ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများ တိုးတက်လာ သည့်အတွက် ဘာသာစကား ကျွမ်းကျင်မှုသည် အရေးကြီးလျက်ရှိ သည်။ ဆက်သွယ်ရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံများအကြား ဆက်ဆံရေးသည် ပိုမိုနီးကပ်လာသည်။ ယင်း အခြေအနေတွင် ဘာသာစကား ကျွမ်းကျင်မှုသည် အရေးကြီးသော အရည်အချင်းတစ်ရပ်အဖြစ် ထင်ရှားလာသည်။ ဘာသာစကားလေ့ လာခြင်းသည် မိမိ၏ကိုယ်ရေးကိုယ်တာ ဖွံ့ဖြိုးတိုးတက်မှုသာမက လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင်လည်း အကျိုးကျေးဇူးများစွာ ရရှိစေသည်။
လူမှုရေးကဏ္ဍတွင် ဘာသာစကားလေ့လာခြင်းသည် ယဉ် ကျေးမှုအမျိုးမျိုးကို နားလည်နိုင်စေသည်။ ဘာသာစကားတစ်မျိုးစီ တွင် ယင်းတို့၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများ ပါဝင်နေ သည်။ ထို့ကြောင့် နိုင်ငံခြားဘာသာစကားကို လေ့လာခြင်းအားဖြင့် မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများကို လေးစားနားလည် တတ်လာသည်။ ယင်းက လူမှုရေးပဋိပက္ခများ လျော့နည်းစေပြီး အပြန်အလှန် ယုံကြည်မှုကိုတိုးတက်စေသည်။ ထို့အပြင် ဘာသာစကား ကျွမ်းကျင်မှုသည် ဆက်သွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည်။ နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ မိတ်ဆွေများ၊ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပြောဆိုဆက်ဆံနိုင်ခြင်းကြောင့် လူမှုကွန်ရက်ကျယ်ပြန့် လာသည်။ ပညာရေး၊ သုတေသနနှင့် ယဉ်ကျေးမှု ဖလှယ်မှု အစီ အစဉ်များတွင်လည်း ပါဝင်ခွင့်ရနိုင်သည်။ ဘာသာစကား တတ် ကျွမ်းမှုရှိပါက မတူညီသည့် ယဉ်ကျေးမှုများကို နားလည်လွယ်အောင် ကူညီပေးပြီး လူမှုဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေသည်။ထို့ကြောင့် လူမှုရေးအရ ယုံကြည်စိတ်ချရသော အခန်းကဏ္ဍတစ်ရပ်ကို ရရှိစေ နိုင်သည်။
ကုန်သွယ်ရေးကဏ္ဍတွင် ဘာသာစကား ကျွမ်းကျင်မှုရှိပါက နိုင်ငံတကာကုန်သွယ်မှုတွင် ဖောက်သည်များနှင့် လုပ်ဖော်ကိုင် ဖက်များကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းသည် ယုံကြည်မှု တည် ဆောက်ရာတွင် အထူးအရေးပါသည်။ ဘာသာစကားတတ်ကျွမ်းမှု ရှိပါက စာချုပ်များ၊ စည်းကမ်းချက်များနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို တိကျမှန်ကန်စွာ နားလည် နိုင်ပြီး အမှား အယွင်းများ လျော့နည်းစေသည်။ ထို့အပြင် နိုင်ငံခြားဈေးကွက် အခြေအနေများကို လေ့လာသုံးသပ်ရာတွင်လည်း ပိုမိုထိရောက်စေ ပြီး လုပ်ငန်းချဲ့ထွင်နိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင် သည်။ ထို့ကြောင့် ဘာသာစကားလေ့လာခြင်းသည် ကုန်သွယ်ရေး အောင်မြင်မှုအတွက် မဖြစ်မနေလိုအပ်သော အရည်အချင်းတစ်ခု ပင်ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုတွင် ဘာသာစကားကျွမ်းကျင် သူများသည် စာချုပ်များ၊ စည်းမျဉ်းများကို တိကျမှန်ကန်စွာ နား လည်နိုင်ပြီး အမှားအယွင်းများ လျော့နည်းစေနိုင်သည်။
စီးပွားရေးကဏ္ဍတွင် ဘာသာစကား ကျွမ်းကျင်မှုသည် အလုပ် အကိုင်အခွင့်အလမ်းများကို တိုးချဲ့ပေးနိုင်သည်။ နိုင်ငံတကာကုမ္ပဏီ များ၊ ခရီးသွားလုပ်ငန်းများ၊ သံရုံးများနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် ဘာသာစကားတတ်ကျွမ်းသူများကို အထူးလိုအပ် သည်။ ယင်းအရည်အချင်းရှိသူများသည် အခြားသူများထက် အလုပ် ရရှိနိုင်ခြေမြင့်မားပြီး လစာအကျိုးခံစားခွင့်များလည်း တိုးတက်နိုင် သည်။ ဘာသာစကားကျွမ်းကျင်သူသည် နိုင်ငံတကာ ဈေးကွက်တွင် အခြေခံအင်အားတစ်ရပ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ဘာသာစကားသည် အရေးကြီးသော ကိရိယာတစ်ခုဖြစ်သည်။ နိုင်ငံခြားဖောက်သည်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ခြင်းကြောင့် ယုံကြည်မှုတိုးတက်လာပြီး လုပ်ငန်းချဲ့ ထွင်နိုင်သည်။ ထို့ကြောင့် ဘာသာစကားလေ့လာခြင်းသည် ကိုယ် ပိုင်ဝင်ငွေ တိုးတက်စေရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အကူပြုသည်။
နိဂုံးချုပ်အားဖြင့် ဘာသာစကားလေ့လာခြင်းသည် လူမှုရေး နှင့် စီးပွားရေးကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည့် အရေးပါသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်။ ယနေ့ခေတ် ပြိုင်ဆိုင်မှုများပြားသော လူ့ဘောင်တွင် ဘာသာစကားကျွမ်းကျင်မှု သည် မိမိ၏ အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးသည့် အား သာချက်တစ်ခုဖြစ်သည်။
ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့၏ အရည်အချင်း တိုး တက်စေရန် ဘာသာ စကားများကို တက်ကြွစွာ လေ့လာသင့်ပါသည်။ ဘာသာစကားလေ့လာခြင်းက လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် အရေးကြီးလျက်ရှိပြီး ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် အောင် မြင်မှုကို ဖန်တီးပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
ငြိမ်းဝေနှင်း
