မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ရှေး ယခင်ကပင် လယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆည်၊မြောင်း၊ ကန်၊ချောင်းများတည်ရှိသောကြောင့် စိုက်ပျိုး ရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ ခရိုင် အတွင်း အဓိကစိုက်ပျိုးသော သီးနှံများမှာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ ကြက်သွန်၊ဝါ၊နနွင်း စသည့်သီးနှံများဖြစ်သည်။
၎င်းသီးနှံများအနက် ကျောက်ဆည်ခရိုင်မှ ထွက်ရှိ သော ကြက်သွန်၊ ဝါနှင့်ငရုတ်သီးနှံများမှာ ဈေးကွက် အတွင်း ဝယ်လိုအားကောင်းသော သီးနှံများအဖြစ် ထင်ရှားသည်။ စိုက်ပျိုးထွက်ရှိလာသော သီးနှံများအား ယခင်က မိရိုးဖလာ နေရောင်ခြည်ကို အသုံးပြုပြီး နေလှန်းအခြောက်ခံကာ မန္တလေးမြို့နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ သီးနှံပွဲရုံများသို့ ရောင်းချကြသည်။ သီးနှံများအား နေရောင်ခြည်ကို အသုံးပြု ပြီး နေလှန်းအခြောက်ခံရာတွင် ခုနစ်ရက်ခန့် ကြာမြင့်ပြီး အများစုမှာ ပြည်သူများသွားလာရာ ကတ္တရာလမ်းမပေါ်နှင့် ကွင်းပြင် ကျယ်များတွင် နေလှန်းရသဖြင့် ထွက်ရှိလာသော သီးနှံမှာအရောင် မညီခြင်း၊ အစိုဓာတ်မညီခြင်း၊ သန့်ရှင်းမှု အားနည်းခြင်း၊ အစိုဓာတ်ကြောင့် အယ်လဖာတော့ပ်ဆင် မှို ဆိပ်ဖြစ်ပေါ်နိုင်ခြင်း စသည့် အားနည်းချက်များကြောင့် တောင်သူများမှာ ဈေးကောင်းမရရှိခြင်းနှင့် စားသုံးသူပြည်သူ များမှာ လည်းဘေးကင်းလုံခြုံမှု မရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိ သည်။
ယခုအချိန်တွင် ခေတ်စနစ်များ တိုးတက်လာသော ကြောင့် ဒေသတွင်းလုပ်ငန်းရှင်များမှာ ယခင်သီးနှံများအား သဘာဝအတိုင်း နေလှန်းအခြောက်ခံရာမှ ယခုအချိန်တွင်Solar Dryer Dome တို့ဖြင့် သီးနှံများကို နေလှန်းအခြောက်ခံ ခြင်းလုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ထိုင်းနိုင်ငံမှ ထုတ် လုပ်သည့်Solar Dryer Dome အား မြစ်သားမြို့နယ် ကူမဲမြို့ ရှိ စက်ရုံမှSolar Dryer Dome ငရုတ်၊ ကြက်သွန်(အဖြူ/နီ) သီးနှံများကို အခြောက်ခံကာ အမှုန့်များပြုလုပ်ပြီး ဈေးကွက် အတွင်းသို့ ဖြန့်ချိရောင်းချလျက်ရှိသည်။ ၎င်းကိရိယာ၌ မီးဖို ချောင်သုံးသီးနှံမျိုးစုံအား အခြောက်ခံနိုင်ကြောင်းSolar Dryer Dome ၏ နည်းပညာပိုင်းအနေဖြင့်Solar Dryer Dome အား သုံးစွဲထားကြောင်း၊ ှသူSolar Dryer Domeအမိုးပြား Solar Dryer Domeသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန် ရောင်ခြည်နှင့် အနီအောက်ရောင်ခြည်တို့ကို ကာကွယ်ပေး ထားသဖြင့် သီးနှံများ၏ မူလအရောင်အသွေး ပျက်စီးမှုမရှိဘဲ နေရောင်ခြည်၏ အပူချိန်အား ငါးဆမြင့်တက်စေကြောင်း၊ လုပ်သားများ ဝင်ရောက်လုပ်ကိုင်ရာတွင် အန္တရာယ်မရှိနိုင် ကြောင်း၊ ငရုတ်သီး၊ အသားခြောက်၊ လက်ဖက်၊ ချဉ်ပေါင်၊ နနွင်း စသည့် အခြားစားသောက်ကုန်ပစ္စည်းများကို သန့်ရှင်း စွာခြောက်သွေ့စေသည့် စနစ်တစ်ရပ်ဖြစ်ကြောင်း၊ ထုတ်ကုန် များကို လေဆိုး၊ ဖုန်မှုန့်၊ ပိုးမွှားများကပ်ငြိခြင်းမရှိဘဲ သန့်ရှင်း စွာခြောက်သွေ့စေနိုင်ကြောင်း၊ ှSolar Dryer Domeတစ်ခု လျှင် အလျား ပေ ၆၀၊အနံ ပေ ၄၀ ရှိပြီး ငရုတ်သီးနှံများ လှန်း ပါက ပိဿာ ၄၀ဝ၀ ခန့်နှင့် ကြက်သွန်(အဖြူ/နီ)ဆိုပါက ပိဿာ ၁၂၀ဝ ခန့်ဆံ့ကြောင်း၊ နေလှန်းအခြောက်ခံပါက သုံးရက်ခန့်သာကြာသည့်အတွက် သီးနှံများအား အချိန်တို အတွင်း ခြောက်သွေ့ စေကြောင်း၊ ထိုသို့ခြောက်သွေ့ရာတွင် နေရောင်ခြည်တိုက်ရိုက်မထိသဖြင့် သီးနှံများ အရောင်မပျက်၊ အနံ့အရသာပြောင်းလဲခြင်းမရှိဘဲ အရည်အသွေးမြင့် ထုတ် ကုန်ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်းသိရသည်။
Solar Dryer Dome သုံး စက်ရုံတွင် ငရုတ်၊ ကြက်သွန် သီးနှံများအား အဆိုပါ အခြောက်ခံကိရိယာဖြင့် အမှုန့်များပြု လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိရာ အမှုန့်ကြိတ်စက် လေးလုံးမှ တစ်ရက်လျှင် ငရုတ်သီးအခြောက် ပိဿာ၂၀ဝ၀ ခန့် အမှုန့်ကြိတ်ပြီး ပြည်တွင်းဈေးကွက်သာမကဘဲ ပြည်ပ နိုင်ငံသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခု အချိန်တွင် ဒေသတွင်းမှ ငရုတ်သီးများ စတင်ထွက်ပေါ်လျက် ရှိသည်။ ကျောက်ဆည်ခရိုင်အတွင်းသာမက ဧရာဝတီတိုင်း ဒေသကြီး၊ အောင်ပန်း၊ ပခုက္ကူ၊ ပျော်ဘွယ်၊ မိတ္ထီလာဒေသ တောင်သူများမှာ ယခင်က သီးနှံများအား နေရောင်ခြည်ဖြင့် အခြောက်ခံပြီး ဈေးကွက်ရှိရာသို့ သွားရောက်ရောင်းချသဖြင့် အချိန်ကုန်ပြီး ကုန်ကျစရိတ်များကြောင်း၊ ယခုအခါတွင် စိုက် ခင်းထဲမှထွက်ရှိသော သီးနှံများအား နေလှန်းအခြောက်ခံခြင်း မရှိဘဲ သီးနှံအစိုအား တိုက်ရိုက်ရောင်းချသောကြောင့် ကုန် ကျစရိတ်နည်းပြီး တောင်သူများအတွက် တွက်ခြေကိုက် ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အတွင်း အဆိုပါ Solar Dryer Domeကို လုပ်ငန်းရှင်များမှ တပ်ဆင်အသုံးပြုလျက်ရှိသည်။ စိုက်ပျိုးရေးထွက်ကုန် အသီးအနှံများအပြင် အစာအာဟာရ ထုတ်ကုန်များ၊ ငါးခြောက်၊ အသားခြောက် စသည်များကို Solar Dryer Domeဖြင့် အသုံးပြု အခြောက်ခံနိုင်ပြီး သန့်ရှင်း သော၊ မှိုဆိပ်ကင်းသော၊ အစိုဓာတ်ပါဝင်မှုနည်းသော ကုန် ပစ္စည်းများကိုရရှိပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် စေရုံသာမက ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့် ရှင်းသပ်ရပ်သော သီးနှံများကို သုံးစွဲနိုင်မှာဖြစ်သည့်အတွက် သီးနှံများအား နေရောင် ခြည်စွမ်းအင်သုံးSolar Dryer Domeကိရိယာအား အသုံးပြုသင့်ကြောင်း ရေးသားလိုက်ရပါသည်။
ဇော်မင်းလတ်
