝ၀၊ ပိုးပုဆိုး တစ်ထည် လျှင် ကျပ် ၂၂၀ဝ၀ မှ ၅၅၀ဝ၀၊ မာစရိုက်နှင့် ချည်အကွက်စုံ ပုံမှန် ၁ ကွင်းလျှင် ကျပ် ၈၀ဝ၀ မှ ဆိုက်လွန် ၉၅၀ဝ၊ ချည်ရိုးရိုး တစ် ကွင်း ကျပ် ၅၅၀ဝ မှ ၆၀ဝ၀၊ အမျိုးသမီးဝတ် ချည်ချိတ် အဆင်စုံ တစ်ကွင်းလျှင် ကျပ် ၇၀ဝ၀ မှ ၇၅၀ဝ၊ ချည်ချောချိတ် အဆင်စုံ ကျပ် ၁၅၀ဝ၀ မှ ၁၆၀ဝ၀၊ ဒူးနားအဆင်စုံ ကျပ် ၁၃၀ဝ၀ မှ ၁၃၅၀ဝ ရှိကြောင်းသိရသည်။ ပိုးစစ်လွန်းရာကျော်နှင့် ပွဲထိုင်ချိတ်အမျိုး မျိုးကို ဒီဇိုင်းပြ၍ ကြိုတင်မှာယူပါက လက်ခံဆောင်ရွက်ပေးလျက် ရှိပြီး အမြို့မြို့အနယ်နယ်မှ မှာယူမှုများကို အကွင်း ၅၀၊ အကွင်း ၁၀ဝ ဈေးနှုန်းများနှင့် မှာယူသူများထံ အရောက်ပို့စနစ်ဖြင့် ဖြန့် ဖြူးခြင်း၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများမှ ကျားဝတ်၊ မဝတ် တူညီဝတ်စုံ ယူနီဖောင်းများကိုလည်း စိတ်တိုင်းကျအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ပြည်တွင်းMSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များ နည်းပညာနှင့် အရင်းအနှီး များ ပံ့ပိုးကူညီဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း များ ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
MDY DOCA
