နေကြာပင်သည် တစ်နှစ်ခံ အပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးရန်လိုအပ်သည်။ အချို့နေကြာပင်များသည် အမြင့်ပေအားဖြင့် ၁၀ ပေ ခန့်ထိမြင့်ပြီး နေကြာပန်းတစ်ပွင့် လျှင် နေကြာစေ့ ၁၀ဝ၀ ခန့် ပါလေ့ရှိသည်။
နေကြာပန်း၏ ပန်းဝတ်မှုန်နှင့် ပန်းဝတ်ရည်များကို ပျားများ အထူးနှစ်သက်ကြသဖြင့် နေကြာခင်းများအကြားတွင် ပျားမွေးမြူရေးသေတ္တာများကို ချထားခြင်းအားဖြင့် ပျားရည် နှင့် ပျားဝတ်မှုန် အများအပြားကိုရရှိနိုင်သည်။ နေကြာစိုက် ပျိုးခြင်းကို ပျားမွေးမြူရေးနှင့် တွဲဖက်လုပ်ကိုင်ပါက ဝတ် မှုန်ကူးခြင်းအောင်မြင်ကာ နေကြာပန်းများ ပိုမိုဖွံ့ထွား၍ အထွက်နှုန်း ပိုမိုကောင်းမွန်စေသည်။
နေကြာပင်ပေါက်ရောက်ရာ ဒေသများ
မြန်မာနိုင်ငံ၌ နှမ်း၊ မြေပဲနှင့် နေကြာတို့သည် အဓိက ဆီထွက် သီးနှံများဖြစ်ရာ နေကြာသည် နိုင်ငံတစ်ဝန်းလုံး နေရာမရွေး စိုက်ပျိုးအောင်မြင်နိုင်သည့်သီးနှံဖြစ်သည်။ ပြည် တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နေကြာသီးနှံကို သီးထပ်၊ သီးညှပ် စိုက်ပျိုးထုတ်လုပ်ကြရန် လိုအပ်လျက်ရှိသည်။ ကမ္ဘာ ပေါ်တွင် နေကြာပင် စိုက်ပျိုးမှုအများဆုံး နိုင်ငံများမှာ ယူကရိန်းနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အများ အားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံး စိုက်ပျိုး လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးခရိုင်၊ မင်းဘူး (စကု)၊ စလင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ရေနံချောင်း၊ ဂန့်ဂေါ ၊ ပခုက္ကူ တို့တွင် အများဆုံး စိုက်ပျိုးကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် နေကြာစိုက်ဧက ၂၃၀၈၃၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အထွက် နှုန်းအားဖြင့် တစ်ဧကလျှင် ၁၉ ဒသမ ၃၁ တင်းနှုန်းထွက်ရှိပြီး စုစုပေါင်း ၄၄၄၇၉၀၂ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းအပြင် မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်း၍ အခြားသီးနှံများထက် အရင်းအနှီးစရိတ် သက်သာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု လွယ်ကူခြင်း၊ သီးထပ် သီးနှံကြား သီးနှံများအဖြစ် စိုက်ပျိုးနိုင်ခြင်း၊ စပါးရိတ်သိမ်း ပြီးချိန်၊ မိုးသီးနှံ ရိတ်သိမ်းပြီးချိန်များတွင် စိုက်ပျိုးနိုင်ခြင်း စသည့် အားသာချက်များရှိခြင်း၊ စိုက်ပျိုးပြီးရက်ပေါင်း ၈၀ မှ ၈၅ ရက်အတွင်း ဈေးကွက်ဝင်ငွေပေါ်နိုင်သဖြင့် တောင်သူ များအတွက် အလွန်အကျိုးရှိသည်။
နေကြာမှ ထုတ်ကုန်များ
နေကြာမှ နေကြာဆီကို ထုတ်လုပ်နိုင်ပြီး ဘူးသွတ်၍ အဆင့်မြင့်နေကြာဆီအဖြစ်လည်းကောင်း၊ နေကြာစေ့ကို လှော်၍ နေကြာစေ့လှော်ထုတ်ကုန်အဖြစ် လည်းကောင်း ထုတ်လုပ်၍ အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်၌ တွင် ကျယ်စွာ ရောင်းချလျက်ရှိသည်။ ထို့အပြင် ဆီကြိတ်၍ ကျန် ရှိသည့် နေကြာစေ့ကြိတ်ဖတ်များကို တိရစ္ဆာန်အဖြစ်လည်း ကောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေးသုံး မြေသြဇာအဖြစ်လည်း ကောင်း၊ ဇီဝလောင်စာများအဖြစ် အသုံးပြုနိုင်သည်။
နေကြာဆီထုတ်လုပ်ခြင်း
အရည်အသွေးမြင့်မားသည့် နေကြာဆီရရှိစေရန် အရည်အသွေးမြင့်သော နေကြာစေ့များကို ကြိတ်ချေရမည်။ နေကြာဆီ ထုတ်လုပ်ပုံအဆင့်ဆင့်မှာ အရောင်ချွတ်ခြင်းမှ စတင်ပြီး အနံ့ဆိုးသန့်စင်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ရှိ သည်။ ရွေးချယ်ထားသော အစေ့များကို ဆေးကြောပြီး အခြောက်ခံကာ အခွံများကို ဖယ်ရှားရမည်။ နေကြာစေ့မှာ ပထမအဆင့်အနေဖြင့် အပူနှင့် ဓာတ်ပြုစေတတ်သည့် အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရာများကိုဖယ်ရှားခြင်း၊ ဒုတိယအဆင့်အနေဖြင့် အနည်ထိုင်စေသည့်နည်းလမ်းကိုသုံးပြီးဖယ်ထုတ်ခြင်း၊ တတိယအဆင့်အနေဖြင့်ဆီမှ မကောင်း သည့် အနံ့အသက်များကို သန့်စင်ခြင်း၊ စတုတ္ထအဆင့်အနေ ဖြင့် အအေးခံခြင်းစနစ်ဖြင့် ကျန်ရှိနေသည့် နေကြာကြိတ်ဖတ် များကို အေးခဲစေခြင်းဖြင့် ဖယ်ထုတ်ခြင်း၊ နောက်ဆုံးအနေဖြင့် အပူချိန် ၅ ိနါမနန ဃနျူငကျ အောက်ရောက်သည့်အခါ အရောင်ကြည်လင်မှုမရှိဘဲ နောက်လာပါက ဆီထဲတွင် ဖယ် ရှားရန်လိုအပ်နေသည့်အတွက် နောက်ဆုံး အဆင့်အနေဖြင့် စစ်ထုတ်ခြင်းများ ဆောင်ရွက်ရသည်။ အသုံးပြုသည့် ကုန် ကြမ်း၊ လုပ်သားကျွမ်းကျင်မှုနှင့် အသုံးပြုသည့် စက်၏ အရည် အသွေးပေါ် မူတည်၍ နေကြာဆီ၏ အရည်အသွေးသည် ကွားခြားမှုများ ရှိနိုင်သည်။
ကျန်းမာရေးအတွက် အသုံးဝင်ပုံ
နေကြာဆီသည် ကျန်းမာရေးအတွက် အထူးသင့်တော် သည့် စားသုံးဆီတစ်မျိုးဖြစ်သည်။ နေကြာဆီတွင် ဗီတာမင် အီးနှင့် ဗီတာမင်ကေတို့ ြွကယ်ဝစွာပါဝင်သောကြောင့် နှလုံး အားကောင်းခြင်း၊ အရေပြားစနစ် အားကောင်းခြင်း၊ အသား အရည် လှပစေခြင်း၊ ဆံကေသာ ကောင်းမွန်စေခြင်း၊ အဆစ် အမြစ်ရောင်ရမ်းခြင်းကို ကာကွယ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ကို သက်သာစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ အစာချေစနစ်ကို အားကောင်းစေခြင်း၊အရေပြား စိုပြေလှပခြင်း၊ ပါးရေတွန့် ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ နေကြာဆီကို ဆံပင်တွင် လိမ်း ပေးပါက ဆံပင်နူးညံ့ပျော့ပြောင်းစေခြင်း၊ ဆံပင်ကျွတ်ခြင်း ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိစေ နိုင်သည်။
မြန်မာနိုင်ငံတွင် စားသုံးဆီကို ဆီထွက်သီးနှံအမျိုးမျိုးမှ ထုတ်ယူအသုံးပြုကြလျက်ရှိသော်လည်း အခြေခံလူတန်းစား များမှာ ဈေးနှုန်းသက်သာသည့် စားအုန်းဆီ အပါအဝင် ရောနှောဆီများကိုသာ စားသုံးနေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆိုးကျိုးများစွာရှိ သော စားအုန်းဆီ၊ ရောနှောဆီ များကို စားသုံးနေမည့်အစား ဈေးနှုန်းလည်း သင့်တင့်၍ အဟာရဓာတ်များလည်း ြွကယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သောနေကြာဆီကို ရွေးချယ်စားသုံးသင့်သည်။ ဈေး နှုန်းအနေဖြင့် နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ရှိကြောင်း သိရှိရသည်။
စန္ဒာစိုးလွင် (မကွေး)
