ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကိုSoy- bean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceaeမျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာGlycine max ဖြစ်သည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုးဖြစ်သည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးအနက် အမှတ်စဉ်(၆)တွင်ချိတ် သော သီးနှံဖြစ်ကြောင်းနှင့် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစား ပြောင်း၊ ဝဥနှင့် Plantains ခေါ် ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ဖြစ်ကြောင်း သိရသည်။
ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာ တစ်မျိုးဖြစ်သောကြောင့် ]]ရှမ်းရိုးရာ အစားအစာ(ရှမ်းပဲပုပ်)}}ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ ခေတ်မှာ ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားလူမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည့် အစားအစာဖြစ်နေသည်။ ပဲပုပ် အမျိုးမျိုးရှိသည့်အနက် ]]ရွှေဝါ}} ပဲပုပ်မျိုးသည် ပိုမွှေး ပိုဆိမ့်သော အရသာထူးသဖြင့် ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်တွင် အထူး တလည် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း လေ့လာမှတ်သားရသည်။ ပဲပုပ် ကို အချပ်လိုက် အခြောက်လှန်းထားသော ပဲပုပ်ချပ်အချိုသို့မဟုတ် ပဲပုပ်ချပ် အစပ်အဖြစ်လည်းကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ် တစ်ဖုံ ဝယ်ယူရရှိနိုင်သည်။
ပဲပုပ်နှင့် နိုင်ငံတကာစားသုံးမှု
ပဲပုပ်၏ဇာတိမှာ တရုတ်၊ မန်ချူးရီးယားနှင့် ဂျပန်တို့ဖြစ်ကြပြီး ယင်းနိုင်ငံများတွင် ရှေးခေတ်ကာလကတည်းကပင် ပဲပုပ်ကို စိုက်ပျိုးစားသုံးခဲ့ကြပြီး ယနေ့ကာလ ပဲပုပ်ဆီထုတ်လုပ်သော နိုင်ငံ အလိုက် လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရှိနေ ကြောင်း တွေ့ရသည်။ ပဲပုပ်၏ အာဟာရဓာတ် ပြွေါကယ်ဝပုံကို တစ်စထက်တစ်စသိရှိလာကြရာ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာနှင့် နီပေါ စသည့်နိုင်ငံများတွင်ပါ တွင်ကျယ် စွာ စိုက်ပျိုးလျက်ရှိနေကြသည်။
ပဲပုပ်ဆီ ကြိတ်ခွဲထုတ်လုပ်ခြင်း
ပဲပုပ်ဆီကြိတ်မှုသည် ပုံမှန်ဆီကြိတ်မှုအပြင် ဟိုက်ဒြောလစ် စနစ် ဖိနှိပ်ကာ Hydraulic Presses ပျော်ဝင်မှုကို အားပေးသော ဖျော်ရည် Solvent Extraction)) ထည့်သွင်းပြီး ဆီကြိတ်ထုတ်ယူ သော စနစ်ကို တစ်ကမ္ဘာလုံး ကျင့်သုံးလျက်ရှိသည်။ ဟက်ဆိန်း Hesane)) ဆိုသော ဓာတုဖျော်ရည်ကို အသုံးပြုလေ့ရှိသည်။ ပြီး သောအခါမှာ ဟက်ဆိန်းကို ထုတ်ဖယ်ပစ်ပြီး ပဲပုပ်ဆီကို အသုံးပြု သည်။ ပဲပုပ်ဆီကြိတ်နည်းစနစ်က နှမ်း၊ မြေပဲများကဲ့သို့ ရိုးရိုးကြိတ် လျှင် ဆီထွက်နည်းပြီး ယခုကဲ့သို့ နှစ်ဆင့်ဆီကြိတ်နည်းစနစ် Two-stage Steam-heated Evaporation Method)) က နိုင်ငံတကာတွင် လက်တွေ့ကျင့်သုံးလျက်ရှိနေသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး စားသုံးဆီ ဖူလုံနိုင်ရေးအတွက် ဆီပဲပုပ်စိုက်ပျိုးလျာထား မြေပြင်အခြေအနေ မှာ မအူပင်တွင် ဧက ၁၂၀၊ ပန်းတနော်တွင် ဧက ၁၀ဝ၊ ညောင်တုန်း တွင် ဧက ၁၂၀၊ ဓနုဖြူတွင် ဧက ၁၅၀ စိုက်ပျိုးကြောင်း မြို့နယ် စာရင်းများအရ သိရသည်။
ပဲပုပ်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုအနေဖြင့် ဒေသရာသီ ဥတုနှင့် ကိုက်ညီဖြစ်ထွန်းမည့် ရောဂါပိုးဒဏ် ခံနိုင်ရည်ရှိသည့် မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရန် မြေနေရာနှင့် မြေအမျိုးအစားမရွေး ဖြစ်ထွန်းသည်။ မြေအချဉ်အငံဓာတ် (၇) ပတ်ဝန်းကျင်ရှိသော မြေမျိုးတွင် ပိုမိုဖြစ်ထွန်းသည်။
ရိတ်သိမ်းချိန်
အသီးများရိတ်သိမ်းမည်ဆိုပါက သီးတောင့် ၉၅ ရာခိုင်နှုန်း အညိုရောင်(သို့) မီးခိုးရောင်ပြောင်းလာချိန်၊ အရွက်များြွေက ကျချိန်၊ သီးတောင့်ကို လက်ဖြင့် စမ်းကြည့်ပါက မာချိန် (သို့) သီး တောင့်တွင်းရှိ အစေ့များ လှုပ်ခါချိန် ရိတ်သိမ်းသင့်သည်။ ပဲပုပ်ကို ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တွင် စိုက်ပျိုး သော်လည်း ဆီကြိတ်ခွဲထုတ်လုပ်ရန် စိုက်ပျိုးခြင်းမရှိဘဲ ရန်ကုန်သို့ တင်ပို့ရောင်းချခြင်းများသာရှိသည့်အတွက် ပဲပုပ်ဆီကြိတ်ခွဲထုတ် လုပ်ခြင်းများကို နည်းပညာနှင့် စက်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ရှိပါက ဒေသတွင်း စားသုံးဆီဖူလုံနိုင်ရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်နိုင်သည်။ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် မြေပဲ၊ နေကြာဆီများကိုသာ ကြိတ်ခွဲလျက်ရှိပြီး မြေပဲကုန်ကြမ်းများ ကိုလည်း အခြားဒေသမှ မှာယူ၍ ကြိတ်ခွဲလျက်ရှိသည်ဟု သိရ သည်။ ဆီကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူး ရောင်းချမည်ဆိုပါက ထုတ် လုပ်သူ လုပ်ငန်းရှင်၏ ဆီအားကောင်းမွန်သော ထုတ်လုပ်မှုကျင့် စဉ် အသင်းအချက်အလက် အပြည့်အစုံကို စားသုံးသူ သိရှိနိုင်ရန် ဖော်ပြရမည့် အချက်များ ပါဝင်သင့်သည်။ စားသုံးသူရေးရာဦးစီး ဌာန၏ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) ဟင်းသီးဟင်းရွက် (Vegetable Oil, Cooking Oil)) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ကုန်အညွှန်းအမှတ် (၂/၂၀၁၉) ကို ဒီဇင်ဘာလ ၃ရက်နေ့က မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ခဲ့ပြီး ရောင်းချမည့် ကုန်စည်များ မြန်မာဘာသာနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ကုန်စည်အုပ်စု ရှစ်မျိုး အပါ အဝင် ထုတ်ပြန်ထားသည်။ ၎င်းတို့ထဲတွင် ဆီနှင့် ပတ်သက်၍ ကုန် အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ဖော်ပြချက်များ တွင် အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေ ဖော်ပြရမည်ဖြစ် သည်။
ဟင်းသီးဟင်းရွက်ဆီ ညွှန်ကြားချက်အနေဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီဟူသည့် ဖော်ပြ ချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်း ချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျ ဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ရမည်။ စားသုံးသူများ ထင် ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်း သီးဟင်းရွက်ဆီများတွင် ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်သင့်သည်။ ထင်ယောင်ထင်မှား ဖြစ်ခြင်းဆိုသည်မှာ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁) ပုဒ်မ (၂) (ဇ) တွင် ထင်ယောင် ထင်မှားဖြစ်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သဘာဝအရည်အသွေးကို ဖြစ်စေ၊ ထုတ်လုပ်မှု ဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဝိသေသ လက္ခဏာကို ဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကို ဖြစ်စေ၊ ရည်ရွယ်ချက်ကို ဖြစ်စေ၊ အရေအတွက်ကိုဖြစ်စေ စားသုံးသူကို လွဲ မှားယူဆမှုဖြစ်စေသော ပြုလုပ်မှုကို ဆိုလိုကြောင်း ဖော်ပြထား သည်။ ထုတ်လုပ်သူလုပ်ငန်းရှင်မှ စားသုံးသူများအတွက် မှန်ကန် တိကျရှင်းလင်းသော အရည်အသွေးမှန်ကန်သည့် ကုန်စည်ကို လွဲမှားစွာဖော်ပြ၍ဖြစ်စေ၊ ပြုပြင်ပြောင်းလဲ၍ဖြစ်စေ စားသုံးသူ အပေါ် နစ်နာစေရန် မိမိကိုယ်ကျိုးစီးပွားအတွက် ရှေးရှု၍ မပြုလုပ် ဘဲ စားသုံးသူ ဘေးကင်းစွာ ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ရန် ပဲပုပ် ဆီကို ထင်ယောင်ထင်မှားဖြစ်အောင် ဖော်ပြခြင်းများကို ရှောင် ကြဉ်နိုင်ရန် ကုန်ကြမ်းမှန်ကန်သော အသိအမြင်ပေးနိုင်ရန် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း တင်ပြရေးသားလိုက်ပါ သည်။
သဇင် (မအူပင်)
